Kabul ရှိ မင်္ဂလာဆောင်တစ်ခုတွင် ဗုံးခွဲတိုက်ခိုက်ခြင်းခံခဲ့ရသဖြစ် လူ ၆၃ ဦးသေဆုံးကာ အများအပြားဒဏ်ရာရ

ဩဂုတ်လ (၁၇)ရက် စနေနေ့က အာဖကန်နစ္စတန်Kabul မြို့ရှိ မင်္ဂလာဆောင်တစ်ခုတွင် အသေခံဗုံးခွဲ တိုက် ခိုက် မှုတစ်ခု ဖြစ်ပွားခဲ့ရာ လူ ၆၃ ဦးသေဆုံးခဲ့ကာ ၁၈၀ ထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရပါတယ်။ ထိုတိုက် ခိုက်မှုရဲ့နောက်ကွယ်မှာ အစ္စလမ်အစွန်းရောက်တွေဖြစ်တဲ့ IS များတည်ရှိနေတာဖြစ်ကြောင်း IS အဖွဲ့၏ ထုတ်ပြန် ချက်အရသိရပါတယ်။

ဗုံးပေါက်ကွဲမှုဟာ ဒေသစံတော်ချိန် 22:40 (18.10 GMT) တွင်ဖြစ်ပြီး မင်္ဂလာဆောင်အတွင်းရှိ လူများအားလုံး ထွက်ပြေးခဲ့ရကာ မင်္ဂလာပွဲမှ အမင်္ဂလာပွဲအဖြစ်သို့ ပြောင်းလဲသွားခဲ့ရပါတယ်။ သမ္မတ Ashraf Ghani က သေဆုံး သွားခဲ့တဲ့ လူတွေအတွက် ဝမ်းနည်းကြောင်းပြောကြားခဲ့ပြီး ယခုလိုလုပ်ရပ်ဟာ အလွန်ကို ဆိုးဝါးတဲ့လုပ်ရက် တစ်ခု ဖြစ် ကြောင်း အပြစ်တင်ရှုတ်ချခဲ့ပါတယ်။ အာဖဂန်စစ်တပ်ကတော့ ယခုတိုက်ခိုက်မှုမှာ IS အပြင် တာလီဘန်တွေပါ ပါဝင် ကြောင်းပြောခဲ့သော်လည်း တာလီဘန်တွေကတော့ ယခုကိစ္စနဲ့ ပတ်သက်မှုမရှိကြောင်းနဲ့ ယခုလုပ်ရပ်ကိုလည်း အပြစ် တင်ရှုတ်ချခဲ့ပါတယ်။

သတို့သားဖြစ်သူ Mirwais က ယခုလိုဖြစ်ရပ်ဟာ အလွန်ရက်စက်စွာ သတ်ဖြတ်ခြင်းတစ်ခုဖြစ်ပြီး သူ့ရဲ့ ညီအစ်ကိုများ၊ သူငယ်ချင်းများနဲ့ ဆွေမျိုးများ သေဆုံးခဲ့ရပြီး သူရော သူ့ဇနီးရော စိတ်ဓာတ်တွေအလွန် ကျဆင်းနေတဲ့အတွက် အသုဘ ပို့ တောင် မသွားနိုင်ဘူးလို့ ပြောပြခဲ့ပါတယ်။ သတို့သား၏ ဖခင်ပြောပြချက်အရ သူ့ရဲ့ မိသားစုဝင် ၁၄ ဦးသေဆုံး သွားခဲ့ ကြောင်းသိရပါတယ်။

အာဖဂန်တွင် ယခုလို့ IS နဲ့ စစ်တပ်တို့ တိုက်ခိုက်မှုဖြစ်ပွားနေတာ နှစ်ချီကြာခဲ့ပြီဖြစ်ပြီး ယခုကိစ္စမဖြစ်ပွားမီ ၁၀ရက် လောက်က Kabul ၏ရဲစခန်းအပြင်ဘက်တွင် တာလီဘန်များက ဗုံးခွဲတိုက်ခိုက်ခဲ့သဖြစ် ၁၄ ဦးသေဆုံးကာ ၁၅၀ လောက် ထိခိုက်ဒဏ်ရာရရှိခဲ့ပါသေးတယ်။ အမေရိကန်သမ္မတ Trump ကလည်း IS နဲ့ အာဖဂန်တို့အကြား ငြိမ်းချမ်းရေး ရရှိ ဖို့ရန်အတွက် သဘောတူစာချုပ်ချုပ်ဆိုနိုင်ရန် ကြိုးစားနေသော်လည်း ယခုအချိန်အထိအောင်မြင်မှုမရတဲ့အပြင် ၂၀၀၁ ခုနှစ်က IS များသိမ်းပိုက်ထားနိုင်တဲ့ နယ်မြေထက် ပိုမိုသိမ်းပိုက်ထားနိုင်တာကို တွေ့မြင်ရပါတယ်။

Source : BBC News

Leave a comment

Your email address will not be published. Required fields are marked *