ဘာသာရေးစော်ကားမှုကြောင့် ဝေဖန်ခံနေရတဲ့ အဆိုတော် Katy Perry

နာမည်ကျော်အဆိုတော် Katy Perry ဟာ သူမရဲ့ Instagram ပေါ်မှာ ဟိန္ဒူဘာသာဝင်များရဲ့ ကိုးကွယ်အားထားရာ ဟိန္ဒူနတ်ဘုရားတစ်ပါးရဲ့ပုံတော်ကို အပျော်သဘောအနေနဲ့ တင်သွားခဲ့တာကြောင့် ဟိန္ဒူဘာသာဝင်များရဲ့ ဝေဖန်တိုက်ခိုက်မှုများနဲ့ ရင်ဆိုင်နေရပါတယ်။

အသက် ၃၂နှစ်အရွှယ်ရှိ Katy Perry ဟာ Kali နတ်ဘုရားရဲ့ပုံတော်ကို သူမရဲ့ Instagram ပေါ်မှာ အခုလက်ရှိခံစားချက်ဆိုတဲ့ စာသားနဲ့အတူ ဖော်ပြသွားခဲ့တာဖြစ်လို့ အတော်လေးကို အုတ်အုတ်သောင်းနင်း ဖြစ်သွားခဲ့ရပါတယ်။ Kali နတ်ဘုရားဟာ ဟိန္ဒူဘာသာဝင်များ ကိုးကွယ်ရာ နတ်ဘုရားတစ်ပါးဖြစ်ပါတယ်။ ဒီလို တခြားဘာသာဝင်တို့ရဲ့ ကိုးကွယ်ယုံကြည်ရာကို ပေါ့ပေါ့လေးလုပ်ပြီး ဖော်ပြခဲ့တဲ့ Katy Perry ရဲ့လုပ်ရက်ကြောင့် ဟိန္ဒူဘာသာဝင်များအပါအဝင် လူအများအပြားက ဝိုင်းဝန်းဝေဖန်ခဲ့ကြပါတယ်။ လူတစ်ဦးက သူတို့ရဲ့နတ်ဘုရားကို စိတ်ခံစားချက် ဖော်ပြရမှာ အခုလိုသုံးစွဲခြင်းက တအားကိုရိုင်းစိုင်းကြောင်း သီချင်းတွေကို ကြိုက်နှစ်သက်ပေမယ့် အခုလုပ်ရက်ကတော့ ဟိန္ဒူဘာသာဝင်တွေကိုရော အိန္ဒိယနိုင်ငံသားတွေကို စော်ကားပုတ်ခုတ်နေသလို ဖြစ်နေကြောင်း ဒေါသတကြီးနဲ့ မှတ်ချက်ပြုသွားခဲ့ပါတယ်။

katy-perry-status

အခုလို ဟိန္ဒူဘာသာဝင်တွေရဲ့ ဝေဖန်မှုကိုခံနေရတဲ့ Katy Perry ဟာ သူရဲ့ပထမဦးဆုံး ခင်ပွန်းသည်ဖြစ်သူ ဟာသသရုပ်ဆောင် Russell Brand နဲ့ မင်္ဂလာဆောင်ခဲ့စဉ်က အိန္ဒိယနိုင်ငံ Rajasthan မှာရှိတဲ့ အမျိုးသားဥယျာဉ်အတွင်း ဟိန္ဒူဘာသာဝင်တွေရဲ့ ဓလေ့ထုံးစံအတိုင်းနဲ့ မင်္ဂလာပွဲကို ကျင်းပခဲ့ဖူးပါတယ်ခင်ဗျာ

Zawgyi Font : ဘာသာေရးေစာ္ကားမႈေၾကာင့္ ေဝဖန္ခံေနရတဲ႔ အဆုိေတာ္ Katy Perry

katy perry

နာမည္ေက်ာ္အဆုိေတာ္ Katy Perry ဟာ သူမရဲ႕ Instagram ေပၚမွာ ဟိႏၵဴဘာသာဝင္မ်ားရဲ႕ ကုိးကြယ္အားထားရာ ဟိႏၵဴနတ္ဘုရားတစ္ပါးရဲ႕ပုံေတာ္ကုိ အေပ်ာ္သေဘာအေနနဲ႔ တင္သြားခဲ႔တာေၾကာင့္ ဟိႏၵဴဘာသာဝင္မ်ားရဲ႕ ေဝဖန္တုိက္ခုိက္မႈမ်ားနဲ႔ ရင္ဆုိင္ေနရပါတယ္။

အသက္ ၃၂ႏွစ္အရႊယ္ရွိ Katy Perry ဟာ Kali နတ္ဘုရားရဲ႕ပုံေတာ္ကုိ သူမရဲ႕ Instagram ေပၚမွာ အခုလက္ရွိခံစားခ်က္ဆုိတဲ႔ စာသားနဲ႔အတူ ေဖာ္ျပသြားခဲ႔တာျဖစ္လုိ႔ အေတာ္ေလးကုိ အုတ္အုတ္ေသာင္းနင္း ျဖစ္သြားခဲ႔ရပါတယ္။ Kali နတ္ဘုရားဟာ ဟိႏၵဴဘာသာဝင္မ်ား ကုိးကြယ္ရာ နတ္ဘုရားတစ္ပါးျဖစ္ပါတယ္။ ဒီလုိ တျခားဘာသာဝင္တုိ႔ရဲ႕ ကုိးကြယ္ယုံၾကည္ရာကုိ ေပါ့ေပါ့ေလးလုပ္ၿပီး ေဖာ္ျပခဲ႔တဲ႔ Katy Perry ရဲ႕လုပ္ရက္ေၾကာင့္ ဟိႏၵဴဘာသာဝင္မ်ားအပါအဝင္ လူအမ်ားအျပားက ဝုိင္းဝန္းေဝဖန္ခဲ႔ၾကပါတယ္။ လူတစ္ဦးက သူတုိ႔ရဲ႕နတ္ဘုရားကုိ စိတ္ခံစားခ်က္ ေဖာ္ျပရမွာ အခုလုိသုံးစြဲျခင္းက တအားကုိရုိင္းစုိင္းေၾကာင္း သီခ်င္းေတြကုိ ႀကိဳက္ႏွစ္သက္ေပမယ့္ အခုလုပ္ရက္ကေတာ့ ဟိႏၵဴဘာသာဝင္ေတြကုိေရာ အိႏိၵယႏုိင္ငံသားေတြကုိ ေစာ္ကားပုတ္ခုတ္ေနသလုိ ျဖစ္ေနေၾကာင္း ေဒါသတႀကီးနဲ႔ မွတ္ခ်က္ျပဳသြားခဲ႔ပါတယ္။

katy-perry-status

အခုလုိ ဟိႏၵဴဘာသာဝင္ေတြရဲ႕ ေဝဖန္မႈကုိခံေနရတဲ႔ Katy Perry ဟာ သူရဲ႕ပထမဦးဆုံး ခင္ပြန္းသည္ျဖစ္သူ ဟာသသရုပ္ေဆာင္ Russell Brand နဲ႔ မဂၤလာေဆာင္ခဲ႔စဥ္က အိႏိၵယႏုိင္ငံ Rajasthan မွာရွိတဲ႔ အမ်ိဳးသားဥယ်ာဥ္အတြင္း ဟိႏၵဴဘာသာဝင္ေတြရဲ႕ ဓေလ့ထုံးစံအတုိင္းနဲ႔ မဂၤလာပြဲကုိ က်င္းပခဲ႔ဖူးပါတယ္ခင္ဗ်ာ

Leave a comment

Your email address will not be published. Required fields are marked *