Intel ရဲ့ အသစ်ထွက်ရှိမယ့် 10th-gen CPU Chipset တွင် ဘာတွေပြောင်းလဲလာမလဲ

ဩဂုတ်လ (၂)ရက်နေ့တွင် Intel ကုမ္ပဏီမှ ၎င်းတို့ အသစ်ထွက်ရှိမည့် 10th generation CPU Chipset အကြောင်းကို မိတ်ဆက်ခဲ့ပါတယ်။ ၎င်း Chipset ရဲ့ Code နာမည်ကတော့ Ice Lake ဖြစ်ပြီး IA စနစ်၊ Wifi စနစ် နှင့် Gaming Performance တွေကို အဆင့်မြှင့်ထားတယ်လို့ သိရှိရပါတယ်။ ထူးခြားချက်ကတော့ ၎င်း Chipset ကြောင့် အသစ်ထွက်ရှိမည့် Apple Laptop တွေမှာ Game ကောင်းကောင်းကစားနိုင်တော့မှာ ဖြစ်တယ် လို့ သိရှိရပါတယ်။

Intel ရဲ့ ထုတ်ပြန်ချက်အရ 10 Generation CPU ကိုလည်း Core i3, i5 နှင့် i7 လို့ ထုတ်မှာဖြစ်ပြီး အနည်းဆုံး 2 Core မှ 4 Core အထိပါဝင်မှာဖြစ်ပြီး 8 Threads ဖြင့်အလုပ်လုပ်မှာဖြစ်တယ်လို့ သိရှိရပါတယ်။ အရွယ် အစားအားဖြင့် 10 nanometer ရှိမှာဖြစ်ပါတယ်။ ၎င်း Chipset ကိုလည်း အရင်ကလိုမျိုး Y-series နှင့် U-series ဟူ၍ နှစ်မျိုးထွက်ရှိမှာဖြစ်ပြီး Y-series ကတော့ Power အသုံးနည်းပြီး ပေါ့ပါးတဲ့ Macbook Air လိုမျိုး Laptop တွေမှာ အသုံးပြုမှာဖြစ်ပြီး U-series ကိုတော့ Power အသုံးများကာ clock speeds ကို အသားပေးတဲ့ Macbook Pro နှင့် Gaming Laptops တွေမှာ အသုံးပြုမှာဖြစ်တယ်လို့ သိရပါတယ်။

Intel ရဲ့ 10th gen Chips တွင် အသုံးပြုထားတဲ့ AI နည်းပညာဟာ Intel 9th gen မှာအသုံးပြုထားတဲ့ AI စနစ်ထက် ၂.၅ဆ ပိုမိုမြန်ဆန်မှာ ဖြစ်ပြီး ADM လို ပြိုင်ဘက်ကုမ္ပဏီ Chips တွေထက် ၈ဆ ပိုမိုမြန်ဆန်မှာ ဖြစ် တယ်လို့ သိရှိရပါတယ်။ ထို့အပြင် Iris Plus Graphics ကို အသုံးပြုထားပြီး စနစ်တကျတည်ဆောက် ထားတဲ့ အတွက် Graphic Card ရဲ့ အကူအညီသိပ်မလိုပဲ Game များကို 1080p Resolution ဖြင့် အဆင်ပြေစွာ ကစားနိုင်မှာဖြစ်တဲ့ အပြင် လက်ရှိကစားနေရတဲ့ Frame Rate ထက် နှစ်ဆပိုမိုကောင်းမွန်သော Frame Rate နဲ့ ကစားနိုင်မှာဖြစ်လို့ Gamer တွေအတွက် အလွန်ကို နှစ်သက်သဘောကျမယ့် Chips ဖြစ်လာမယ်ဆိုတာ မလွဲမသွေပဲဖြစ်ပါတယ်။

Intel ရဲ့ 8th gen ဖြစ်တဲ့ Kaby Lake Refresh တွင် 4K Video များကို ကြည့်လို့ရအောင် ပြုလုပ်နိုင်ခဲ့တာဖြစ်ပြီး ယခု 10th gen မှာတော့ ၎င်း 4K Video တွေကို 60 frames per second ကို HDR ဖြင့်ကြည့် နိုင်တော့မှာ ဖြစ်ပါတယ်။ ထို့ကြောင့် 10th gen မှာ 4K HDR ရုပ်ထွက်နဲ့ Video များကို Billion နဲ့ချီနဲ့ အရောင်များဖြင့် ကြည့်ရှု ခံစားနိုင်မှာဖြစ်တယ်လို့ သိရှိရပါတယ်။

Wifi စနစ်တွင်လည်း Wifi 6 ကို Support ပေးပြီဖြစ်တဲ့တွက် ယခုအသုံးပြုနေတဲ့ Wifi 5 ထက် ၃ဆ မြန်ပြီး ပိုမို ကောင်းမွန်တဲ့ Wifi စနစ်ကို အသုံးပြုခွင့်ရမှာဖြစ်ပါတယ်။ ထို့အပြင် USB 3.1 ထက် ၄ဆ မြန်တဲ့ Data transfer speeds ကို ပေးနိုင်တဲ့ Thunderbolt 3 ကို ၄ခုအထိ အသုံးပြုခွင့်ရမှာဖြစ်သောကြောင့် Data transfer လုပ်တဲ့ အခါမှာလည်း ပိုမိုအဆင်ပြေစေမှာဖြစ်ပါတယ်။ အဓိကကတော့ Game ကြီး တွေကို Gaming Laptop မလိုပဲ သာမန် Laptop တွေမှာပါ ဆော့ကစားနိုင်ဖို့ ရည်ရွယ်တာဖြစ်တဲ့အတွက် Intelရဲ့ 10th-gen Chipset ဟာ Gamer တွေနဲ့ Graphic အသားပေးလုပ်ငန်းရှင်များအဖို့ အလွန်အဆင်ပြေစေမှာဖြစ်ပါတယ်။

Source : Mashable News

Leave a comment

Your email address will not be published. Required fields are marked *