iPhone X ကိုဖွင့် ဖို့ မျက်နှာ တစ်ခုတည်း သုံးလို့ရပေမယ့် သူ့မှာ အကြောင်းပြချက်တော့ရှိပါတယ်

သဘာဝအရကျွန်တော်တို့လူသားတွေ ဟာ လက်ဆယ်ချောင်းရိှိကြပြီး ပုံမှန်အားဖြင့် ဖုန်းဖွင့်ဖို့ အတွက် လက်ဗွေရာအနည်းဆုံး ငါး ချောင်းအထိ အသုံးပြုလို့ရပါတယ်။ ဘိုင်အိုမက်ထရစ် နည်းပညာ ဖွံ့ဖြိုးလာပေမယ့် iPhone X ကိုဖွင့်ဖို့အတွက်  တစ်ခါမှာ လူ့မျက်နှာ တစ်ယောက်ကိုသာ အသုံးပြုလို့ရတာကြောင့် နည်းနည်းတော့ လက်ပေါက်ကပ်တယ်လို့ ဆိုရမှာပါ။

မျက်နှာ ID ကို သုံးပြီး ဖုန်းကိုဖွင့်တဲ့ စနစ်ဟာ iPhone X ရဲ့ ပထမဆုံး ထုတ်ကုန်တစ်ခုဖြစ်ပြီး ကျွန်တော်တို့ရဲ့ မျက်နှာကို စကမ် ဖတ်လို့ရပါတယ်။ သင့်မျက်နှာနဲ့ ဖုန်းကို ဖွင့်လို့ရမယ်။ Apple ငွေပေးလွှဲပြောင်းမှုတွေ လုပ်ဆောင်လို့ရမယ်။

iPhone X ရဲ့ထိပ်မှာ လူတွေရဲ့မျက်နှာကို ဖမ်းလို့ရမယ့် 3D ပုံရိပ်ဖမ်းစနစ်ကို အသုံးပြုထားပြီး သင့်မျက်နှာ အစိတ်အပိုင်းအားလုံးကို ဖမ်းယူနိုင်အောင်လုပ်ဆောင်ထားပါတယ်။ ဖမ်းယူပြီးတဲ့နောက်မှာ တော့ သင့်မျက်နှာကို ကုဒ်အနေနဲ့ သိုုလှောင်လိုက်ပါတယ်။

သင့်မျက်နှာကို မှတ်တမ်းတင်ဖို့ အတွက် စက္ကန့်အနည်းငယ်လောက်ပဲကြာပါတယ်။ ဒါပေမယ့် လေ့လာမိသလောက် အခြားသူတစ်ဦးတစ်ယောက် ကို မှတ်တမ်းတင်ဖို့ ခွင့်ပြုထားခြင်းမရှိပါဘူး။ ရွေးချယ်စရာတစ်ခုရှိတာက ဖုန်းထဲမှာ သင် မှတ်ပုံတင်ထားတဲ့ သင့်မျက်နှာကို ဖျက်ပြီး နောက်တစ်ယောက်မျက်နှာထည့်လိုက်ဖို့ပါပဲ။ ဒီထက်ကောင်းတဲ့နည်းလမ်းရှာမတွေ့သေးပါဘူး။

Apple ကပေးတဲ့ဆင်ခြေကတော့ …..

သင့်ဖုန်းကို သင့်လက်မှာကိုင်ထားပြီဆိုကတည်းက လက်ငါးချောင်းရှိတဲ့အတွက် လက်မနဲ့ဖြစ်စေ၊ လက်ညှိုး၊ လက်ခလယ်၊ လက်သန်း ဖြစ်စေ ကြိုက်တာနဲ့ဖွင့်လို့ရပါတယ်။ ဒါပေမယ့် အခြားတစ်ဖက်မှာလည်း တစ်ခုတည်းရှိတဲ့ မျက်နှာကို မျက်နှာနဲ့ ဖွင့်တဲ့ ID ကို သုံးဖို့အတွက် လက်တွေကပဲကိုင်မြှောက်ထားပေးရပြန်တယ်။

ဒါပေမယ့်  Apple က ဒီဖြစ်နိုင်ခြေရှိတဲ့ မှန်းဆချက်အတွက် ပဲ ညီမျှခြင်းထုတ်ထားတာလားဆိုတာ မေးခွန်းထုတ်စရာဖြစ်နေပါတယ်။

လက်ဗွေရာစနစ်မှာကျတော့ လက်ငါးချောင်းထက်ပိုသုံးလို့ရတဲ့ အခန်းရှိတဲ့ အတွက် နှစ်ယောက်မျှသုံးတာကိစ္စတော့ မရှိပါဘူး။ ဘိုင်အိုမက်ထရစ်နည်းပညာက မျက်နှာနှစ်ခုကို လက်မခံပေမယ့်လည်း ဖုန်းတစ်လုံးကို နှစ်ယောက်မျှသုံးချင်သူအတွက်တော့ ဂဏန်းတွေနဲ့ စကားဝှက်ထားပြီး သုံးလို့ရပါသေးတယ်။ ဒါလည်း Apple ရဲ့ ဆင်ခြေတစ်ခုပါ။ သေချာအောင်လုုပ်ထားရမှာတစ်ခုက သင့်ဖုန်းကို သင်အပြင်တစ်ခြားသူတစ်ယောက်ကို iPhone X သုံးစေချင်ရင်တော့ စကားဝှက်ကို နှစ်ယောက်လုံးသိထားဖို့ပဲဖြစ်ပါတယ်။

Leave a comment

Your email address will not be published. Required fields are marked *