Lilium က လူ ၅ ယောက်စီးနိုင်တဲ့ ကမ္ဘာ့ပထမဦးဆုံး လေပေါ်ပျံTaxi လေယာဉ်ကို မိတ်ဆက်

Lilium ကုမ္ပဏီဟာ လေပေါ်ပျံနိုင်တဲ့ Taxi လေယာဉ်ကို တီထွင်နေတာ ၂၀၁၇ခုနှစ်ကတည်းကဖြစ်ပါတယ်။ ယခု အ ချိန် မှာ တော့ သူတို့ဟာ နောက်ထပ်တစ်ဆင့်မြင့်တဲ့ (၅)ယောက်အထိ တင်နိုင်တဲ့ လေပေါ်ပျံ Taxiလေယာဉ်ကို တီထွင် နိုင်ခဲ့ပြီးဖြစ်ပါတယ်။၎င်း Taxi လေယာဉ်ကို တည်ထွင်မှုအပြီး မေလ ၄ရက်နေ့က ပထမဦးဆုံး စမ်းသပ်ပျံသန်းခြင်း အောင်မြင်ခဲ့တယ်လို့သိရပါတယ်။ မေလ ၁၆ရက် ကြာသပတေးနေ့မှာတော့ Taxi လေယာဉ်ကို အများသိအောင် မိတ် ဆက်ပေးခဲ့တာဖြစ်ပါတယ်။

Taxi လေယာဉ်တွေကို တီထွင်နေကြတဲ့ ကုမ္ပဏီတွေများစွာရှိပေမယ့် အများဆုံး (၂)ဦးအထိပဲ သယ်ဆောင်နိုင်တာ ဖြစ်ပါတယ်။ Lilium ကတော့ (၅)ဦးအထိ သယ်ဆောင်နိုင်တဲ့ လေယာဉ်ကိုဖန်တီးနိုင်ခဲ့တာဖြစ်ပါတယ်။ Lilium ရဲ့ Co-Founder နှင့် အမှုဆောင်အရာရှိချုပ် Daniel Wiegand က (၅)ဦးအထိ သယ်နိုင်တဲ့ လေယာဉ်တီထွင်ဖို့က သူတို့ရဲ့ ကြီးမားတဲ့ အိမ်မက်တစ်ခုဖြစ်ကြောင်း ယခုတော့ သူတို့ရဲ့ အိမ်မက်ဟာလက်တွေ့ အကောင်အထည် ဖော်နိုင် ခဲ့ပြီးဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ Taxi လေယာဉ် ပျံသန်းနိုင်ဖို့အတွက် လျှပ်စစ်မော်တာ ၃၆လုံးအထိ အသုံးပြုထား တယ်လို့သိရပြီး အားအပြည့်ဖြည့်ထားပါက တစ်နာရီအထိ ပျံသန်းနိုင်မှာဖြစ်တယ်လို့ သိရပါတယ်။

Lilium ရဲ့ Taxi လေယာဉ်ဟာ မိနစ် ၆၀မှာ ၃၀၀ကီလိုမီတာအထိ ပျံသန်းနိုင်မယ်လို့ သိရပါတယ်။ လက်ရှိမှာတော့ ဒေါင်လိုက်အနေအထားကိုပဲ ပျံသန်းလို့ရသေးတာဖြစ်ပြီး ရေပြင်ညီပျံသန်းနိုင်ရေးအတွက် ဆက်လက်ကြိုးစား သွားမှာ ဖြစ်ကြောင်းသိရပါတယ်။ Lilium ရဲ့ ပြောကြားချက်အရ သူတို့ရဲ့ Taxi ကို ၂၀၂၀ ခုနှစ်အလည်ပိုင်းလောက်မှာ ပြည်သူ တွေ ရဲ့လက်ထဲသို့ ရောက်အောင် ပြုလုပ်သွားမယ်လို့သိရပါတယ်။ နောက်ပိုင်းခေတ်မှာ ဓာတ်ဆီ အသုံး ပြုပြီး မောင်း နှင်ရတဲ့ ယာဉ်တွေကို ထုတ်လုပ်မှုဟာ သိသိသာသာလျော့ကျလာပြီး လျှပ်စစ်စွမ်း အားကို အသုံးပြုပြီး မောင်နှင်တဲ့ ယာဉ်တွေကိုသာ ဦးစားပေးထုတ်လုပ်လာတာတွေ့ရပါတယ်။

Source : BBC News

Leave a comment

Your email address will not be published. Required fields are marked *