Hyundai နှင့် KIAကားများကို US ကပြန်လည်စစ်ဆေးမည်

ကားအသုံးပြုသူများမှ ကားမီးလောင်မှုနဲ့ ပတ်သက်ပြီး ဝေဖန်အကြံပြုချက်များအရ အပြည်ပြည်ဆိုင်ရာ အဝေးပြေးလမ်း လုံခြုံရေးအဖွဲ့အစည်း(NHTSA)က KIA နှင့် Hyundai ကားများကို ပြန်လည်စစ်ဆေးခဲ့ရာတွင် အင်ဂျင်ပိုင်း၌ ချွတ် ယွင်းချက်များကို တွေ့ရှိခဲ့သဖြင့် KIA နှင့် Hyundai ကားများကို အမေရိကန်နိုင်ငံ ကားများလုံခြုံရေးဌာနက ပြန်လည် သိမ်းဆည်းပြီး စစ်ဆေးမှုတွေ ပြုလုပ်သွားမည့်အကြောင်းကို ထုတ်ပြန်ကြေငြာခဲ့ပါတယ်။

ယခုနှစ်အတွင်း တောင်ကိုရီးယားမှ ထုတ်လုပ်တဲ့ KIA နှင့် Hyundai ကားများ မတော်တဆ မီးလောင်း မှု များကြောင့် လူတစ်ဦးသေဆုံးခဲ့ပြီး ၁၀၀ထက်မနည်း ထိခိုက်ဒဏ်ရာတွေ ရခဲ့ပါတယ်။ ထို့ကြောင့် ကားများကို သိမ်းယူပြီး စစ်ဆေးမှုတွေ ပြုလုပ်သွားမှာဖြစ်ပါတယ်။အဓိက သိမ်းယူသွားမယ့်ကားတွေကတော့ Hyundai Sonatas၊ Hyundai Santa Fes၊ KIA Optimas၊ KIA Sorentos နှင့် KIA Souls ကားအမျိုးအစားတွေဖြစ်တယ်လို့ သိရပါ တယ်။

NHTSA အဖွဲ့အစည်းရဲ့ပြောပြချက်အရ ၂၀၁၅ခုနှစ်ကတည်းက မီးလောင်မှုနှင့် အင်ဂျင်ချွတ်ယွင်းမှု ပြဿနာ ဖြစ်နေတဲ့ Hyundai နှင့် KIA ကားအစီးပေါင်း 6 သန်း လောက်ရှိနေတာဖြစ်ပြီး ယခုမှာတော့ 2.4 သန်းသော ကားများကို ခေါ်ယူစိစစ်ပြီး ပြုပြင်မှုတွေ လုပ်သွားမှာဖြစ်တယ်လို့ သိရပါတယ်။အမေရိကန် ကားများလုံခြုံရေးဌာနက ယခု သိမ်းဆည်းသွားမယ့်ကားတွေကို အင်ဂျင်ပိုင်းဆိုင်ရာ စိစစ်မှုတွေအပြင် အခြားအစိတ်အပိုင်းတွေကိုလည်း စိစစ်မှုတွေ ပြုလုပ်သွားမှာဖြစ်တယ်လို့ သိရပါတယ်။ ဆန်းသစ်မြန်မာရဲ့ ပရိတ်သတ်ကြီးမှာ KIA နှင့် Hyundai ကားတွေ ဝယ်ထား တယ်ဆိုရင် အင်ဂျင်ပိုင်းဆိုင်ရာစိစစ်မှုတွေ သေချာလုပ်ထားဖို့ အကြံပြုပါရစေ။

Source : BBC News

Leave a comment

Your email address will not be published. Required fields are marked *