သိန်း (၉၀၀)ကျပ်ခန့်ဖြင့် မော်လမြိုင်ဆေးရုံကြီးခွဲစိတ်ဆောင် ပြုပြင်မည်

မော်လမြိုင် ဆေးရုံကြီး ခွဲစိတ်အဆောင်၏ နောက်ဆုံးပြင်ဆင်ထားမှုမှာ လွန်ခဲ့သော ၁၅နှစ်ခန့်က ဖြစ်ပြီး လက်ရှိတွင် အခန်းတံခါးများနှင့် အောက်ကြွေပြားများပျက်စီးမှုတို့ကြောင့် ပြန်လည်ပြင်ဆင်မည်ဟု သိရှိရသည်။ မော်လမြိုင် ဆေးရုံအုပ်ကြီး ဒေါက်တာမောင်မောင်ဇင် က အဆိုပါ ခွဲစိတ်ဆောင်အား သိန်း (၉၀၀) ကျပ်ခန့် ဖြင့် ပြုပြင်မည် ဖြစ်ကြောင်း ပြောခဲ့သည်။ ခွဲစိတ်ဆောင် ပြင်ဆင်နေဆဲကာလတွင် လက်ရှိခွဲစိတ်ဆောင်အား နေရာပြောင်းမည်ဖြစ်ကြောင်း ပြောခဲ့သည်။ ထို့အပြင် မီးလိုင်းစနစ်များမှာလည်း ဟောင်းနွမ်းနေပြီ ဖြစ်ကာ ခွဲစိတ်ချိန်တွင် အခက်အခဲများ ဖြစ်ကြောင်းလဲ သိရှိရသည်။

အဆိုပါ ပရောဂျက်အတွက် ဆောက်လုပ်ရေး ကုမ္ပဏီ ၅ခု တင်ဒါခေါ်ထားပြီး တည်ဆောက်မှုကို တစ်လအတွင်း အပြီးသတ်မည် ဖြစ်ကြောင်း ဆေးရုံအုပ်ဒေါက်တာ မောင်မောင်ဇင် ကပြောသည်။

Leave a comment

Your email address will not be published. Required fields are marked *