Massachusetts နည်းပညာတက္ကသိုလ် အင်ဂျင်နီယာများက နောက်ပြန်ကျွမ်းထိုးနိုင်တဲ့ စက်ရုပ်ခွေးကို တီထွင်အောင်မြင်

ခွေးစက်ရုပ်တွေကို တီထွင်ခဲ့တာတော့ ကြာခဲ့ပါပြီ။ယခုအခါမှာတော့ Massachusetts နည်းပညာတက္ကသိုလ် (MIT)က တံခါးဖွင့်နိုင်၊ ပန်းကန်ဆေးနိုင်တဲ့ စက်ရုပ်အပြင်၊ နောက်ပြန်ကျွမ်းထိုးနိုင်တဲ့ ခွေးစက်ရုပ်ကိုပါ တီထွင်နိုင်ခဲ့တာ ဖြစ်ပါတယ်။အဆိုပါ စက်ရုပ်ရဲ့ Design ကိုတော့ MIT နည်းပညာတက္ကသိုလ် အင်ဂျင်နီယာတစ်ဦးဖြစ်တဲ့ Benjamin Katz က ရေးဆွဲပေးခဲ့တာဖြစ်တယ်လို့ သိရပါတယ်။ ၎င်းစက်ရုပ်ကိုတော့ MINI Cheetah လို့ အမည်ပေးထား ပါ တယ်။

MINI Cheetah ဟာ လူတစ်ဦးရဲ့ သာမန်လမ်းလျှောက်နှုန်းထက် ပိုမိုမြန်ဆန်အောင်သွားနိုင်မှာဖြစ်ပါတယ်။ အမြင့်မှ ကျရင်လည်း လဲကျမသွားဖို့အတွက် Balance ထိန်းတဲ့ နည်းပညာကိုလည်း ထည့်သွင်းထားပါတယ်။ စက်ရုပ် ကို ဘေးဘက်မှ ကန်လိုက်ရင်လည်း လဲကျမသွားအောင် အလိုအလျှောက် ထိန်းနိုင်မှာဖြစ်တဲ့အပြင် အရှိန်နဲ့ ကန် လိုက်လို့ လဲကျသွားခဲ့ရင်လည်း အလိုအလျှောက်ပြန်ထနိုင်မှာဖြစ်ပါတယ်။


အဲဒီခွေးစက်ရုပ်ကို ထန်းချုပ်သူက အရပ်လေးမျက်နှာကို ကြိုက်နှစ်သက်သလို သွားလာခိုင်းလို့ရတဲ့အပြင် သမင် တစ် ကောင်လို ခုန်ဆွခုန်ဆွလည်း ပြေးနိုင်မှာဖြစ်ပါတယ်။နောက်ပြန် ကျွမ်းထိုးနိုင်ခြင်းကတော့ လက်တွေ့မှာ အသုံးမဝင်ပေ မယ့် ဒီနည်းပညာကို အခြေခံပြီး အသုံးပြုနိုင်မယ့် အရာတွေကို ဖန်တီးဖို့အတွက် လွယ်ကူသွားပြီဖြစ်ပါတယ်။

ယနေ့ ခေတ်မှာ ကိုယ်လက်အင်္ဂါအစိတ်အပိုင်းတွေ ပါဝင်တဲ့ စက်ရုပ်တွေကို လူမှုဘဝမှာ လက်တွေ့ အသုံးပြုလာ နိုင်တာနဲ့အမျှ သိပ္ပံပညာရှင်တွေကလည်း စက်ရုပ်တွေရဲ့ စွမ်းဆောင်ရည်ကို မြင့်သထက်မြင့်အောင် တီထွင်နေကြ တာ ဖြစ်ပါတယ်။

Source: The Washinton Post

Leave a comment

Your email address will not be published.