LinkedIn အသုံးပြုခြင်းရဲ့ အကျိုးကျေးဇူးများ

LinkedIn ဆိုတာနဲ့ အလုပ်အကိုင်ရှာဖွေခန့်အပ်ခြင်းနဲ့ ချိတ်ဆက်ဆက်သွယ်မှုတွေ ပြုလုပ်ပေးခြင်းတို့ကို ပြုလုပ်ပေးနေတဲ့ website တစ်ခုဆိုတာကို အားလုံးသိကြမှာပါ။ ဒီ website က အလုပ်ရှာဖွေသူတွေအနေနဲ့ ကိုယ့်ရဲ့ CV ကို တင်ထားပြီး ကိုယ်နဲ့သင့်တော်တဲ့အလုပ်ကို ရှာနိုင်အောင်နဲ့ အလုပ်ရှင်ဘက်ကလည်း ကိုယ့်အလုပ်နဲ့ ကိုက်ညီတဲ့ ဝန်ထမ်းကို ရှာဖွေနိုင်အောင် ချိတ်ဆက်ပေးပါတယ်။

တစ်ခြား website တွေထက် အားသာတဲ့အချက်ကတော့ ကိုယ်ချိတ်ဆက်လိုတဲ့ နယ်ပယ်တစ်ခုက လူတွေကို တိတိကျကျရွေးချယ် ချိတ်ဆက်ပြီး သူတို့ဆီက feedback တွေကို ပြန်လည်သိရှိနိုင်တာပါပဲ။ သင့်အနေနဲ့ LinkedIn ကနေ ရရှိနိုင်တဲ့ အကျိုးကျေးဇူးတွေ ရှိပါတယ်။ ဘယ်လိုအကျိုးကျေးဇူးတွေလဲဆိုတာကို လေ့လာကြည့်ပါ။

LinkedIn ကလည်း တစ်ခြား social website တွေလို တစ်ဦးနဲ့တစ်ဦးကို ချိတ်ဆက်ပေးပါတယ်။ ဒါပေမယ့် ဒီချိတ်ဆက်ပေးမှုက စီးပွားရေးလုပ်ငန်းများနဲ့ အလုပ်အကိုင်အခွင့်အလမ်းများအတွက်ကို အဓိကထားရည်ရွယ်ပါတယ်။ သင့်အနေနဲ့ အလုပ်အကိုင်အခွင့်အလမ်းရွာဖွေရာမှာပဲဖြစ်ဖြစ်၊ စီးပွားရေးလုပ်ငန်းအတွက် ဖောက်သည်ရှာဖွေရာမှာပဲဖြစ်ဖြစ် တိတိကျကျ သတ်မှတ်ရှာဖွေနိုင်တဲ့ အချိတ်အဆက်ကောင်းတွေကို ရရှိနိုင်ပါလိမ့်မယ်။
LinkedIn မှာ Professional အကြောင်းဆွေးနွေးတဲ့ အဖွဲ့တွေအများကြီးရှိပါတယ်။ ကိုယ်နဲ့ကိုက်ညီတဲ့အဖွဲ့ထဲကို ဝင်ရောက်ပြီး ကိုယ့်ရဲ့လုပ်ငန်းအကြောင်းကို ဝင်ရောက်ဆွေးနွေးပြီး ကိုယ့်လုပ်ငန်းအတွက် ယုံကြည်မှုကို တည်ဆောက်နိုင်ပါတယ်။
LinkedIn က content marketing လုပ်ဖို့ အကောင်းဆုံး website တစ်ခုပါ။ သင့်လုပ်ငန်းနဲ့ ကုန်ပစ္စည်းအကြောင်းကို LinkedIn မှာ content marketing လုပ်နိုင်ပါတယ်။
သင့်လုပ်ငန်း ဒါမှမဟုတ် ကုန်ပစ္စည်းအတွက် အကြံဉာဏ်တွေလိုချင်တယ်ဆိုရင်လည်း LinkedIn က သင်နဲ့ချိတ်ဆက်ထားတဲ့ အခြားလုပ်ငန်းရှင်တွေ၊ ပညာရှင်တွေဆီကနေ အကြံဉာဏ်တွေ ရယူနိုင်ပါတယ်။

Leave a comment

Your email address will not be published.