Huawei က သူတို့ရဲ့ ကိုယ်ပိုင် OS ဖြစ်တဲ့ Harmony OS ကို မိတ်ဆက်

ဩဂုတ်လ ၉ရက်နေ့က Huawei မှ သူတို့ရဲ့ ကိုယ်ပိုင် OS ဖြစ်တဲ့ Harmony OS မိတ်ဆက်ပွဲကို ကျင်းပပြုလုပ် ခဲ့ပါတယ်။ Harmony OS ဖြင့်စတင်ထွက်ရှိလာမယ့် Device ကတော့ Honor Smart TV ပဲဖြစ်ပါတယ်။ Huawei ရဲ့ Harmony OS ဟာ ယခုထွက်ရှိထားတဲ့ Android OS၊ IOS တို့နှင့် လုံး၀မတူပဲ သီးခြား OS တစ်ခုအဖြစ် ထွက်ပေါ်လာတာဖြစ်ပါတယ်။

Harmony OS ရဲ့ အဓိက အားသာချက်ကတော့ Open Source ဖြစ်ခြင်းကြောင့် မည်သည့် ဖုန်း၊ Computer၊ TV၊ Sound Box အစရှိတဲ့ ဘယ်လို Devices မျိုးတွင်မဆို Harmony OS ကို အသုံးပြုလို့ရမှာဖြစ်ပါတယ်။ ထို့ကြောင့် Software ကို ရေးဆွဲတဲ့ Developer များအတွက် လွယ်ကူပြီးအလွန်ကို အဆင်ပြေစေမှာဖြစ်ပါတယ်။ ထို့အပြင် Harmony OS ဟာ Android OS ထက် ၄၀ရာနှုန်းမှ ၆၀ရာနှုန်းအထိ ပိုမိုမြန်ဆန်ပြီး ကောင်းမွန်နေမှာ ဖြစ်ပါ တယ်။

Huawei ရဲ့ consumer business group မှ CEO ဖြစ်သူ Richard Yu ၏ ပြောပြချက်အရ ယခုလက်ရှိမှာတော့ Harmony OS ဟာ ဖုန်းများမှာ အသုံးပြုဖို့ရန်အတွက် အဆင်သင့်မဖြစ်သေးတဲ့အတွက် လက်တလော Huawei ရဲ့ ဖုန်းတွေမှာ Android OS ကိုသာ အသုံးပြုရအုံးမှာဖြစ်ကြောင်းနှင့် မကြာမီမှာတော့ ဖုန်းများမှာပါအသုံးပြုလို့ရမှာ ဖြစ်ကြောင်း သိရှိရပါတယ်။

Software များကို ရေးဆွဲတဲ့ Developer များအနေဖြင့် Software တစ်ခုကို တစ်ကြိမ်သာရေးဆွဲပြီး Device မျိုးစုံ မှာ အသုံးပြုလို့ရမှာဖြစ်တဲ့အတွက် Developer များအတွက် အဆင်ပြေလွယ်ကူစေမှာဖြစ်လို့ Harmony OS ဖြင့် Software များကို ရေးဆွဲဖို့ရန်အတွက် Huawei မှ တောင်းဆိုခဲ့ပါတယ်။ ထို့အပြင် တရုတ်နဲ့ အမေရိကန်တို့ရဲ့ စီးပွား ရေးစစ်ပွဲကြောင့် Huawei ရဲ့ Harmony OS စျေးကွက်ပေါ်မှာ အဆင်ပြေစွာပေါ်ပေါက်လာဖို့အတွက် အခက် အခဲ များစွာဖြင့် ရင်ဆိုင်ရအုံးမှာဖြစ်ကြောင်းလဲ Huawei ကပြောကြားသွားခဲ့ပါတယ်။

Source : The Verge News

Leave a comment

Your email address will not be published. Required fields are marked *