အသက် ၈၁ နှစ်အရွယ် ဂျပန်ဘွားဘွား ရေးဆွဲတီထွင်ခဲ့တဲ့ iOS App

နည်းပညာခေတ်ကြီးတိုးတက်ပြောင်းလဲလာပြီး အသက်ကြီးနေလို့ လိုက်မမှီတော့ဘူးလို့ ကိုယ့်ကိုကိုယ် စိတ်ဓာတ်မကျပါနဲ့။ ဂျပန်နိုင်ငံမှ အသက် ၈၁ နှစ်အရွယ် အဘွားကတော့ သူ့ရဲ့ ပထမဆုံး iOS Game App လေးကို တီထွင်ရေးဆွဲခဲ့ပါတယ်။ ဒါဟာ အံ့သြစရာဖြစ်သလို အသက် ၈၁ နှစ်အရွယ်က အရမ်းကို တက်ကြွနေတာပါ။ Hinamatsuri လို့ အမည်ရတဲ့ ဂျပန် iOS Game တစ်ခု ရေးဆွဲခဲ့ပြီး ဂျပန်ရိုးရာ အရုပ်တွေ အစီအစဉ်မှန်အောင် ကစားရမယ့် ဂိမ်းဖြစ်ပါတယ်။

အဆိုပါ ဂျပန်ဘွားဘွားရဲ့ အမည်ကတော့ Octogenarian Masako Wakamiya ဖြစ်ပြီး ကွန်ပြူတာကို အသက် ၆၀ မှ စတင်လေ့လာတာ ဖြစ်ပါတယ်။ တစ်ကမ္ဘာလုံးမှာ ဂျပန်နိုင်ငံဟာ အလုပ်လုပ်ချိန်အများဆုံး နိုင်ငံအဖြစ် သတ်မှတ်ထားပြီး အရမ်းကို ကြိုးစားတဲ့နိုင်ငံလဲ ဖြစ်ပါတယ်။ ဂျပန်ဘွားဘွားကတော့ သူပင်စင်သက်တမ်း ၆၀ မှဘဲ ကွန်ပြူတာကို စတင်လေ့လာရတာ ဖြစ်ပါတယ်။ နေ့စဉ် တက်ကြွစွာ လေ့လာခဲ့တာကြောင့် ယခုဆိုရင် အသက် ၈၁ နှစ်အရွယ်မှာ iOS App ကို တီထွင်ရေးဆွဲနိုင်ခဲ့ပါတယ်။ ဒီစာကို ဖတ်နေတဲ့ပရိတ်တွေကတော့ ဂျပန်ဘွားဘွားလောက် အသက်ကြီးအုံးမှာ မဟုတ်ပေမယ့် ဂျပန်ဘွားဘွားရဲ့ မလျော့သော ဇွဲလုံံ့လအတိုင်း ကြိုးစားရင် ဘဝမှာ အောင်မြင်မှုတွေ တစ်ချိန်ချိန်ရရှိမှာ ဖြစ်ပါတယ်။

Leave a comment

Your email address will not be published. Required fields are marked *