လေယာဉ်ပေါ်တွင် laptop ယူဆောင်ခွင့်ကို ပိတ်ဖို့ စီစဉ်တဲ့ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်

ဥရောပနိုင်ငံများမှ အမေရိကန်နိုင်ငံကို လေကြောင်းခရီးဖြင့် လာပါက laptop ယူဆောင်ခွင့်မရှိတဲ့ အစီအစဉ်ကို စတင်ဖို့ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်က ညွှန်ကြားလိုက်ပါတယ်။ သမ္မတ ထရမ့် ဦးဆောင်တဲ့ အစိုးရအဖွဲ့ဟာ laptop များနဲ့ အခြားသော မျက်နှာပြင်ကြီးတဲ့ အီလက်ထရောနစ် ပစ္စည်းတွေကို လေယာဉ်ပေါ်မှာ ယူဆောင်ခွင့်ပိတ်ပင်ဖို့ စီစဉ်လျက်ရှိပြီး ဝေဖန်မှုများ မြင့်တက်လာပါတယ်။

အမိမြေလုံခြုံရေး အတွင်းရေးမှူး ဂျွန်ကယ်လီ ဟာ လေကြောင်းဆိုင်ရာလုံခြုံရေးစနစ်အတွက် ဆွေးနွေးရန် အမတ်များနှင့် ဆွေးနွေးတိုင်ပင်ခဲ့ပြီး လက်ရှိမှာတော့ မည်သည့် အမတ်ကမှ  အဆိုပါ အကြောင်းပြချက်ကို ဆုံးဖြတ်ချက် မချခဲ့ကြကြောင်း သိရှိရသည်။

Laptop အတွင်းမှာ တပ်ဆင်ထားတဲ့ လစ်သီယမ် ဘထ္ထရီကြောင့် လုံခြုံရေးအရ တားမြစ်ဖို့ စီစဉ်တာ ဖြစ်ပြီး အထူးသဖြင့် အရှေ့အလယ်ပိုင်းက မသမာသူများက ဥရောပဘက်မှ အမေရိကန်သို့ လမ်းကြောင်းပြောင်း၍ ဝင်နိုင်တာကြောင့် ယခုလို အဆိုတင်သွင်းတာ ဖြစ်တယ်လို့ ဆိုပါတယ်။ ဥရောပ လေကြောင်း လုံခြုံရေးစနစ်၏ စံသတ်မှတ်ချက်မှာ အမေရိကန်နှင့် မကွာခြားသော်လည်း သမ္မတ ဒေါ်နယ်ထရမ့်က မူ ဥရောပ လေကြောင်းလုံခြုံရေးစနစ်ကို အယုံအကြည်မရှိကြောင်း သတ်မှတ်ခဲ့သည်။

အမေရိကန်နိုင်ငံသို့ လာရောက်သော လေကြောင်းခရီးစဉ်၏ ၄၀ ရာခိုင်နှုန်းမှာ ဥရောပ မှ ဖြစ်ပြီး တစ်ရက်ကို လေကြောင်း လိုင်း ၃၅၀ နှင့်အထက် ပျံသန်းပြေးဆွဲလျက်ရှိသည်။ လက်ရှိမှာတော့ အဆိုပါ အကြံပြုချက်ကို လွှတ်တော်အမတ်များက ဆုံးဖြတ်ချက် မချခဲ့သလို အတော်များများကတော့ ဒီလိုမျိုးနည်းလမ်းမျိုးနဲ့ ဖြေရှင်းတာဟာ ပြဿနာကို ဖြေရှင်းနည်းအစစ်အမှန် မဟုတ်ကြောင်း ဝေဖန်ခဲ့ကြပါတယ်။

Zawgyi Font : ေလယာဥ္ေပၚတြင္ laptop ယူေဆာင္ခြင့္ကို ပိတ္ဖို႕ စီစဥ္တဲ့ အေမရိကန္ သမၼတ ေဒၚနယ္ထရမ့္

ဥေရာပႏုိင္ငံမ်ားမွ အေမရိကန္ႏုိင္ငံကို ေလေၾကာင္းခရီးျဖင့္ လာပါက laptop ယူေဆာင္ခြင့္မရွိတဲ့ အစီအစဥ္ကို စတင္ဖို႕ အေမရိကန္ သမၼတ ေဒၚနယ္ထရမ့္က ညႊန္ၾကားလိုက္ပါတယ္။ သမၼတ ထရမ့္ ဦးေဆာင္တဲ့ အစိုးရအဖြဲ႕ဟာ laptop မ်ားနဲ႕ အျခားေသာ မ်က္ႏွာျပင္ၾကီးတဲ့ အီလက္ထေရာနစ္ ပစၥည္းေတြကို ေလယာဥ္ေပၚမွာ ယူေဆာင္ခြင့္ပိတ္ပင္ဖို႕ စီစဥ္လ်က္ရွိျပီး ေ၀ဖန္မႈမ်ား ျမင့္တက္လာပါတယ္။

အမိေျမလံုျခံဳေရး အတြင္းေရးမွဴး ဂြ်န္ကယ္လီ ဟာ ေလေၾကာင္းဆိုင္ရာလံုျခံဳေရးစနစ္အတြက္ ေဆြးေႏြးရန္ အမတ္မ်ားႏွင့္ ေဆြးေႏြးတိုင္ပင္ခဲ့ျပီး လက္ရွိမွာေတာ့ မည္သည့္ အမတ္ကမွ  အဆိုပါ အေၾကာင္းျပခ်က္ကို ဆံုးျဖတ္ခ်က္ မခ်ခဲ့ၾကေၾကာင္း သိရွိရသည္။

Laptop အတြင္းမွာ တပ္ဆင္ထားတဲ့ လစ္သီယမ္ ဘထၳရီေၾကာင့္ လံုျခံဳေရးအရ တားျမစ္ဖို႕ စီစဥ္တာ ျဖစ္ျပီး အထူးသျဖင့္ အေရွ႕အလယ္ပိုင္းက မသမာသူမ်ားက ဥေရာပဘက္မွ အေမရိကန္သို႕ လမ္းေၾကာင္းေျပာင္း၍ ၀င္ႏုိင္တာေၾကာင့္ ယခုလို အဆိုတင္သြင္းတာ ျဖစ္တယ္လို႕ ဆိုပါတယ္။ ဥေရာပ ေလေၾကာင္း လံုျခံဳေရးစနစ္၏ စံသတ္မွတ္ခ်က္မွာ အေမရိကန္ႏွင့္ မကြာျခားေသာ္လည္း သမၼတ ေဒၚနယ္ထရမ့္က မူ ဥေရာပ ေလေၾကာင္းလုံျခံဳေရးစနစ္ကို အယံုအၾကည္မရွိေၾကာင္း သတ္မွတ္ခဲ့သည္။

အေမရိကန္ႏိုင္ငံသို႕ လာေရာက္ေသာ ေလေၾကာင္းခရီးစဥ္၏ ၄၀ ရာခိုင္ႏႈန္းမွာ ဥေရာပ မွ ျဖစ္ျပီး တစ္ရက္ကို ေလေၾကာင္း လိုင္း ၃၅၀ ႏွင့္အထက္ ပ်ံသန္းေျပးဆြဲလ်က္ရွိသည္။ လက္ရွိမွာေတာ့ အဆိုပါ အၾကံျပဳခ်က္ကို လႊတ္ေတာ္အမတ္မ်ားက ဆံုးျဖတ္ခ်က္ မခ်ခဲ့သလို အေတာ္မ်ားမ်ားကေတာ့ ဒီလိုမ်ိဳးနည္းလမ္းမ်ိဳးနဲ႕ ေျဖရွင္းတာဟာ ျပႆနာကို ေျဖရွင္းနည္းအစစ္အမွန္ မဟုတ္ေၾကာင္း ေ၀ဖန္ခဲ့ၾကပါတယ္။

Leave a comment

Your email address will not be published.