2PM အဖွဲ့မှ အဆိုတော် ဂျွန်ကေ ၉ပေအမြင့်ရှိသော စင်ပေါ်မှပြုတ်ကျ

ကိုးရီးယား K Pop အဆိုတော် အဖွဲ့တစ်ဖွဲ့ဖြစ်တဲ့ 2PM မှ အဆိုတော် ဂျွန်ကေ တစ်ယောက် စင်ပေါ်မှာ သီဆို ဖျော်ဖြေရင်း ၉ ပေအမြင့်ရှိတဲ့ စင်ပေါ်ကနေ အောက်ကို ပြုတ်ကျသွားတယ်လို့ သိရပါတယ်။ 2PM အဖွဲ့ဟာ ၆ ည တိုင်တိုင် ဖျော်ဖြေပွဲရှိတာ ဖြစ်ပြီး ဂျွန်ကေ စင်ပေါ်မှ ပြုတ်ကျသွားတဲ့အတွက် ပွဲကို ဖျက်သိမ်းလိုက်ရတယ်လို့ JYP Entertainment က ကြေငြာခဲ့ပါတယ်။ စင်ရဲ့ ဖွဲ့စည်းပုံက safely မဖြစ်တဲ့အပြင် ထိပ်ဆုံးနားမှာ ကာကွယ်ထားခြင်း မရှိတဲ့ ပုံစံမျိုး ဖြစ်နေတာကြောင့် သီချင်းဆိုရင်း ပြုတ်ကျသွားတာ ဖြစ်ပါတယ်။ အောက်ပါပုံကတော့ ဂျွန်ကေ ပြုတ်ကျတဲ့ စင် ဖြစ်ပါတယ်။

လက်ရှိမှာ ဂျွန်ကေ ဟာ ဆေးရုံတင်ထားရပြီး ညာဘက် တံတောင်နဲ့ လက်ချောင်းလေးတွေ ကျိုးသွားပါတယ်။ ဒါ့အပြင် ရင်အုပ်နဲ့ ဒူးဒဏ်ရာများလည်း ရခဲ့ပါတယ်။ ဆရာဝန်ကတော့ ရင်ဘတ်အောင့်နေတာကို အသေးစိတ်စစ်ဆေးမှုများ ပြုလုပ်သွားမှာ ဖြစ်ပြီး လက်ရှိမှာ အနားယူရမယ်လို့ ပြောပါတယ်။ ဒါကြောင့်လဲ JYP Entertainment အနေနဲ့ ၆ ည တိုင်တိုင်ကျင်းပမယ့် ဖျော်ဖြေပွဲကိုလည်း ဖျက်သိမ်းလိုက်ရတာ ဖြစ်ပါတယ်။ ဂျွန်ကေ မပါဘဲ ပွဲကို ဆက်မလုပ်ဘဲ ဖျက်သိမ်းလိုက်တာ ဖြစ်ပါတယ်။

Leave a comment

Your email address will not be published.