Huawei ရဲ့ နေဝင်ချိန်ရောက်ရှိသွားပြီလား

တစ်ကမ္ဘာလုံးမှာ လူသုံးများခဲ့တဲ့ Huawei ထုတ်ကုန်တွေကို US မှ လုံခြုံရေးဆိုင်ရာ ချိုးဖောက်မှုဖြင့် အသုံးပြုခွင့်လုံး၀ပိတ်လိုက်သည့်အပြင် US ထုတ်ကုန်တွေကိုလည်း Huawei အားရောင်းချပေးမှုကိုပါ ပိတ်လိုက်ကြောင်း ထုတ်ပြန်ကြေငြာလိုက်ပြီးဖြစ်ပါတယ်။ လက်ရှိမှာ Huawei ရဲ့ ဖုန်းနှင့် Laptop တွေမှာ အသုံးပြုထားတဲ့ နည်းပညာတွေဟာ US ကုမ္ပဏီတွေမှ ဝယ်ယူအသုံးပြုထားတာဖြစ်တဲ့အတွက် ဆက်လက်အသုံးပြုခွင့်ရတော့မှာမဟုတ်ပါဘူး။

Huawei ကုမ္ပဏီကို အမေရိကန်အစိုးရမှ Blacklists လုပ်လိုက်တာ ဖြစ်တဲ့အတွက် Huawei ရဲ့ ထုတ်ကုန်မှန်သမျှကိုလည်း အမေရိကန်အတွင်းမှာ ရောင်းချခွင့်လည်း ရှိတော့မှာ မဟုတ်ပါဘူး။ ဥပဒေအရ Huawei ကို Blacklist စာရင်းထဲ ထည့်လိုက်တာ ဖြစ်တဲ့အတွက် Huawei ထုတ်ကုန်များနဲ့ ပတ်သတ်တဲ့ အမေရိကန် ကုမ္ပဏီမှန်သမျှဟာ ၎င်းတို့ရဲ့ ဝန်ဆောင်မှုတွေကိုလည်း ရပ်ဆိုင်းရမှာ ဖြစ်ပါတယ်။

လက်ရှိမှာတော့ Google အနေနဲ့ Huawei အား Android နဲ့ပတ်သတ်တဲ့ နည်းပညာအထောက်အပံ့ကို ရပ်ဆိုင်းလိုက်ပြီ ဖြစ်တာကြောင့် Huawei အနေနဲ့နောက်ထပ် Android ရဲ့ နောက်ဆုံး update တွေ၊ security patch တွေကို ရရှိတော့မှာ မဟုတ်ပါဘူး။ Google Product တွေဖြစ်တဲ့ Google Playservices, Gmail, Youtube, Chrome အပါအဝင် မည်သည့် Google Product မှန်သမျှကို Huawei device အပေါ်မှာ ရရှိနိုင်တော့မှာ မဟုတ်ပါဘူး။ ဒါပေမယ့် လက်ရှိ Google Service သုံးလို့ရနေတဲ့ ဖုန်းတွေပေါ်မှာတော့ နောက်ထပ် နည်းပညာအထာက်အပံ့ update တွေကို ရရှိတော့မှာ မဟုတ်ဘဲ လက်ရှိအခြေအနေအတိုင်း သုံးစွဲလို့ရနေအုံးမှာပါ။

Intel ၊ AMD ၊ Qualcomn နှင့် Broadcom တို့ကလည်း သူတို့ရဲ့ Chipset တွေကို Huawei အားရောင်းချမှုပိတ်လိုက်ကြောင်း ချက်ချင်းထုတ်ပြန်ခဲ့ပါတယ်။ ထို့ကြောင့် နောက်ထွက်မယ့် Huawei ရဲ့ Laptop တွေမှာ Intel ၊ Qualcomn နှင့် Broadcom တို့ရဲ့ Chipset တွေလည်း အသုံးပြုခွင့်ရတော့မှာ မဟုတ်ပါဘူး။ ယခုလို Huawei ရဲ့ ကယက်ကြောင့် နိုင်ငံတကာကလည်း Huawei ရဲ့ 5G ကွန်ယက်ကို အသုံးပြုဖို့ရန်အတွက် လက်တွန့်သွားကြပြီးဖြစ်ပါတယ်။ Huawei ကတော့ သူတို့ဟာ တရုတ်အစိုးရနဲ့ လုံး၀ပတ်သတ်မှုမရှိကြောင်း သူတို့၏စီးပွားရေးအရသာ ထိုသို့ပြုလုပ်ခဲ့တာဖြစ်ကြောင်း ရှင်းပြခဲ့ပါတယ်။

Source : BBC News

Leave a comment

Your email address will not be published. Required fields are marked *