KLM မှ ဆီကုန်သက်သာစေမည့် V ပုံစံရှိ Flying-V လေယာဉ်ကို မိတ်ဆက်

Dutch နိုင်ငံရှိ KLM Royal Dutch လေကြောင်းလိုင်းက ဆီကုန်သက်သာမည့် V ပုံသဏ္ဍာန်ရှိ Flying-V လေ ယာဉ်ကို မိတ်ဆက်ပေးခဲ့တာဖြစ်ပါတယ်။Flying-Vကိုတည်ဆောက်ဖို့အတွက် အကြံကို ဘာလင်မှ နည်းပညာ ကျောင်း သားဖြစ်တဲ့ Justus Benad က ရရှိခဲ့တာဖြစ်တယ်လို့သိရှိရပါတယ်။ Justus Benad ရဲ့အကြံကို TU Delft လို့ ခေါ် တဲ့ Delft နည်းပညာတက္ကသိုလ်ရှိ သုတေသီများက အကောင်အထည်ဖော်ခဲ့တာဖြစ်ပါတယ်။

KLM ရဲ့ စီအီးအိုလည်းဖြစ်သူ ဥက္ကဌ Pieter Elbers ရဲ့ ပြောပြချက်အရ Flying-V ဟာ Arbus A350-900 ထက် ၂၀% ပိုပြီး ဆီကုန်သက်သာမှာဖြစ်ပါတယ်။ လေယာဉ်ကိုယ်ထည်ဟာ Arbus A350-900 လိုပဲ ၆၅မီတာ ရှိမှာ ဖြစ် ပြီး အနံကတော့ ၅၅မီတာနဲ့ အမြင့်က ၆၅မီတာ ရှိမှာဖြစ်ပါတယ်။ သို့သော် တင်နိုင်တဲ့ ခရီးသည် အရည်အတွက် က တော့ Arbus A350-900 ထက်နည်းတာကိုတွေ့ရပါတယ်။ Flying-V က ၃၁၄ဦးအထိသာတင်နိုင်မှာဖြစ်ပြီး Arbus A350-900 ကတော့ ၃၅၀ဦးအထိ တင်နိုင်တယ်လို့ သိရပါတယ်။

Flying-V ရဲ့ ကိုယ်ထည်ပုံစံဟာ အခြားသောလေယာဉ်တွေထက် လေခွဲမှုအားပိုကောင်းမှာဖြစ်ပါတယ်။ ခရီးသည်များ၊ လေယာဉ်၏ဆီကန်နှင့် ကုန်ပစ္စည်းအခန်းတို့ဟာ လေယာဉ်ရဲ့တောင်ပံထဲမှာ တည်ရှိနေမှာဖြစ်ပါတယ်။ Flying-V ဟာ ယခုလက်ရှိအသုံးပြုနေတဲ့ လေယာဉ်တွေနဲ့အရွယ်အစားတူညီတဲ့အတွက် လက်ရှိလေယာဉ်ကွင်းတွေမှာ အသုံး ပြုနိုင်မှာဖြစ်ပါတယ်။ Flying-V ကို တည်ဆောက်ရန် အနှစ်(၃၀)လောက်အချိန်ယူရမှာဖြစ်တဲ့အတွက် ၂၀၄၀ခုနှစ် နဲ့ ၂၀၅၀ ခုနှစ်အတွင်းမှာ စတင်အသုံးပြုနိုင်မှာဖြစ်ကြောင်း Pieter Elbers ကပြောပြခဲ့ပါတယ်။ စတင်အသုံးမပြုမီမှာ စမ်းသပ်ပျံသန်းမှုပေါင်းများစွာ ပြုလုပ်ဖို့လိုအပ်ကြောင်းလည်း ပြောခဲ့ပါတယ်။

Pieter Elbers က နောက်ပိုင်းတွင် Flying-V ကို လျှပ်စစ်စွမ်းအားဖြင့်ပါ ပျံသန်းနိုင်အောင် စီစဉ်သွားမည့်အကြောင်း၊ လက်ရှိမှာ တစ်ကမ္ဘာလုံးရှိ ဓာတ်ဆီသုံးစက်များက နှစ်စဉ် ကာဘွန်ဒိုင်အောက်ဆိုက် ၂.၅% ထုတ်နေတာ ဖြစ် တဲ့အတွက် ရေရှည်မှာ ဆိုးကျိုးတွေအလွန်ဖြစ်လာနိုင်ကြောင်း၊ ထိုကြောင့် ဓာတ်ဆီအသုံးပြုမှု နည်းနိုင်သမျှနည်း အောင်ပြုလုပ်သွားရမှာဖြစ်ပြီး၊ ဖြစ်နိုင်ရင် လျှပ်စစ်စွမ်းအားသုံး စက်များကိုသာအသုံးပြုသင့်ကြောင်း ရှင်းပြသွားခဲ့ ပါ တယ်။ လေယာဉ်ထုတ်လုပ်နေတဲ့ ကုမ္ပဏီကြီးတွေက လျှပ်စစ်စွမ်းအင်သုံး လေယာဉ်တွေကို တီထွင်နေကြသော်လည်း ခရီးရှည်မောင်းဖို့ရန်အတွက်တော့ အဆင်သင့်မဖြစ်ကြသေးပါဘူး။ ထို့ကြောင့် Atlantic သမုဒ္ဒရာကို ဖြတ်သန်းနိုင်မည့် လျှပ်စစ်စွမ်းအင်သုံး လေယာဉ်ကို တီထွင်သွားမှာဖြစ်ကြောင်း Pieter Elbers က ပြောကြားခဲ့ပါတယ်။

Source : CNN News

Leave a comment

Your email address will not be published. Required fields are marked *