Kingsmeadow ကွင်းမှာ ကျင်းပမည့် အမျိုးသမီး Champion’s League ပွဲ ကြည့်ပရိတ်သတ်ရဲ့ ကားထဲတွင် လက်နက်နှင့် ဆေးဝါးများ တွေ့ရှိ

လန်ဒန်ရှိ Kingsmeadow ကွင်းမှာကျင်းပမယ့် PSG နဲ့ Chelsea အသင်းတို့ရဲ့ အမျိုးသမီး Champion’s League ပြိုင်ပွဲသို့ လာရောက်ကြတဲ့ PSG ပွဲကြည့်ပရိတ်သတ်တွေစီးလာတဲ့ ကားထဲမှာ လက်နက်များနဲ့ Class A အ ဆင့်ရှိတဲ့ ဆေးဝါးများကို ဖမ်းဆီးရမိခဲ့ပါတယ်။

အဆိုပါပွဲတွင် PSG ဘက်မှ ပရိတ်သတ်ပေါင်း ၅၀ကျော်ကို Kingsmeadow ကွင်းက တက်ရောက်ခွင့် ပိတ်ခဲ့တယ်လို့ သိရပါတယ်။ လက်နက်နှင့် ဆေးဝါးများ သယ်ဆောင်လာတဲ့ ပွဲကြည့်ပရိတ်သတ်ကားဟာ ပဲရစ်မှ ညဘက်တွင် မောင်း လာတာလို့ သိရပါတယ်။ ရဲများဟာ ၎င်းသတင်းကို 8:00 GTM မှာ ရရှိထားပြီး ၎င်းကားကို စောင့်ဖမ်းခဲ့တာ ဖြစ် ပါတယ်။

ရဲအရာရှိရဲ့ ပြောကြားချက်အရ ဖမ်းဆီးရမိတဲ့ ပစ္စည်းတွေထဲမှာ အိတ်ဆောင်ဓားများ၊ သံလက်သီးကွင်း နဲ့ Class A အဆင့်ရှိ ဆေးဝါးများပါဝင်ကြောင်း သိရှိရပါတယ်။ ပြိုင်ပွဲဟာ ဒေသစံတော်ချိန် 19:05 မှာ စတင်မှာဖြစ်ပြီး ပြိုင်ပွဲမစ မီအချိန်ကတည်းက Kingsmeadow ကွင်းရဲ့ တံခါးတစ်ချပ်ဟာ ကျိုးနေပြီး မြေပေါ်မှာလည်း pro-PSG ဆိုတဲ့ စာသား တွေကို မှုတ်ဆေးနဲ့ ရေးထားတယ်လို့သိရပါတယ်။

Source : BBC

Leave a comment

Your email address will not be published. Required fields are marked *