သင်သောက်နေတဲ့ ဈေးကွက်ထဲက သစ်သီးဖျော်ရည်က ကျန်းမာရေးအတွက် အထောက်အကူပြုရဲ့လား

အခုလို ပူတဲ့ရာသီမှာ လူအများစုက အေးမြတဲ့ သစ်သီးဖျော်ရည် တစ်ခွက်ကို တမ်းတ တတ်ကြပါတယ်။ အရင်ခေတ်ကာလ မတိုးတက်စဉ်အချိန်က လူတွေဟာ သစ်သီးတွေကို သဘာဝအတိုင်း ခွဲခြမ်း စားသောက်လာကြတယ်။ သစ်သီးတွေကို အခွံနွှာစရာလိုရင် နွှာမယ်၊ ဖယ်စရာရှိတာတေ ွဖယ်မယ်။ ဒါမှမဟုတ် ဒီအတိုင်းစားရင်းနဲ့ပဲ မလိုတာတွေကို ချန်ထားတတ်ကြတယ်။ ခေတ်တွေ တိုးတက်လာတဲ့အခါမှာ ဒီသစ်သီးတွေကို ဖျော်ရည်အဖြစ် ဖျော်ပြီးသောက်လာကြပြန်တယ်။

ဒီလိုက တဆင့် လက်နဲ့ ဖျော်တဲ့အဆင့်ကနေ စက်တွေသုံးပြီး ဖျော်လာကြတယ်။ စက်တွေကိုသုံးတဲ့အချိန်မှာတော့ အရသာရှိတဲ့ အသီးအနှံစုံတွေကို ရောစပ်တီထွင်ပြီး စားသောက်လာကြပါတယ်။ ဒါတွေဟာ လတ်ဆတ်တဲ့ ဖျော်ရည် Fresh Juice တွေဖြစ်ပါတယ်။ အခုအခါမှာတော့ လူတွေဟာ လတ်ဆတ်တဲ့ ဖျော်ရည်တွေအစား ဈေးကွက်ထဲမှာ အသင့်ရနိုင်တဲ့ ဖျော်ရည်Juice တွေကို သောက်သုံးလာကြပါတယ်။ CNN သတင်းဌာန ရဲ့ ၂၀၁၇ခုနှစ် ဧပြီလ (၇)ရက်နေ့ ထုတ်ပြန်တဲ့သတင်းထဲမှာ အာဟာရပညာရှင်လည်းဖြစ်ပြီး ဂျာနယ်လစ် လည်းဖြစ်တဲ့ Lisa Drayer ကတော့ ဈေးကွက်ထဲက သင်သောက်နေတဲ့ Juice ဟာ ကျန်းမာရေးနဲ့ညီညွတ်ရဲ့လားလို့ မေးပြီး သတင်းဆောင်းပါးရေးသားဖေါ်ပြထားပါတယ်။

juice-shop

အသင့်သောက်သုံးရတဲ့ ဖျော်ရည်တွေရဲ့ အဓိက ပြသနာမှာ သကြားပါဝင်ပြီး ကယ်လိုရီများတဲ့ကိစ္စဖြစ်ပါတယ်။ တကယ်လို့ သင်က မဖြစ်မနေ အသင့် ဖျော်ထားတဲ့သစ်သီးဖျော်ရည်ကို ရွေးရမယ်ဆိုရင်တောင် သကြားဓါတ်ပါဝင်မှုပမာဏကို စစ်ဆေးဝယ်ယူပြီး ၁၀၀% Fresh Juice ကိုရွေးရမှာဖြစ်ပါတယ်။ ဈေးကွက်ထဲက သစ်သီးဖျော်ရည်အများစုဟာ ရေပါမယ်။ သကြားပါမယ်။ လူတွေဖန်တီးထားတဲ့ အရောင်နဲ့ အနံ့တွေပဲပါဝင်တတ်ပါတယ်။ ဒါ့အပြင် သဘာဝသစ်သီးဖျော်ရည်မှာ ပါဝင်တဲ့ အမျှင်ဓါတ်က လုံးဝမပါဝင်တာမို့ သောက်လိုက်ပြီးတဲ့အချိန်မှာ သွေးထဲသို့ သကြားဓါတ်တွေပဲတိုးဝင်လာတတ်တာမို့ ကျန်းမာရေးအတွက် အထောက်အကူမပြုနိုင်ပါဘူး။

အမေရိကန်နိုင်ငံရဲ့ အာဟာရလမ်းညွှန်ချက်အရဆိုရင် ၁၀၀% သစ်သီးဖျော်ရည်ဆိုရင်တောင်မှ တကယ့်သစ်သီး ဖျော်ရည်စစ်စစ်က ၅၀% ပဲပါဝင်တယ်လို့ဆိုပါတယ်။ ဆိုလိုတာ က ၁၀၀% သစ်သီးဖျော်ရည်တစ်ခွက်ကို သောက်ရင်တောင် ခွက်တစ်ဝက်က ပဲ သစ်သီးဖျော်ရည် စစ်စစ်ဖြစ်တယ်ဆိုတဲ့သဘောပါ။

သင့်ကျန်းမာရေးအတွက် နောက်ဆုံးအကြံပြုချင်တာကတော့ ပူပြင်းလှတဲ့ နွေမှာ သစ်သီးဖျော်ရည် တစ်ခွက်ကိုတမ်းတရင်တော့ တကယ့် သစ်သီးစစ်စစ်ကိုပဲ ကိုယ်နဲ့ သင်တော်တဲ့ပမာဏဖြစ်တဲ့ ခွက်အပြည့်လား၊ တဝက်လား ကိုယ်တိုင်သာစီမံလိုက်ပါလို့ အကြံပြုချင်ပါတယ်။ ဒီလိုမှမဟုတ်လို့ အရောင်းဆိုင်တွေပေါ်က သစ်သီးဖျော်ရည်တွေကို ဝယ်ယူသောက်သုံးရမယ်ဆိုရင်တော့ ဒီဖျော်ရည်ဟာ ကျန်းမာရေးနဲ့ ညီညွတ်ရဲ့လားဆိုတဲ့ မေးခွန်းကို ကိုယ့် ဘာသာပြန်မေးဖို့မမေ့ပါနဲ့။ ကျန်းမာသုခနဲ့ပြည့်စုံပါစေ။

Zawgyi Font : သင္ေသာက္ေနတဲ႔ ေစ်းကြက္ထဲက သစ္သီးေဖ်ာ္ရည္က က်န္းမာေရးအတြက္ အေထာက္အကူျပဳရဲ႕လား

juice

အခုလို ပူတဲ႔ရာသီမွာ လူအမ်ားစုက ေအးျမတဲ႔ သစ္သီးေဖ်ာ္ရည္ တစ္ခြက္ကို တမ္းတ တတ္ၾကပါတယ္။ အရင္ေခတ္ကာလ မတိုးတက္စဥ္အခ်ိန္က လူေတြဟာ သစ္သီးေတြကို သဘာ၀အတိုင္း ခြဲျခမ္း စားေသာက္လာၾကတယ္။ သစ္သီးေတြကို အခြံႏႊာစရာလိုရင္ ႏႊာမယ္၊ ဖယ္စရာရွိတာေတ ြဖယ္မယ္။ ဒါမွမဟုတ္ ဒီအတိုင္းစားရင္းနဲ႔ပဲ မလိုတာေတြကို ခ်န္ထားတတ္ၾကတယ္။ ေခတ္ေတြ တိုးတက္လာတဲ႔အခါမွာ ဒီသစ္သီးေတြကို ေဖ်ာ္ရည္အျဖစ္ ေဖ်ာ္ျပီးေသာက္လာၾကျပန္တယ္။

ဒီလိုက တဆင္႔ လက္နဲ႔ ေဖ်ာ္တဲ႔အဆင္႔ကေန စက္ေတြသံုးျပီး ေဖ်ာ္လာၾကတယ္။ စက္ေတြကိုသံုးတဲ႔အခ်ိန္မွာေတာ႔ အရသာရွိတဲ႔ အသီးအႏွံစံုေတြကို ေရာစပ္တီထြင္ျပီး စားေသာက္လာၾကပါတယ္။ ဒါေတြဟာ လတ္ဆတ္တဲ႔ ေဖ်ာ္ရည္ Fresh Juice ေတြျဖစ္ပါတယ္။ အခုအခါမွာေတာ႔ လူေတြဟာ လတ္ဆတ္တဲ႕ ေဖ်ာ္ရည္ေတြအစား ေစ်းကြက္ထဲမွာ အသင့္ရႏိုင္တဲ႔ ေဖ်ာ္ရည္Juice ေတြကို ေသာက္သံုးလာၾကပါတယ္။ CNN သတင္းဌာန ရဲ႕ ၂၀၁၇ခုႏွစ္ ဧျပီလ (၇)ရက္ေန႔ ထုတ္ျပန္တဲ႔သတင္းထဲမွာ အာဟာရပညာရွင္လည္းျဖစ္ျပီး ဂ်ာနယ္လစ္ လည္းျဖစ္တဲ႔ Lisa Drayer ကေတာ႔ ေစ်းကြက္ထဲက သင္ေသာက္ေနတဲ႔ Juice ဟာ က်န္းမာေရးနဲ႔ညီညြတ္ရဲ႕လားလို႔ ေမးျပီး သတင္းေဆာင္းပါးေရးသားေဖၚျပထားပါတယ္။

juice-shop

အသင္႕ေသာက္သံုးရတဲ႕ ေဖ်ာ္ရည္ေတြရဲ႕ အဓိက ျပသနာမွာ သၾကားပါ၀င္ျပီး ကယ္လိုရီမ်ားတဲ႔ကိစၥျဖစ္ပါတယ္။ တကယ္လို႔ သင္က မျဖစ္မေန အသင့္ ေဖ်ာ္ထားတဲ႕သစ္သီးေဖ်ာ္ရည္ကို ေရြးရမယ္ဆိုရင္ေတာင္ သၾကားဓါတ္ပါ၀င္မွဳပမာဏကို စစ္ေဆး၀ယ္ယူျပီး ၁၀၀% Fresh Juice ကိုေရြးရမွာျဖစ္ပါတယ္။ ေစ်းကြက္ထဲက သစ္သီးေဖ်ာ္ရည္အမ်ားစုဟာ ေရပါမယ္။ သၾကားပါမယ္။ လူေတြဖန္တီးထားတဲ႔ အေရာင္နဲ႔ အနံ႔ေတြပဲပါ၀င္တတ္ပါတယ္။ ဒါ႔အျပင္ သဘာ၀သစ္သီးေဖ်ာ္ရည္မွာ ပါ၀င္တဲ့ အမွ်င္ဓါတ္က လံုး၀မပါ၀င္တာမို႔ ေသာက္လိုက္ျပီးတဲ႔အခ်ိန္မွာ ေသြးထဲသို႔ သၾကားဓါတ္ေတြပဲတိုး၀င္လာတတ္တာမို႔ က်န္းမာေရးအတြက္ အေထာက္အကူမျပဳႏိုင္ပါဘူး။

အေမရိကန္ႏိုင္ငံရဲ႕ အာဟာရလမ္းညႊန္ခ်က္အရဆိုရင္ ၁၀၀% သစ္သီးေဖ်ာ္ရည္ဆိုရင္ေတာင္မွ တကယ့္သစ္သီး ေဖ်ာ္ရည္စစ္စစ္က ၅၀% ပဲပါ၀င္တယ္လို႔ဆိုပါတယ္။ ဆိုလိုတာ က ၁၀၀% သစ္သီးေဖ်ာ္ရည္တစ္ခြက္ကို ေသာက္ရင္ေတာင္ ခြက္တစ္၀က္က ပဲ သစ္သီးေဖ်ာ္ရည္ စစ္စစ္ျဖစ္တယ္ဆိုတဲ႕သေဘာပါ။

သင္႕က်န္းမာေရးအတြက္ ေနာက္ဆံုးအၾကံျပဳခ်င္တာကေတာ႔ ပူျပင္းလွတဲ႔ ေႏြမွာ သစ္သီးေဖ်ာ္ရည္ တစ္ခြက္ကိုတမ္းတရင္ေတာ႔ တကယ့္ သစ္သီးစစ္စစ္ကိုပဲ ကိုယ္နဲ႔ သင္ေတာ္တဲ႔ပမာဏျဖစ္တဲ႔ ခြက္အျပည္႔လား၊ တ၀က္လား ကိုယ္တိုင္သာစီမံလိုက္ပါလို႔ အၾကံျပဳခ်င္ပါတယ္။ ဒီလိုမွမဟုတ္လို႔ အေရာင္းဆိုင္ေတြေပၚက သစ္သီးေဖ်ာ္ရည္ေတြကို ၀ယ္ယူေသာက္သံုးရမယ္ဆိုရင္ေတာ႔ ဒီေဖ်ာ္ရည္ဟာ က်န္းမာေရးနဲ႔ ညီညြတ္ရဲ႕လားဆိုတဲ့ ေမးခြန္းကို ကိုယ့္ ဘာသာျပန္ေမးဖို႔မေမ႔ပါနဲ႕။ က်န္းမာသုခနဲ႔ျပည္႔စံုပါေစ။

Leave a comment

Your email address will not be published. Required fields are marked *