Huawei ရဲ့ 5G ကွန်ရက်နဲ့ စာချုပ်ချုပ်လိုက်တဲ့ ရုရှား

ဇွန်လ (၆)ရက် ကြာသပတေးနေ့တွင် ရုရှားနိုင်ငံရဲ့ အကြီးဆုံး Telecom ဖြစ်တဲ့ MTS (နိုင်ငံတွင်း – MTC) ကုမ္ပဏီ ဟာ Huawei ရဲ့ 5G ကွန်ရက်ကို အသုံးပြုပြီး သူတို့ရဲ့ နည်းပညာကို အဆင့်မြှင့်တင်ရန်အတွက် စာချုပ်ချုပ်ဆိုလိုက်တာ ဖြစ်ပါတယ်။ ၎င်းသဘောတူညီမှုဟာ တရုတ်သမ္မတ Xi Jinping က ရုရှာသမ္မတ Putin နှင့် (၃)ရက်တာ တွေ့ ဆုံမှုအပြီးမှာ စတင်ခဲ့တာဖြစ်ပါတယ်။

MTS ကုမ္ပဏီရဲ့ပြောခွင့်ရသူက အခုလို Huawei ရဲ့ 5G နည်းပညာကို မြှင့်တင်နိုင်ခြင်းဟာ၂၀၁၉-၂၀၂၀ ခုနှစ်မှာ မျိုးဆက်၅ဆက်မြောက် ကွန်ရက်တွေကို ချိတ်ဆက်ပြီး စမ်းသပ်ထုတ်လွှင့်မှု စတင်ထူထောင်တာ ဖြစ်တယ်လို့ ပြောခဲ့ ပါ တယ်။ Huawei ဟာ ပြီးခဲ့တဲ့လက အမေရိကန် ဦးဆောင်တဲ့ အနောက်တိုင်းနိုင်ငံတွေရဲ့ ပိတ်ဆို့ခြင်းကို ခံခဲ့ရတဲ့ ကုမ္ပဏီ ဖြစ်ပါတယ်။ ရုရှားကအခုလို ကြိုဆိုလိုက်တဲ့အတွက် သူ့ကိုပိတ်ဆို့ခဲ့တဲ့ နိုင်ငံတွေကို သူ့ရဲ့အစွမ်းကိုထုတ်ပြဖို့ အခွင့်အရေး ရသွားခဲ့ပြီးဖြစ်ပါတယ်။ လက်ရှိမှာ Huawei ကို အနောက်နိုင်ငံများအပြင် ဩစတြေးလျ နှင့် နယူးဇီလန်နိုင်ငံများကပါ ပိတ်ဆို့ထားဆဲဖြစ်ပါတယ်။

အမေရိကန် နှင့် တရုတ်တို့အကြား စီးပွားရေးစစ်ပွဲကြားမှာ Huawei ကုမ္ပဏီဟာ မြေစာပင်ဖြစ်ခဲ့ ရပါတယ်။ အမေရိ ကန်ကပြီးခဲ့တဲ့လမှာ နိုင်ငံလုံခြုံရေးအတွက် စိတ်မချရဟုအကြောင်းပြကာ သူ့ရဲ့နိုင်ငံတွင်းကုမ္ပဏီတွေအားလုံး အစိုးရရဲ့ ခွင့်ပြုချက်မရှိပဲ Huawei ကုမ္ပဏီနဲ့ အရောင်းအဝယ်မပြုကြဖို့ ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။ ကမ္ဘာ့အကြီးမားဆုံး Telecom လို့ပြောလို့ရတဲ့ Huawei ကုမ္ပဏီဟာ ဆက်သွယ်ရေးလောကမှာတင်မဟုတ်ပဲ ဖုန်းလောကမှာလည်း ဒုတိယအကြီးဆုံး ကုမ္ပဏီတစ်ခုဖြစ်ပါတယ်။ Huawei အသုံးပြုနေတဲ့ chipset တွေရဲ့ တစ်ဝက်လောက်ဟာ အနောက် တိုင်းကုမ္ပဏီတွေမှ ဝယ်ယူနေရတာဖြစ်တဲ့အတွက် သူ့အတွက် အထိနာသွားခဲ့ရပါတယ်။အမေရိကန်နဲ့ တရုတ်တို့ရဲ့ စီး ပွားရေးစစ်ပွဲဟာ ပြီးခဲ့တဲ့ နှစ်တွေကတည်းက စတင်ခဲ့ပြီး ကြားခံစီးပွားရေးကုမ္ပဏီတွေအားလုံးက ဘီလီယံနဲ့ချီတဲ့ ဒေါ် လာငွေတွေ မဆုံးရှူံးသင့်ဘဲ ဆုံးရှုံးခဲ့ရပြီးဖြစ်ပါတယ်။

Source : BBC News

Leave a comment

Your email address will not be published. Required fields are marked *