Los Angelesတွင် တောင်ခြင်္သေ့ တစ်ကောင် အဝေးပြေးလမ်းပေါ်ဖြတ်ကူးရာ ကားတိုက်ခံရပြီး သေဆုံး

LosAngeles မြို့ Santa Monica တောင်နားရှိ Sepulveda ဂူတွင်နေထိုင်သော သိပ္ပံနာမည် P-61 လို့ခေါ်တဲ့ ရှားပါး ေတောင်ခြင်္သေ့တစ်ကောင်ဟာLosAngeles အဝေးပြေးလမ်း405ပေါ်တွင် စက်တင်ဘာလ၇ရက်နေ့ မနက်က ကားတိုက်ခံရကာ သေဆုံးသွားခဲ့တာဖြစ်ကြောင်း အမျိုးသားဥယျာဉ်စောင့်ကြပ်သူ Ana Beatriz ၏ ပြောပြချက်အရ သိရ ပါတယ်။

Mountain Lion ခြေင်္သေ့များဟာ ရှားပါးမျိုးစိတ်တွေဖြစ်တာကြောင့်Los Angeles တိရိစ္ဆာန်ထိန်သိမ်း စောင့်ရှော က်ရေးဌာနက GPS ပါဝင်သော လည်ပတ်များကို တပ်ဆင်ပေးထားပါတယ်။ ထို့ကြောင့် သေဆုံးသွားတဲ့ Mountain Lion ရဲ့ တည်ရှိနေတဲ့နေရာနဲ့ သွားလာလှုပ်ရှားမှုများကို GPS ကတစ်ဆင့် စောင့်ကြည့်လို့ရနေတာဖြစ်ပါတယ်။ ၄နှစ် အရွယ်ရှိတဲ့ Mountain Lion ခြေင်္သေ့ဟာ Bel Air Crest လမ်းမှ Sepulveda Boulevard မြေ အောက် ဂူသို့ သွားရာလမ်းပေါ်တွင် သေဆုံးခဲ့တာဖြစ်ပြီး Los Angeles တိရိစ္ဆာန်ထိန်းသိမ်းရေးဌာနမှ အရာရှိတစ်ဦးက ခြေင်္ သေ့ရဲ့ ခန္ဓာကိုယ်ကိုသွားရောက် သိမ်းဆည်းခဲ့တယ်လို့ သိရှိရပါတယ်။

Source : CNN News

Leave a comment

Your email address will not be published. Required fields are marked *