iPhone ကို ခနဲ့လိုက်တဲ့ Samsung ရဲ့ Galaxy Series ကြေငြာအသစ်

နိုဝင်ဘာ ၆ ရက်နေ့မှာ Samsung က Galaxy series ကြေငြာဗီဒီယိုတစ်ခုကို Twitter မှာ တင်ခဲ့ပြီး Samsung ရဲ့ ကြေငြာဗီဒီယိုမှာ iPhone ကို ခနဲ့လိုက်တဲ့ အကြောင်းအရာတွေ ပါနေပါတယ်။ စမတ်ဖုန်းလောကမှာ Apple နဲ့ Samsung တို့ ပြိုင်ဆိုင်မှူ ပြင်းထန်ခဲ့ကြပြီး ကြေငြာဗီဒီယိုမှာကတော့ iPhone မှာ မပါတဲ့ features တွေကို Samsung မှာ ရနေတယ်ဆိုပြီး ခနဲ့လိုက်တဲ့ ကြေငြာဖြစ်ပါတယ်။

ရေစိမ်ခံနိုင်ခြင်း၊ ကြိုးမဲ့အားသွင်းနိုင်ခြင်း၊ Pen ကို အသုံးပြု၍ note အနေဖြင့် သိမ်းဆည်းမှတ်တမ်းတင်နိုင်ခြင်း စတဲ့ လုပ်ဆောင်ချက်တွေကို iPhone နဲ့ Samsung Galaxy series စမတ်ဖုန်းတွေနဲ့ နှိူင်းယှဉ်ပြသွာတဲ့ ကြေငြာဘဲ ဖြစ်ပါတယ်။

https://twitter.com/SamsungMobileUS/status/927252108461649926

Leave a comment

Your email address will not be published. Required fields are marked *