ကြက်များအား သတ်ရန်မလိုဘဲ ဓာတ်ခွဲခန်းမှ ကြက်သားပြုလုပ်ဖန်တီးနိုင်

ယခင်က ကြက်သားကို စားရဖို့ ကြက် အသေခံပေးရပေမယ့် ယခုတော့ အဲ့ဒီလိုမဟုတ်တော့ပါဘူး။ အမေရိကန်နိုင်ငံရှိ Bay Area ကုမ္ပဏီနဲ့ နယ်သာလန်ကုမ္ပဏီ Mosa Meats ကုမ္ပဏီတို့ ပူးပေါင်း၍ သုတေသနပြု တီထွင်လိုက်တဲ့ နည်းပညာ ကြောင့် ဓာတ်ခွဲခန်းကနေ ကြက်သားတွေ ပြုလုပ်နိုင်ပြီ ဖြစ်ပါတယ်။

၎င်းတို့ ကုမ္ပဏီနှစ်ခုပူးပေါင်းထုတ်လုပ်တဲ့အသားကိုတော့ Clean Meat လို့ အမည်ပေးထားပြီး ကြက်များရဲ့ ဆဲလ်များမှ တစ်ဆင့် တီထွင်ထားတာ ဖြစ်ပါတယ်။ ဒါကြောင့် ကြက်များအား သတ်ရန်မလိုတော့သဖြင့် သဘာဝပတ်ဝန်းကျင်ကိုလည်း ထိန်းသိမ်းရာ ရောက်ပါတယ်လို့ ဆိုပါတယ်။

အဆိုပါ ဓာတ်ခွဲခန်းက ကြက်သားများကို စမ်းသပ်စားကြည့်စေခိုင်းရာ အရသာမှာ ကောင်းမွန်ကြောင်း မှတ်ချက်များ ရရှိခဲ့ပါတယ်။ ဒါကြောင့် သူတို့ရဲ့ ပရောဂျက်ဟာ အသားတင်ပို့မှု ဈေးကွက်ကိုလည်း ပြောင်းလဲစေနိုင်မှာ ဖြစ်ကြောင်း ပြောခဲ့ပါတယ်။ မကြာမှီကာလမှာ ဓာတ်ခွဲခန်းထဲက ပြုလုပ်ဖန်တီးထားတဲ့ ကြက်သားတွေကို ဈေးကွက်ထဲကို တင်ပို့တော့မှာ ဖြစ်ပါတယ်။

Zawgyi Font: ၾကက္မ်ားအား သတ္ရန္မလိုဘဲ ဓာတ္ခြဲခန္းမွ ၾကက္သားျပဳလုပ္ဖန္တီးႏုိင္

ယခင္က ၾကက္သားကို စားရဖို႕ ၾကက္ အေသခံေပးရေပမယ့္ ယခုေတာ့ အဲ့ဒီလိုမဟုတ္ေတာ့ပါဘူး။ အေမရိကန္ႏုိင္ငံရွိ Bay Area ကုမၸဏီနဲ႕ နယ္သာလန္ကုမၸဏီ Mosa Meats ကုမၸဏီတို႕ ပူးေပါင္း၍ သုေတသနျပဳ တီထြင္လိုက္တဲ့ နည္းပညာ ေၾကာင့္ ဓာတ္ခြဲခန္းကေန ၾကက္သားေတြ ျပဳလုပ္ႏုိင္ျပီ ျဖစ္ပါတယ္။

၎တို႕ ကုမၸဏီႏွစ္ခုပူးေပါင္းထုတ္လုပ္တဲ့အသားကိုေတာ့ Clean Meat လို႕ အမည္ေပးထားျပီး ၾကက္မ်ားရဲ႕ ဆဲလ္မ်ားမွ တစ္ဆင့္ တီထြင္ထားတာ ျဖစ္ပါတယ္။ ဒါေၾကာင့္ ၾကက္မ်ားအား သတ္ရန္မလိုေတာ့သျဖင့္ သဘာ၀ပတ္၀န္းက်င္ကိုလည္း ထိန္းသိမ္းရာ ေရာက္ပါတယ္လို႕ ဆိုပါတယ္။

အဆိုပါ ဓာတ္ခြဲခန္းက ၾကက္သားမ်ားကို စမ္းသပ္စားၾကည့္ေစခိုင္းရာ အရသာမွာ ေကာင္းမြန္ေၾကာင္း မွတ္ခ်က္မ်ား ရရွိခဲ့ပါတယ္။ ဒါေၾကာင့္ သူတို႕ရဲ႕ ပေရာဂ်က္ဟာ အသားတင္ပို႕မႈ ေစ်းကြက္ကုိလည္း ေျပာင္းလဲေစႏုိင္မွာ ျဖစ္ေၾကာင္း ေျပာခဲ့ပါတယ္။ မၾကာမွီကာလမွာ ဓာတ္ခြဲခန္းထဲက ျပဳလုပ္ဖန္တီးထားတဲ့ ၾကက္သားေတြကို ေစ်းကြက္ထဲကို တင္ပို႕ေတာ့မွာ ျဖစ္ပါတယ္။

Leave a comment

Your email address will not be published. Required fields are marked *