iPhone X မျက်နှာပြင်ရဲ့ ထူးခြားချက်များ

iPhone X ရဲ့မျက်နှာပြင်ဟာ တစ်ခြား iPhone Home မျက်နှာပြင်တွေနဲ့  အံဝင်ခွင်ကျဖြစ်လို့နေပါတယ်။

လွန်ခဲ့တဲ့ ဆယ်နှစ်လောက်က ၃.၅ လက်မရှိတဲ့ မူလအိုင်ဖုန်းတွေဟာ ရုပ်ထွက်အားဖြင့် 480×320 ရှိပြီး အရွယ်အစားအားဖြင့် ကြီးမားပြီး ကျယ်ဝန်းသောဖန်သားပြင်ရှိကာ ရုပ်ထွက်လည်း မြင့်တယ်လို့ သုံးသပ်ကြပါတယ်။

ဆယ်စုနှစ်တစ်ခုကြာတဲ့အခါမှာ iPhone X ရဲ့ စူပါရက်တီနာ ဖန်သားပြင်မှာ ကင်မရာချိန်တဲ့အခါမှာ သုံးတဲ့ အစက်အပြောက်များစွာပါဝင်ပြီး တစ်ခြား ၁၄ မျိုးသော iPhone Home မျက်နှာပြင်နဲ့ သူ့ရဲ့ OLED မျက်နှာပြင်မှာ သုံးလို့ရပါတယ်။ ဒီဟာက အံ့ဖွယ်တစ်ခုလို့ပြောလို့ရပါတယ်။

iPhone X မှာ အကြီးဆုံးနဲ့ စွမ်းဆောင်ရည်မြင့်မားတဲ့ ရုပ်ထွက်တွေပါဝင်ပြီး အရင်က ပါတဲ့ တစ်ခြား iPhone တွေနဲ့ယဉ်လိုက်ရင် အမြင့်ဆုံးလို့ပြောလို့ရပါတယ်။ ထောင့်ဖြတ်အနေနဲ့ သူ့မျက်နှာပြင်ဟာ ၅.၈ လက်မရှိပြီး ကင်မရာရိုက်တဲ့အခါမှာ သုံးတဲ့ ဆုံချက်ကို ထောင့်တွေအားလုံးမှာအသုံးပြုထားပြီး ရုပ်ထွက်အနေနဲ့ 2436×1125 ကိုသုံးထားပါတယ်။

အရင် iPhone 3.5 လက်မနဲ့ iPhone X ရဲ့ ၅.၈ လက်မတို့ နှိုင်းယဉ်ထားတာကို ကြည့်နိုင်ပါတယ်။

အရင် iPhone Home screen တွေ iPhone X ထဲမှာ သုံးလို့ရတယ်ဆိုတာကိုလည်း တွေ့နိုင်ပါတယ်။

ဒီလိုတီထွင် ဆန်းသစ်မှု တွေဟာ သင်တို့ကို iPhone X ရဲ့ မျက်နှာပြင်ဟာ ၂၀၂၇ မှာ ဘယ်လိုဖြစ်လာမလဲဆိုတာကို လေ့လာချင်လာအောင် စိတ်ဆွပေးနေပါတယ်။ မျက်နှာပြင်ဘယ်လောက်ထိကြီးလာနိုင်လဲ။ မျက်နှာပြင်တွေမှာ ဟိုလိုဂရမ်တွေ မြင်တွေ့လာရမှာလား။ iPhone ကို ခေါက်ဖုန်းလိုမျိုးမြင်တွေ့လာရမှာလား။ နောက်ထပ် ၁၀ နှစ်အတွင်းမှာ ဘယ်လိုဆက်ဖြစ်လာမလဲဆိုတာ စဉ်းစားရင်တော့ ရင်နာစရာကောင်းပါတယ်။ ဒါပေမယ့် တစ်ချိန်တည်းမှာပဲ စိတ်လှုပ်ရှားဖို့လဲကောင်းပါတယ်။

Source: Mashable

Leave a comment

Your email address will not be published. Required fields are marked *