KIA နဲ့ တပ်မတော်တို့ အကြားတိုက်ပွဲပြင်းထန်

ကချင်ပြည်နယ် တနိုင်းမြို့မှာ ကချင်လက်နက်ကိုင် KIA အဖွဲ့နှင့် မြန်မာ့ တပ်မတော်တို့ အကြား တိုက်ပွဲဟာ ပိုမိုပြင်းထန်လာတယ်လို့ သိရှိရပါတယ်။ ထို့ပြင် IDP ဒုက္ခသည်စခန်းတွေမှာလည်း စာနပ်ရိက္ခာပြတ်လပ်မှုတွေနဲ့ ရင်ဆိုင်နေရပြီး တိုက်ပွဲဖြစ်နေတဲ့ စစ်ပြေပြင်အတွင်းမှာ အရပ်သား ၂ထောင်လောက်ဟာ ပိတ်မိနေတယ်လို့ သိရှိရပါတယ်။

တိုက်ပွဲအတွင်း သေဆုံးသူနဲ့ ထိခိုက်မှု အခြေအနေကို ၂ဖက်လုံးက ထုတ်ပြန်နကြေငြာခြင်းမရှိသော်လည်း လေကြောင်း တိုက်ခိုက်မှုနဲ့ လက်နက်ကြီး ပစ်ခတ်မှုတွေအတွင်းမှာတော့ အရပ်သား ၂ဦးထပ်မနည်း သေဆုံးခဲ့ပြီး ဒဏ်ရာရရှိသူတွေလည်း အများအပြားရှိနေတယ်လို့ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်အတွင်း လူသားချင်း စာနာ ထောက်ထားရေး အကူအညီ ပေးနေတဲ့ ဒေသခံအဖွဲ့ ၉ဖွဲ့ပါ ပူးပေါင်း လုပ်ငန်းစဉ် အဖွဲ့အတွင်းရေးမှူး ဦးဂွမ်ရှာအောင်ရဲ့ ပြောပြမှုအရသိရှိရပါတယ်။

ဇန်နဝါရီလ ၂၈ရက်နေ့အထိ တိုက်ခိုက်မှုတွေဟာ ပြင်းထန်နေခဲ့ပြီး ပိတ်မိနေတဲ့ အရပ်သားတွေရှိရာနေရာနဲ့ မလှမ်းမကမ်းမှာ လက်နက်ကြီးကျခဲ့လို့ ထိတ်လန့်နေကြတယ်လို့ သိရှိရပါတယ်။

Leave a comment

Your email address will not be published. Required fields are marked *