Huawei သူဋ္ဌေး Ren Zhengfei ထံမှ သိလိုက်ရတဲ့ အရာ ၄ ခု

Huawei တည်ထောင်သူလည်းဖြစ်ပြီး ဥက္ကဋ္ဌလည်းဖြစ်တဲ့ Ren Zhengfei တစ်ယောက် ၂၀၁၈ခုနှစ်နှစ် ကုန်ခါ နီးမှာ ဖြစ်ပျက်သွားခဲ့တဲ့ အဖြစ်အပျက်တွေအပါအဝင် အမေရိကန်၊ဗြိတိန်၊ သြစတြေးလျားနဲ့ ကနေဒါနိုင်ငံတွေမှာ သူ့ ထုတ်ကုန်ကို တားမြစ်တာတွေ၊ ဆန့်ကျင်တာတွေနဲ့ပတ်သက်ပြီး ရေငုံနှုတ်ပိတ်နေခဲ့တာ အားလုံးသိကြမယ် ထင်ပါတယ်။ ဘယ်လောက်တောင် တိတ်ဆိတ်နေသလဲဆိုရင်သူ့ သမီးကို ကနေဒါမှာ ဖမ်းဆီးလိုက်တဲ့ အချိန်မှာတောင် သူ့ဆီကနေ ဘာသံမှ ထွက်မလာခဲ့ပါဘူး။ဒါပေမဲ့ ပိုလန်မှာ သူ့အမှုဆောင်တစ်ယောက်ကို သူလျှိုပတ်သက်မှုနဲ့ ဖမ်းဆီးခံရတဲ့ အချိန်မှာတော့ သူ့အသံ ထွက်လာခဲ့ပါတယ်။အင်မတန်ရှားပါးတဲ့ နိုင်ငံခြားမီဒီယာအင်တာဗျူးမှာ သူ့ကုမ္ပဏီကို ကာ ကွယ်ရင်း သမ္မတ ဒေါ်နယ်ထရန့်ကိုလည်းချီးကျူးသွားခဲ့ပါတယ်။ Huawei က ဘာသာပြန်ထားတဲ့ စာမျက်နှာ ၁၃ မျက် နှာရှိတဲ့ ဆွေးနွေးချက်က အသံတိတ်နေတဲ့ သူကြွယ်ကြီး Ren Zhengfei နဲ့ ပတ်သက်တဲ့ အချက် ၄ ချက်ကို ထုတ် ဖေါ်ပြလိုက်တာဖြစ်ပါတယ်။
(၁) သူဋ္ဌေးကြီးဟာ Apple နဲ့ Steve Jobs တို့ရဲ့ အောင်မြင်မှုကို အတုယူလုပ်ကိုင်ချင်သူဖြစ်တယ်။
Hauwei ဟာ တရုတ်အစိုးရရဲ့ သြဇာအောက်မှာလုံးလုံးလျားလျား ရှိနေတဲ့အတွက် အမေရိကန်အပါ အဝင် အနောက် နိုင်ငံတွေက Huawei နဲ့ ပတ်သက်ပြီးနှစ်ပေါင်းများစွာ စိုးရိမ်မှုတွေရှိခဲ့ကြပါတယ်။ တကယ်လို့ နိုင်ငံရပ်ခြား တိုင်းပြည်တစ်ခုနဲ့ ပတ်သက်တဲ့ သတင်းအချက်အလက်တွေကို တရုတ်အစိုးရက တောင်းဆိုလာခဲ့ရင် ကုမ္ပဏီအနေနဲ့ ဘာလုပ်မလဲလို့ မေးတဲ့အခါ Ren က Apple ရဲ့သွားရာလမ်းအတိုင်းပဲ သွားဖို့ ပြောခဲ့ပါတယ်။
ကျနော်တို့ ဖေါက်သည်တွေနဲ့ ရင်းနှီးမြှပ်နှံသူတွေနစ်နာမယ့် အလုပ်မျိုးကို မလုပ်ပါဘူး။ စားသုံးသူ တွေကိုပေးမယ့် အကာအကွယ်မူဝါဒကတော့ Apple အတိုင်းပါပဲ။ ကျနော်တို့ Apple ဆီက သင်ယူ မယ်လို့ ပြောခဲ့ပါတယ်။
၂၀၁၆ ခုနှစ်မှာ Apple ဟာ iPhone နဲ့ပတ်သက်ပြီး FBI ရဲ့ ဝင်ရောက်စွက်ဖက်မှုတွေကို ငြင်းပယ်ခဲ့ဖူးတာ ရှိခဲ့ပါ တယ်။ Huawei ဟာ နိုင်ငံတော်လုံခြုံရေးနဲ့ ပတ်သက်ပြီး အန္တာရာယ်ရှိတယ်ဆိုတာကိုလည်း အကြိမ်ကြိမ်ပယ်ချခဲ့ပြီး ဖြစ်တဲ့အပြင် ကုမ္ပဏီကိုသူ့ရဲ့ အလုပ်သမား တွေက လုံးဝပိုင်ဆိုင်တယ်ဆိုတဲ့ အနေအထားကိုလည်း ဆက်လက် ထိမ်းထားခဲ့ပါတယ်။
Renကတော့ သူတစ်ဦးတည်းအနေနဲ့ Huawei ရဲ့၁.၁၄% ကိုသာပိုင်ဆိုင်ပြီး သူအနေနဲ့ စတီးဂျော့လိုပဲ သူ့ပိုင်ဆိုင်မှုကို လျှော့ချလိုပါတယ်။စတီးဂျော့ကတော့ သူ့ကိုဖယ်ရှားဖို့ တွန်းအားပေးခံရတဲ့ ၁၉၈၀ ခှနှစ်တွေမှာ သူရှယ်ယာ တွေအားလုံးနီးပါးကို လူသိရျင်ကြားရောင်းချခဲ့ပါတယ်။ ဒါ့အပြင်ကုမ္ပဏီရဲ့ ဦးတည်ချက်တွေနဲ့ပတ်သက်ပြီး ယုံကြည်မှု မရှိတော့တဲ့ ၁၉၉၀ ခုနှစ်ကာလမှာလည်း သူ့ရှယ်ယာတွေကို ရောင်းချခဲ့ပါတယ်။ Ren က Apple မှာ စတီး ပိုင်ဆိုင်မှုဟာ ဝ.၅၈% ပဲရှိခဲ့ပါတယ်။ကျနော်လည်း စတီးလိုပဲ နောက်ထပ်ရှယ်ယာတွေကို လျှော့ချဖို့နဲ့ စတီးရဲ့ သင် ခန်းစာကို ယူရလိမ့်မယ်လို့ ဆိုပါတယ်။
(၂) သူက Huawei ကို ပိတ်သိမ်းချင်တယ်။
Ren ဟာ Huawei လို စမတ်ဖုန်းတွေနဲ့ ဆက်သွယ်ရေးကိရိယာတွေကို ကမ္ဘာအဝန်းဖြန့်ဖြူးရောင်းချတဲ့ ဧရာမ ကုမ္ပဏီကြီးတစ်ခုဖြစ်လာဖို့ နှစ်ပေါင်းများစွာ တည်ဆောက်ခဲ့ရပါတယ်။ဒါပေမဲ့ တရုတ်အစိုးရကိုယ်စား သူလျှိုအလုပ် ကိုလုပ်ဖို့ လက်ခံရမယ်ဆိုရင်တော့ ပိတ်သိမ်းလိုက်တာက ပိုကောင်းမယ်လို့ ဆိုပါတယ်။ ကျနော်တို့ကတော့ ဒီလို မျိုးတောင်းဆိုမှုကို No လို့ပဲပြန်ပြောမှာ သေချာပါတယ်လို့ ဆိုပါတယ်။ကျနော်တို့ ကိုယ်ကျိုးအတွက်နဲ့ ကိုယ့်ဖေါက် သည်တွေနဲ့ ရင်းနှီးမြှပ်နှံသူတွေ အကျိုးမဲ့မယ့် အလုပ်ကို လုပ်မယ့်အစား ပိတ်သိမ်းတာက ပိုကောင်းပါလိမ့်မယ်လို့ ပြောပါတယ်။
(၃) သူက သူ့သားသမီး ၃ ဦးနဲ့ ခပ်စိမ်းစိမ်းရှိနေတယ်။
အီရန်အပေါ် အမေရိကန်ရဲ့ စီးပွားရေးပိတ်ဆို့ထားမှုကို ချိုးဖေါက်တယ်လို့ သံသယရှိတဲ့အတွက် အမေရိကန်ရဲ့ တောင်း ဆိုချက်အရ သူ့သမီးဖြစ်သူ Meng ဟာ လွန်ခဲ့တဲ့ လက ကနေဒါမှာ ဖမ်းဆီး ခံခဲ့ရပြီး သံတမန်ရေး အကြား တိုက်ခိုက် မှုတွေကို ခံခဲ့ရပါတယ်။Meng ဟာ အာမခံနဲ့လွတ်လာခဲ့ပေမဲ့ ဗန်ကူးဗားမှာပဲ နေအိမ်အကျဉ်းနဲ့ နေထိုင်ရပြီး လာမယ့် ဖေဖေါ်ဝါရီ ၆ ရက်မှာ ရုံးချိန်းရှိနေပါတယ်။
Renက သူ့သမီးကို အင်မတန်လွမ်းကြောင်းပြောပေမဲ့ သူ့သမီးနဲ့ သူ့အကြားဆက်ဆံရေးက အဆိုး အကောင်း ဒွန်တွဲ နေ ပါတယ်။ တစ်ချို့ အမြင်တွေမှာ အတော့်ကို နီးနီးကပ်ကပ်ရှိနေပြီး တစ်ချို့ ကိစ္စတွေ မှာတော့ အတော်ကိုစိမ်းတယ်လို့ သူက ဆိုပါတယ်။သူက စစ်မှုထမ်းနေတော့ သမီးရဲ့ ငယ်စဉ်ဘ၀ တစ်လျှောက်မှာ တစ်နှစ်ကို တစ်လလောက်ပဲ မိသားစုနဲ့ နေခဲ့ရတယ်လို့ သူက ဆိုပါတယ်။ ခလေးဘ၀ နဲ့ မြီးကောင်ပေါက် အရွယ်ထိတော့ သမီးနဲ့ သူ့ဆက်ဆံရေးက အရမ်းခိုင်ခိုင်မာမာမရှိခဲ့ဘူးလို့ ဆိုပါတယ်။နောက်ပိုင်းနှစ်တွေမှာလည်း Huawei အတွက် တစ်နေ့ကို ၁၆ နာရီထိ အချိန်ပေးခဲ့ရတဲ့အတွက် သူ့သားသမီးသုံးယောက်လုံးနဲ့ နီးနီးကပ်ကပ်မနေခဲ့ရတာကို သူက ဝန်ခံခဲ့ပါတယ်။ ဒါပေမဲ့ သူတို့ အပေါ် တာဝန်ကျေတယ်လို့ သူခံစားရကြောင်းပြောပါတယ်။
(၄) သူက ထာဝရအသက်ရှင်ချင်တယ်။
ဘယ်တော့ အနားယူမလဲလို့ မေးတဲ့အခါမှာတော့ အသက် ၇၄နှစ်ရှိပြီဖြစ်တဲ့ Ren က အမြဲရှင်သန် နေထိုင်ခြင်း နဲ့ပတ်သက်ပြီး ဆို့ဆို့နစ်နစ်ပြောပါတယ်။ကျနော်အနားယူမယ့် အချိန်ကတော့ ဂူဂဲလ်က မသေဆေးတီထွင်ပေးနိုင်တဲ့ အချိန်ပေါ်မူတည်ပါတယ်။ကျနော်ဒီဆေးကို စောင့်နေပါတယ်တဲ့ဗျာ။
ဂူဂဲလ်ရဲ့ မိခင်ကုမ္ပဏီဖြစ်တဲ့ Alphabet နဲ့ sillicon Valley ကုမ္ပဏီတွေက တစ်နေ့နေ့တစ်ချိန်ချိန်မှာ သေခြင်းကို တောင် ရွေးနိုင်တဲ့ သုတေသနနဲ့ နည်းပညာတွေအပေါ်အကြီးအကျယ် ပုံအောထားကြပါ တယ်။
Ren ကလည်း အစွမ်းကုန် ရှင်သန်နေထိုင်ဖို့ စိတ်အားထက်သန်ပုံရပါတယ်။ သူ့ဖေါက်သည်တွေ အပေါ် သူ့ကုမ္ပဏီရဲ့ ကတိကဝတ်တွေကို မီးမောင်းထိုးပြရင်း သူသွားလည်ခဲ့တဲ့ ဧဝရက်တောင်နားက ဝေလံလှတဲ့ ဟေမဝန္တာ ရွာကလေး အကြောင်းကို ပြောပြပါတယ်။ ကျနော်ကိုယ်တိုင်က သေခြင်းတရားကို ကြောက်နေမယ်ဆိုရင် ကျနော့်လူတွေကို ရှေ့ ဆက်ဖို့ ဘယ်လိုလုပ် အားပေးနိုင်မလဲလို့ လူတိုင်းကို ပြောပါတယ်လို့ Ren ကဆိုပါတယ်။
ချုပ်လိုက်ရင်တော့ Ren ဟာ Apple ကို လေးစားအားကျသူတစ်ဦးဖြစ်ပြီး အသက်ရှည်ဖို့ ဆန္ဒပြင်းပြသူ ဖြစ်တယ် ဆိုတာပါပဲ။ ဒါ့အပြင် ငွေကြေးနဲ့ ရုပ်ဝတ္ထုတွေ ပေါများကြွယ်ဝသူတွေမှာ တစ်ခါတစ်ရံ မိသားစုဘဝတွေ ဆုံရှုံးတတ် ကြတယ် ဆိုတာလည်း သင်ခန်းစာရပါတယ်။ အရာရာပြည့်စုံတယ်ဆိုတာတော့ ဒီလောကအဖို့ မရှိလောက်ပါဘူး ဆိုတာ လည်း ပိုပြီးသိလာရပါတယ်။

Ref:CNN/4 Things we learned about Huawei’s founder

Leave a comment

Your email address will not be published. Required fields are marked *