တောင်ကိုးရီးယား အဆိုတော် ဘာရမ် ယခုလအကုန်တွင် စစ်မှုထမ်းမည်

တောင်ကိုးရီးယား Big Star အမည်ရှိတဲ့ တောင်ကိုးရီးယားအဆိုတော်အဖွဲ့မှ အဆိုတော် ဘာရမ် တစ်ယောက် ဖေဖော်ဝါရီလအကုန်တွင် စစ်မှုထမ်းရန် နာမည်တင်သွင်းတော့မည် ဖြစ်ကြောင်း သိရှိရသည်။ ဖေဖော်ဝါရီ ၂၇ ရက်နေ့တွင် စစ်မှုထမ်းရန် နာမည်စာရင်းပေးသွင်းမည်ဖြစ်ပြီး သီတင်းပတ် ၄ ပတ်ကြာ လေ့ကျင့်ရေးစခန်းကိုလည်း တက်ရောက်ပြီးပြီ ဖြစ်ကြောင်းသိရသည်။

ဘာရမ်မှာ စစ်မှုထမ်းအစိုးရဝန်ထမ်း အဖြစ် ၂၃လ အကြာ တာဝန်ယူထမ်းဆောင်မည် ဖြစ်ပြီး ဘာရမ်က ” အရမ်းနောက်မကျခင် နိုင်ငံအတွက် တာဝန်ထမ်းဆောင် ဖို့လိုအပ်တယ် ထင်ပါတယ်။ ၂ နှစ်အတွင်း ပိုပြီးကောင်းမွန်တဲ့ လူတစ်ယောက်အနေနဲ့ ပရိသတ် တွေဆီ ကျွန်တော်ပြန်လာခဲ့ပါမယ် ” လို့ ပြောခဲ့ပါတယ်။

Leave a comment

Your email address will not be published. Required fields are marked *