သင်ဟာ အသိဉာဏ် မြင့်မားတဲ့လူတစ်ယောက်လား

လူတစ်ယောက်နဲ့တစ်ယောက် စွမ်းရည်တွေ မတူကြသလို တွေးခေါ်မြော်မြင်မှုတွေလည်း မတူကြပါဘူး။ ဒါကြောင့်လည်း လူတစ်ယောက်က တစ်ယောက်ကို ဘယ်သူကတော့ဖြင့် သိပ်ဉာဏ်ထက်တာပဲ၊ သိပ်ပြီးလိမ္မာပါးနပ်တာဘဲလို့ချီးကျူးထောပနာပြုတတ်ကြပါတယ်။ အဲ့ဒီတော့ မိမိကကော အသိဉာဏ်စွမ်းရည်အရာမှာ ဘယ်လိုရှိသလဲဆိုတာ စူးစမ်းလေ့လာဖို့လိုပါတယ်။ သင်ဟာ အောက်ပါအချက် (၆)ချက်ကို ရင်ဆိုင်နေရပြီဆိုရင်တော့ သင်ဟာ အသိဉာဏ်စွမ်းရည်ကိုမြင့်တဲ့လူတစ်ယောက်ဖြစ်တယ်ဆိုတာကို မှတ်ကျောက်တင်နိုင်ပါတယ်။

(၁) သေးနုတ်သိမ်ဖျင်းပြီး အရေးမပါတဲ့ စကားတွေက သင့်ကို နားငြီးစေသလား။

ဒါကသင့်အတွက်စိန်ခေါ်မှုတစ်ခုဖြစ်သလို လူအများစုက သင့်ကို သဘောမတွေ့တတ်ကြတဲ့ အချက်ဖြစ်ပါတယ်။ သင့်ဘဝမှာ နေ့စဉ်ကြုံတွေ့နေရတဲ့လူအများစုဟာ အတွေးအခေါ်အယူအဆတွေ၊ အိုင်ဒီယာတွေမပါတဲ့ သတင်းစကားတွေ၊ အတင်းတွေ၊ သူတပါးအကြောင်း မကောင်းတာတွေ၊ ပြစ်တင်ဝေဖန်ငြီးငြူသံတွေနဲ့ပဲ နေ့ရက်တွေကို ကုန်ဆုံးနေတတ်ကြပါတယ်။ သင့်ဦးနှောက်ထဲမှာတော့ အတွေးဒဿနတွေ၊ အကြံအစည်ကောင်းတွေ၊ သုံးသပ်ဝေဖန်ဆန်းစစ်စရာတွေနဲ့ ပြည့်နေတဲ့အတွက် သင်က သေးနုုပ်ပြီး အရေးမပါတဲ့ စကားတွေက သင့်ကို နားရှုပ်စေတာဖြစ်ပါတယ်။ သင့်မှာ ဒါတွေကိုနားထောင်ဖို့ အချိန်လည်းမရှိတတ်ပါဘူး။ ဒါဆိုရင်တော့ သင်ဟာလူအများထက်အမြင့်ကို ရောက်ဖို့ခရီးသွားနေတဲ့ ဘဝခရီးသည် ဉာဏ်ထက်သူတစ်ဦးလို့ ပဏာမ သုံးသပ်လို့ရပါတယ်။

 

(၂) များများစဉ်းစားပြီး နည်းနည်းပဲပြောတတ်ပါသလား။

ဒါလည်းသင့်အတွက် စိန်ခေါ်မှုတစ်ခုပါ။ လူအများစုမှာ စဉ်းစားတွေးတောပြီး အဖြေရှာရမယ့်၊ကောက်ချက်ချရမယ့် အရာတွေမရှိတတ်ကြတဲ့အတွက် သူတို့က အချိန်ပေးပြီး စကားများများပြောတတ်ကြပါတယ်။ သင့်မှာတော့ စဉ်းစားသုံးသပ်ပြီး အဆုံးအဖြတ်ပေးရမယ့် အရာတွေရှိနေတဲ့အတွက် သင်က အချက်အလက်တွေကို စဉ်းစားသုံးသပ်တယ်၊ဝေဖန်တယ်။ အားလုံးတိကျခိုင်မာအောင်အဖြေရှာတယ်။ ဒါကြောင့် သင့်မှာ ပြောချိန်ထက် တွေးတောချိန်က များနေတတ်ပါတယ်။ ဒါဆိုရင်တော့ သင်ကဘဝမှာ အတက်လမ်း၊ ဒါမှမဟုတ် အဆန်လမ်းကို လျှောက်နေတဲ့ ဉာဏ်ကောင်းသူတစ်ဦးဖြစ်ပါတယ်။

thinking

(၃) ပုံမှန်အလုပ်က သင့်ကို အလွယ်တကူ ပျင်းရိငြီးငွေ့သွားစေသလား။

လူတွေမှာ နေ့စဉ်လုပ်နေရတဲ့ ပုံမှန်အလုပ်တွေရှိတတ်ကြပါတယ်။ လူအများစုကတော့ သူတို့ကျင်လည်လုပ်ကိုင်နေကြတဲ့အလုပ်မှာပဲ ပုံမှန်လုပ်စရာတွေလုပ်ပြီး သက်တောင့်သက်သာနဲ့ သာယာပျော်ရွှင်နေတတ်ကြပါတယ်။ ဒါကို Comfort Zone လို့တောင်ဆိုကြလေရဲ့။ သင့်ဦးနှောက်ထဲမှာတော့ အသစ်အဆန်းတွေကိုသာ စဉ်းစားတွေးခေါ်နေတတ်တာမို့ နေ့စဉ်ပုံမှန်အလုပ်တွေမှာ သင်အလွယ်တကူနဲ့ စိတ်ကုန်လာတတ်ပါတယ်။ သင်က အသစ်အသစ်တွေကို တွေးတောကြံစည်ချင်တယ်၊ ဖန်တီးကြည့်ချင်တယ်၊ လုပ်ကြည့်ချင်တယ်။ ဒါဆိုရင်တော့ သင်က ဉာဏ်ထက်သူတစ်ယောက်ဆိုတာ သေချာနေပါပြီ။

lazy

(၄) တစ်ခါတစ်ရံလက်တွေ့လုပ်ဆောင်မှုမှာ တုံ့ဆိုင်းတတ်သလား။

ဒီနေရာမှာ လက်တွေ့လုပ်လုပ်ဆောင်မှုမှာ တုံ့ဆိုင်းတာကို Action Paralysis ဖြစ်တယ်လို့ဆိုပါတယ်။ လက်တွေ့လောကမှာက ပေးဆပ်သူထက် ရယူပိုင်ဆိုင်သူတွေကများတတ်ကြတဲ့အတွက် လူတွေက ဧရာမအတွေးအခေါ်အကြံအစည်တွေထက် အလုပ်လုပ်တာကိုပဲ ချီးမွှမ်းတတ်ကြပါတယ်။ သင့်ဦးနှောက်ထဲမှာ မတူကွဲပြားတဲ့ အကြံအစည်တွေနဲ့ ပြည့်နှက်နေတဲ့အတွက် အလုပ်မှာတုံ့ဆိုင်းသွားတတ်ပါတယ်။ တစ်ခါတစ်ရံမှာ လူတွေက ဒါကို ပျင်းရိမှုဆိုတာနဲ့ရောထွေးပြီး အပြစ်တင်စကားဆိုတတ်ကြပါတယ်။ တစ်ခါက နာမည်ကြီး ရုပ်မြင်သံကြားဌာနတစ်ခုသို့ အရာရှိတစ်ယောက်အသစ်ရောက်လာတော့ ဌာနတွေကို လိုက်စစ်ပါတယ်။ အခန်းတစ်နေရာမှာလူတစ်ယောက်က ကုလားထိုင်ပေါ်မှာ ဆေးလိပ်ဖွာရင်း စဉ်းစားခန်းဖွင့်နေတာကို သွားတွေ့တော့ သူ့အထက်လူကို ဘာမှအလုပ်မလုပ်တဲ့ ဒီဝန်ထမ်းကို အလုပ်ကထုတ်ဖို့ ညွှန်ကြားလိုက်ပါတယ်။ ဒီမှာ အထက်လူလည်း ပြူးပြူးပျာပျာဖြစ်ပြီး အခုတလော လူကြိုက်အများဆုံးရုပ်သံဇတ်လမ်းကို ဖန်တီးထုတ်လုပ်သူဖြစ်ကြောင်း အကျိုးအကြောင်းရှင်းပြရတာပေါ့။ ဒီတော့မှ အရာရှိကြီးလည်း သဘောတော်တွေ့ပြီး သူလိုတာတွေပံ့ပိုးပေးဖို့ ညွှန်ကြားလိုက်ရတာပေါ့။ ဒါကြောင့် တစ်ခါတစ်ရံမှာ ဉာဏ်ထက်သူတွေဟာ သူတို့ရဲ့ အတွေးအခေါ်အသစ်အဆန်းတွေအတွက် အလုပ်မှာတုံ့ဆိုင်းတတ်ကြပါတယ်။

(၅) လူမှုရေးအရ လူ့ဂွစာလို့ ထင်တတ်ကြသလား။

အထက်မှာဖော်ပြခဲ့သလို သင်က လူအများပြောဆိုတဲ့ သေးသေးမွှားမွှားစကားတွေကို နားမထောင်ဘူး။ အပြောထက် တွေးခေါ်မှုကများတယ်။ အသစ်အဆန်းတွေကို စူးစမ်းလေ့လာချင်တဲ့အတွက် လူတွေကို အချိန်များများမပေးနိုင်။ ဒီလိုသင်က လူအများနဲ့ရောယောင်လိုက်တတ်သူ မဟုတ်တဲ့အခါ သူတို့တွေက သင်ဟာ ဆက်ဆံရေးမကောင်းတဲ့သူ၊လူမှုရေးနားမလည်တဲ့သူ၊ လူဂွစာဆိုပြီး သင့်ကို ဝေဖန်ပြောဆိုတတ်ပါတယ်။ ဉာဏ်ထက်ပြီး အသိဉာဏ်စွမ်းရည်မြင့်မားသူတွေဟာ လူအများစုနဲ့ လူမှုရေးအရ ကင်းကွာတတ်ပေမယ့် သူတွေးခေါ်ကြံစည်မှုတွေဟာ လူအများစုအတွက်ဖြစ်နေတတ်ပါတယ်။

(၆)ချစ်ဖို့ခက်တဲ့သူဖြစ်နေသလား။

ဒါကလည်း သင်ရထိုက်တဲ့ အကျိုးတရားတစ်ခုပါပဲ။ သင်မှာ အချိန်ပိုမရှိ၊ စကားကလည်းနည်းပြီး အတွေးသမား၊ လူပျင်းလို့ အထင်ခံရပြီဆိုရင်တော့ သင့်ကို ဘယ်မိန်းခလေး၊ဘယ်ယောက်ကျားလေးကမှ စိတ်ဝင်စားကြမှာမဟုတ်ပါဘူး။ အများစုတွေ့ဖူးကြမှာပါ။ ကျောင်းနေစဉ် မြာပွေသူတွေ၊ကောင်မလေးအများစုကြားရေပန်းစားသူတွေ၊ရည်းစားများတဲ့ ကောင်မလေးတွေဟာ ပလူးပလဲနဲ့ ရွှန်းရွှန်းဝေအောင်ပြောတတ်ဆိုတတ်သူတွေ၊ သူတို့အတွက် အချိန်ပေးသူတွေပါပဲ။ ဒါပေမယ့် သင်မပူပါနဲ့။ သင့်ကို ချစ်မယ်သူကလည့် သင်လိုလူမျိုးသာဖြစ်ဖို့များပါတယ်။

ကဲ သင့်မှာအထက်ဖေါ်ပြခဲ့တဲ့ အချက်တွေအတွက် စိန်ခေါ်မှုတွေရှိနေပြီဆိုရင်တော့ သင်စိတ်မပျက်ပါနဲ့။ ဒါဟာ သင့်ရဲ့ဉာဏ်ရည်ဉာဏ်သွေးကြောင့်ပါလို့ဆိုပါရစေ။

Ref:Lifehack

Zawgyi Font : သင္ဟာ အသိဥာဏ္ျမင္႔မားတဲ႔လူတစ္ေယာက္လား

လူတစ္ေယာက္နဲ႔တစ္ေယာက္ စြမ္းရည္ေတြ မတူၾကသလို ေတြးေခၚေျမာ္ျမင္မႈေတြလည္း မတူၾကပါဘူး။ ဒါေၾကာင့္လည္း လူတစ္ေယာက္က တစ္ေယာက္ကို ဘယ္သူကေတာ့ျဖင့္ သိပ္ဥာဏ္ထက္တာပဲ၊ သိပ္ျပီးလိမၼာပါးနပ္တာဘဲလို ႔ခ်ီးက်ဴးေထာပနာျပဳတတ္ၾကပါတယ္။ အဲ့ဒီေတာ့ မိမိကေကာ အသိဥာဏ္စြမ္းရည္အရာမွာ ဘယ္လိုရွိသလဲဆိုတာ စူးစမ္းေလ႕လာဖို႔လိုပါတယ္။ သင္ဟာ ေအာက္ပါအခ်က္ (၆)ခ်က္ကို ရင္ဆိုင္ေနရျပီဆိုရင္ေတာ႔ သင္ဟာ အသိဥာဏ္စြမ္းရည္ကိုျမင္႕တဲ႔လူတစ္ေယာက္ျဖစ္တယ္ဆိုတာကို  မွတ္ေက်ာက္တင္ႏိုင္ပါတယ္။

(၁) ေသးႏုတ္သိမ္ဖ်င္းျပီး အေရးမပါတဲ႔ စကားေတြက သင္႔ကို နားျငီးေစသလား။

ဒါကသင့္အတြက္စိန္ေခၚမႈတစ္ခုျဖစ္သလို လူအမ်ားစုက သင္႔ကို သေဘာမေတြ႔တတ္ၾကတဲ႔ အခ်က္ျဖစ္ပါတယ္။ သင့္ဘ၀မွာ ေန႕စဥ္ၾကံဳေတြ႔ေနရတဲ႔လူအမ်ားစုဟာ အေတြးအေခၚအယူအဆေတြ၊ အိုင္ဒီယာေတြမပါတဲ႔ သတင္းစကားေတြ၊ အတင္းေတြ၊ သူတပါးအေၾကာင္း မေကာင္းတာေတြ၊ ျပစ္တင္ေ၀ဖန္ျငီးျငဴသံေတြနဲ႔ပဲ ေန႔ရက္ေတြကို ကုန္ဆံုးေနတတ္ၾကပါတယ္။ သင့္ဦးေႏွာက္ထဲမွာေတာ႔ အေတြးဒႆနေတြ၊ အၾကံအစည္ေကာင္းေတြ၊ သံုးသပ္ေ၀ဖန္ဆန္းစစ္စရာေတြနဲ႕ ျပည့္ေနတဲ႔အတြက္ သင္က ေသးႏုုပ္ျပီး အေရးမပါတဲ့ စကားေတြက သင့္ကို နားရႈပ္ေစတာျဖစ္ပါတယ္။ သင့္မွာ ဒါေတြကိုနားေထာင္ဖို႔ အခ်ိန္လည္းမရွိတတ္ပါဘူး။ ဒါဆိုရင္ေတာ့ သင္ဟာလူအမ်ားထက္အျမင့္ကို ေရာက္ဖို႔ခရီးသြားေနတဲ႔ ဘ၀ခရီးသည္ ဥာဏ္ထက္သူတစ္ဦးလို႕ ပဏာမ သံုးသပ္လို႔ရပါတယ္။

(၂) မ်ားမ်ားစဥ္းစားျပီး နည္းနည္းပဲေျပာတတ္ပါသလား။

ဒါလည္းသင္႔အတြက္ စိန္ေခၚမွဳတစ္ခုပါ။ လူအမ်ားစုမွာ စဥ္းစားေတြးေတာျပီး အေျဖရွာရမယ့္၊ေကာက္ခ်က္ခ်ရမယ္႔ အရာေတြမရွိတတ္ၾကတဲ႕အတြက္ သူတို႔က အခ်ိန္ေပးျပီး စကားမ်ားမ်ားေျပာတတ္ၾကပါတယ္။ သင္႔မွာေတာ႔ စဥ္းစားသံုးသပ္ျပီး အဆံုးအျဖတ္ေပးရမယ့္ အရာေတြရွိေနတဲ႔အတြက္ သင္က အခ်က္အလက္ေတြကို စဥ္းစားသံုးသပ္တယ္၊ေ၀ဖန္တယ္။ အားလံုးတိက်ခိုင္မာေအာင္အေျဖရွာတယ္။ ဒါေၾကာင့္ သင့္မွာ ေျပာခ်ိန္ထက္ ေတြးေတာခ်ိန္က မ်ားေနတတ္ပါတယ္။ ဒါဆိုရင္ေတာ့ သင္ကဘ၀မွာ အတက္လမ္း၊ ဒါမွမဟုတ္ အဆန္လမ္းကို ေလွ်ာက္ေနတဲ့ ဥာဏ္ေကာင္းသူတစ္ဦးျဖစ္ပါတယ္။

(၃) ပံုမွန္အလုပ္က သင္႔ကို အလြယ္တကူ ပ်င္းရိျငီးေငြ႔သြားေစသလား။

လူေတြမွာ ေန႔စဥ္လုပ္ေနရတဲ႔ ပံုမွန္အလုပ္ေတြရွိတတ္ၾကပါတယ္။ လူအမ်ားစုကေတာ႔ သူတို႕က်င္လည္လုပ္ကိုင္ေနၾကတဲ႔အလုပ္မွာပဲ ပံုမွန္လုပ္စရာေတြလုပ္ျပီး သက္ေတာင္႔သက္သာနဲ႔ သာယာေပ်ာ္ရႊင္ေနတတ္ၾကပါတယ္။ ဒါကို Comfort Zone လို႔ေတာင္ဆိုၾကေလရဲ႕။ သင့္ဦးေႏွာက္ထဲမွာေတာ့ အသစ္အဆန္းေတြကိုသာ စဥ္းစားေတြးေခၚေနတတ္တာမို႔ ေန႔စဥ္ပံုမွန္အလုပ္ေတြမွာ သင္အလြယ္တကူနဲ႔ စိတ္ကုန္လာတတ္ပါတယ္။ သင္က အသစ္အသစ္ေတြကို ေတြးေတာၾကံစည္ခ်င္တယ္၊ ဖန္တီးၾကည္႔ခ်င္တယ္၊ လုပ္ၾကည္႔ခ်င္တယ္။ ဒါဆိုရင္ေတာ႔ သင္က ဥာဏ္ထက္သူတစ္ေယာက္ဆိုတာ ေသခ်ာေနပါျပီ။

(၄) တစ္ခါတစ္ရံလက္ေတြ႔လုပ္ေဆာင္မွဳမွာ တု႔ံဆိုင္းတတ္သလား။

ဒီေနရာမွာ လက္ေတြ႔လုပ္လုပ္ေဆာင္မႈမွာ တုံ႕ဆိုင္းတာကို Action Paralysis ျဖစ္တယ္လို႔ဆိုပါတယ္။ လက္ေတြ႔ေလာကမွာက ေပးဆပ္သူထက္ ရယူပိုင္ဆိုင္သူေတြကမ်ားတတ္ၾကတဲ႔အတြက္ လူေတြက ဧရာမအေတြးအေခၚအၾကံအစည္ေတြထက္ အလုပ္လုပ္တာကိုပဲ ခ်ီးမႊမ္းတတ္ၾကပါတယ္။ သင့္ဦးေႏွာက္ထဲမွာ မတူကြဲျပားတဲ႔ အၾကံအစည္ေတြနဲ႔ ျပည္႔ႏွက္ေနတဲ႔အတြက္ အလုပ္မွာတုံ႔ဆိုင္းသြားတတ္ပါတယ္။ တစ္ခါတစ္ရံမွာ လူေတြက ဒါကို ပ်င္းရိမႈဆိုတာနဲ႔ေရာေထြးျပီး အျပစ္တင္စကားဆိုတတ္ၾကပါတယ္။ တစ္ခါက နာမည္ၾကီး ရုပ္ျမင္သံၾကားဌာနတစ္ခုသို႔ အရာရွိတစ္ေယာက္အသစ္ေရာက္လာေတာ႔ ဌာနေတြကို လိုက္စစ္ပါတယ္။ အခန္းတစ္ေနရာမွာလူတစ္ေယာက္က ကုလားထိုင္ေပၚမွာ ေဆးလိပ္ဖြာရင္း စဥ္းစားခန္းဖြင္႔ေနတာကို သြားေတြ႕ေတာ႕ သူ႔အထက္လူကို ဘာမွအလုပ္မလုပ္တဲ႔ ဒီ၀န္ထမ္းကို အလုပ္ကထုတ္ဖို႔ ညႊန္ၾကားလိုက္ပါတယ္။ ဒီမွာ အထက္လူလည္း ျပဴးျပဴးပ်ာပ်ာျဖစ္ျပီး အခုတေလာ လူၾကိဳက္အမ်ားဆံုးရုပ္သံဇတ္လမ္းကို ဖန္တီးထုတ္လုပ္သူျဖစ္ေၾကာင္း အက်ိဳးအေၾကာင္းရွင္းျပရတာေပါ႔။ ဒီေတာ႔မွ အရာရွိၾကီးလည္း သေဘာေတာ္ေတြ႔ျပီး သူလိုတာေတြပံ့ပိုးေပးဖို႔ ညႊန္ၾကားလိုက္ရတာေပါ႔။ ဒါေၾကာင္႔ တစ္ခါတစ္ရံမွာ ဥာဏ္ထက္သူေတြဟာ သူတို႕ရဲ႕ အေတြးအေခၚအသစ္အဆန္းေတြအတြက္ အလုပ္မွာတံု႕ဆိုင္းတတ္ၾကပါတယ္။

(၅) လူမႈေရးအရ လူ႕ဂြစာလို႔ ထင္တတ္ၾကသလား။

အထက္မွာေဖာ္ျပခဲ႔သလို သင္က လူအမ်ားေျပာဆိုတဲ႔ ေသးေသးမႊားမႊားစကားေတြကို နားမေထာင္ဘူး။ အေျပာထက္ ေတြးေခၚမႈကမ်ားတယ္။ အသစ္အဆန္းေတြကို စူးစမ္းေလ႔လာခ်င္တဲ႔အတြက္ လူေတြကို အခ်ိန္မ်ားမ်ားမေပးႏိုင္။ ဒီလိုသင္က  လူအမ်ားနဲ႕ေရာေယာင္လိုက္တတ္သူ မဟုတ္တဲ႔အခါ သူတို႔ေတြက သင္ဟာ ဆက္ဆံေရးမေကာင္းတဲ႔သူ၊လူမႈေရးနားမလည္တဲ႔သူ၊ လူဂြစာဆိုျပီး သင္႔ကို ေ၀ဖန္ေျပာဆိုတတ္ပါတယ္။ ဥာဏ္ထက္ျပီး အသိဥာဏ္စြမ္းရည္ျမင္႔မားသူေတြဟာ လူအမ်ားစုနဲ႔ လူမႈေရးအရ ကင္းကြာတတ္ေပမယ္႔ သူေတြးေခၚၾကံစည္မႈေတြဟာ လူအမ်ားစုအတြက္ျဖစ္ေနတတ္ပါတယ္။

(၆)ခ်စ္ဖို႔ခက္တဲ႔သူျဖစ္ေနသလား။

ဒါကလည္း သင္ရထိုက္တဲ႕ အက်ိဳးတရားတစ္ခုပါပဲ။ သင္မွာ အခ်ိန္ပိုမရွိ၊ စကားကလည္းနည္းျပီး အေတြးသမား၊ လူပ်င္းလို႔ အထင္ခံရျပီဆိုရင္ေတာ႔ သင္႔ကို ဘယ္မိန္းခေလး၊ဘယ္ေယာက္က်ားေလးကမွ စိတ္၀င္စားၾကမွာမဟုတ္ပါဘူး။ အမ်ားစုေတြ႔ဖူးၾကမွာပါ။ ေက်ာင္းေနစဥ္ ျမာေပြသူေတြ၊ေကာင္မေလးအမ်ားစုၾကားေရပန္းစားသူေတြ၊ရည္းစားမ်ားတဲ႔ ေကာင္မေလးေတြဟာ ပလူးပလဲနဲ႔ ရႊန္းရႊန္းေ၀ေအာင္ေျပာတတ္ဆိုတတ္သူေတြ၊  သူတို႔အတြက္ အခ်ိန္ေပးသူေတြပါပဲ။ ဒါေပမယ့္ သင္မပူပါနဲ႔။ သင္႔ကို ခ်စ္မယ္သူကလည္႔ သင္လိုလူမ်ိဳးသာျဖစ္ဖို႔မ်ားပါတယ္။

ကဲ သင္႔မွာအထက္ေဖၚျပခဲ႔တဲ႔ အခ်က္ေတြအတြက္ စိန္ေခၚမွဳေတြရွိေနျပီဆိုရင္ေတာ႔ သင္စိတ္မပ်က္ပါနဲ႔။ ဒါဟာ သင္႔ရဲ႕ဥာဏ္ရည္ဥာဏ္ေသြးေၾကာင္႔ပါလို႔ဆိုပါရေစ။

Ref:Lifehack

Leave a comment

Your email address will not be published. Required fields are marked *