Credit Card အရွယ်အစားလောက်ဘဲ ရှိတဲ့ Kado Charger

ကျွန်တော်တို့ ယခုလက်ရှိသုံးနေတဲ့ အားသွင်း charger တွေဟာ ထုထည်ကြီးမားတဲ့အတွက် သယ်ဆောင်တဲ့ အခါမှာ ဖုထွက်နေတာတွေ၊ ကြိုးကိုမပျက်စီးရအောင် ဖြုတ်ပြီးမှာ ယူသွားရတာတို့ အစရှိတဲ့ ဒုက္ခတွေနဲ့ ရင်ဆိုင်ရ ပါတယ်။ ဒီကိစ္စကို အစ္စရေးပညာရှင်တစ်စုက Kado ကလေးနဲ့ဖြေရှင်းပေးလိုက်ပါပြီး။

Kado ဟာ ကျွန်တော်တို့အသုံးပြုနေတဲ့ credit card ပုံစံ အရွယ်အစားရှိပြီး ကျွန်တော်တို့ကိုင်ထားတဲ့ ဖုန်းထပ်ပါးပါတယ်။ ဒါကြောင့် သယ်သွားသယ်လာလုပ်တဲ့ အခါအရမ်းကိုအဆင်ပြေပါတယ်။ ပိုက်ဆံအိတ်ထဲမှာ အလွယ်တကူ ထည့်သွားလို့လဲရပါတယ်။ Kado ဟာ 2.1A စွမ်းအားကိုထုတ်ပေးနိုင်တဲ့အတွက် အားသွင်းရာမှာ အရမ်းမြန်ပြီး 85cm အရှည်ရှိတဲ့ အားသွင်းကြိုးဟာ စနစ်တကျသေသပ်စွာတည်ရှိနေပါတယ်။ Kado ကို iPhone နဲ့ Android စမတ်ဖုန်းတွေ မှာ အသုံးပြုနိုင်ပြီး MicroUSB,USB Type-C တို့နဲ့ ချိတ်ဆက်ပြီးအသုံးပြုလို့ရပါတယ်။ ဒါ့အပြင် မိမိရဲ့ဖုန်းနဲ့ ကွန်ပြူတာကို ချိတ်ဆက်လိုပါကလဲ Kado မှာပါရှိတဲ့ ကြိုးကိုအလွယ်တကူဖြုတ်ယူ အသုံးပြုနိုင်မှာဖြစ်ပါတယ်။

Kado Charger ကို အများနဲ့ဝယ်ယူမယ်ဆိုရင်ဖြင့် $35 ကျသင့်မှာဖြစ်ပြီး တစ်ခုခြင်း လက်လီ ဝယ်ရင်ဖြင့် $59 မှ $69 ထိကျသင့်မှာဖြစ်တယ်လို့သိရပါတယ်။ မြန်မာငွေနဲ့ တွက်ကြည့်မယ်ဆိုရင် ၉သောင်းကျော်ခန့် တန်ဖိုးငွေ ရှိပါတယ်။

Zawgyi Font : Credit Card အရြယ္အစားေလာက္ဘဲ ရွိတဲ့ Kado Charger

ကၽြန္ေတာ္တို႔ ယခုလက္ရွိသံုးေနတဲ့ အားသြင္း charger ေတြဟာ ထုထည္ၾကီးမားတဲ့အတြက္ သယ္ေဆာင္တဲ့ အခါမွာ ဖုထြက္ေနတာေတြ၊ ၾကိဳးကိုမပ်က္စီးရေအာင္ ျဖဳတ္ျပီးမွာ ယူသြားရတာတို႔ အစရွိတဲ့ ဒုကၡေတြနဲ႔ ရင္ဆိုင္ရ ပါတယ္။ ဒီကိစၥကို အစၥေရးပညာရွင္တစ္စုက Kado ကေလးနဲ႔ေျဖရွင္းေပးလိုက္ပါျပီး။

Kado ဟာ ကၽြန္ေတာ္တို႔အသံုးျပဳေနတဲ့ credit card ပံုစံ အရြယ္အစားရွိျပီး ကၽြန္ေတာ္တို႔ကိုင္ထားတဲ့ ဖုန္းထပ္ပါးပါတယ္။ ဒါေၾကာင့္ သယ္သြားသယ္လာလုပ္တဲ့ အခါအရမ္းကိုအဆင္ေျပပါတယ္။ ပိုက္ဆံအိတ္ထဲမွာ အလြယ္တကူ ထည့္သြားလို႔လဲရပါတယ္။ Kado ဟာ 2.1A စြမ္းအားကိုထုတ္ေပးႏိုင္တဲ့အတြက္ အားသြင္းရာမွာ အရမ္းျမန္ျပီး 85cm အရွည္ရွိတဲ့ အားသြင္းၾကိဳးဟာ စနစ္တက်ေသသပ္စြာတည္ရွိေနပါတယ္။ Kado ကို iPhone နဲ႕ Android စမတ္ဖုန္းေတြ မွာ အသံုးျပဳႏုိင္ျပီး MicroUSB,USB Type-C တို႔နဲ႕ ခ်ိတ္ဆက္ျပီးအသံုးျပဳလို႔ရပါတယ္။ ဒါ့အျပင္ မိမိရဲ႕ဖုန္းနဲ႔ ကြန္ျပဴတာကို ခ်ိတ္ဆက္လိုပါကလဲ Kado မွာပါရွိတဲ့ ၾကိဳးကိုအလြယ္တကူျဖဳတ္ယူ အသံုးျပဳႏိုင္မွာျဖစ္ပါတယ္။

Kado Charger ကို အမ်ားနဲ႔၀ယ္ယူမယ္ဆိုရင္ျဖင့္ $35 က်သင့္မွာျဖစ္ျပီး တစ္ခုျခင္း လက္လီ ၀ယ္ရင္ျဖင့္ $59 မွ $69 ထိက်သင့္မွာျဖစ္တယ္လို႔သိရပါတယ္။ ျမန္မာေငြနဲ႕ တြက္ၾကည့္မယ္ဆိုရင္ ၉ေသာင္းေက်ာ္ခန္႕ တန္ဖိုးေငြ ရွိပါတယ္။

Leave a comment

Your email address will not be published. Required fields are marked *