၂၀၁၆ ခုနှစ်ရဲ့ သေဆုံးသူဦးရေ ဒုတိယအများဆုံးဖြစ်လာတဲ့ မက္ကစီကိုနိုင်ငံ

ကမ္ဘာပေါ်မှာ အစ္စလာမ်အကြမ်းဖက်အဖွဲ့ IS တွေကြောင့် လူသေဆုံးမှုအများဆုံး နိုင်ငံအဖြစ် ဆီးရီးယား၊ အီရတ်၊ အာဖကန် နဲ့ ရီမန် နိုင်ငံတို့ဟာ ထိပ်ဆုံးမှာ နေရာယူထားပေမယ့် ၂၀၁၆ ခုနှစ်ထုတ်ပြန်ချက်အရတော့ မက္ကစီကို နိုင်ငံဟာ ဒုတိယလူသေဆုံးမှု အများဆုံးနိုင်ငံအဖြစ် မှတ်တမ်းတင်ခဲ့ပါတယ်။

ဆီးရီးယား၊ အီရတ်၊ အာဖကန် နဲ့ ရီမန် နိုင်ငံတို့ဟာ ဘာသာရေးအစွန်းရောက် IS တွေရဲ့ အကြမ်းဖက်မှုကြောင့် သေဆုံးမှုများပြားပေမယ့် မက္ကစီကိုနိုင်ငံကျတော့ ဘာသာရေးကြောင့်မဟုတ်ဘဲ မူးယစ်အကြမ်းဖက်မှုကြောင့် သေဆုံးမှု မြင့်တက်လာရခြင်း ဖြစ်ပါတယ်။

၂၀၁၆ ခုနှစ်အတွင်းမှာ မူးယစ်ဆေးဝါးအကြမ်းဖက်မှုတွေကြောင့် သေဆုံးသူ ၂၃၀၀၀ ဦးအထိ မြင့်တက်လာပြီး ၂၀၁၆ ခုနှစ်ရဲ့ လူသေမှုအများဆုံး နိုင်ငံအဖြစ် မှတ်တမ်းဝင်ရခြင်း ဖြစ်ပါတယ်။ မက္ကစီကို ဟာ တစ်ကမ္ဘာလုံးရဲ့ မူးယစ်ဆေးဝါးဈေးကွက်ကြီးကို အုပ်စိုးနိုင်တဲ့ နိုင်ငံတစ်နိုင်ငံဖြစ်ပြီး အမေရိကန်နိုင်ငံတစ်ခုတည်း တင်ပို့မှုနှင့်တင် တစ်နှစ်လျှင် အမြတ်ငွေ ၁၉ ဘီလီယံမှ ၂၉ ဘီလီယံအထိ ဝင်ငွေရှိနေတာ ဖြစ်ပါတယ်။ ဒါကြောင့်လဲ မက္ကစီကို အစိုးရနှင့် မူးယစ်ရာဇာများအကြား တိုက်ခိုက်မှုမကြာခဏဖြစ်ခြင်း၊ မူးယစ်ရာဇာ အချင်းချင်း အကြမ်းဖက်မှုဖြစ်ခြင်းတို့ကြောင့် လူသေဆုံးမှုဦးရေ များပြားလာတာ ဖြစ်ပါတယ်။

ဒါကြောင့် မူးယစ်ဆေးဝါးအကြမ်းဖက်မှုဟာ ဘာသာရေးအစွန်းရောက် IS အကြမ်းဖက်အဖွဲ့ပြီးရင် ဒုတိယအကြီးဆုံး လူအမြောက်အမြားကို သေဆုံးစေနိုင်တဲ့ အကြမ်းဖက်မှုဖြစ်တယ်လို့ မှတ်ချက်ပြုကြပါတယ်။

Zawgyi Font : ၂၀၁၆ ခုႏွစ္ရဲ႕ ေသဆံုးသူဦးေရ ဒုတိယအမ်ားဆံုးျဖစ္လာတဲ့ မကၠစီကိုႏုိင္ငံ

ကမၻာေပၚမွာ အစၥလာမ္အၾကမ္းဖက္အဖြဲ႕ IS ေတြေၾကာင့္ လူေသဆံုးမႈအမ်ားဆံုး ႏုိင္ငံအျဖစ္ ဆီးရီးယား၊ အီရတ္၊ အာဖကန္ နဲ႕ ရီမန္ ႏိုင္ငံတို႕ဟာ ထိပ္ဆံုးမွာ ေနရာယူထားေပမယ့္ ၂၀၁၆ ခုႏွစ္ထုတ္ျပန္ခ်က္အရေတာ့ မကၠစီကို ႏုိင္ငံဟာ ဒုတိယလူေသဆံုးမႈ အမ်ားဆံုးႏုိင္ငံအျဖစ္ မွတ္တမ္းတင္ခဲ့ပါတယ္။

ဆီးရီးယား၊ အီရတ္၊ အာဖကန္ နဲ႕ ရီမန္ ႏုိင္ငံတို႕ဟာ ဘာသာေရးအစြန္းေရာက္ IS ေတြရဲ႕ အၾကမ္းဖက္မႈေၾကာင့္ ေသဆံုးမႈမ်ားျပားေပမယ့္ မကၠစီကိုႏုိင္ငံက်ေတာ့ ဘာသာေရးေၾကာင့္မဟုတ္ဘဲ မူးယစ္အၾကမ္းဖက္မႈေၾကာင့္ ေသဆံုးမႈ ျမင့္တက္လာရျခင္း ျဖစ္ပါတယ္။

၂၀၁၆ ခုႏွစ္အတြင္းမွာ မူးယစ္ေဆး၀ါးအၾကမ္းဖက္မႈေတြေၾကာင့္ ေသဆံုးသူ ၂၃၀၀၀ ဦးအထိ ျမင့္တက္လာျပီး ၂၀၁၆ ခုႏွစ္ရဲ႕ လူေသမႈအမ်ားဆံုး ႏုိင္ငံအျဖစ္ မွတ္တမ္း၀င္ရျခင္း ျဖစ္ပါတယ္။ မကၠစီကို ဟာ တစ္ကမၻာလံုးရဲ႕ မူးယစ္ေဆး၀ါးေစ်းကြက္ၾကီးကို အုပ္စိုးႏုိင္တဲ့ ႏုိင္ငံတစ္ႏုိင္ငံျဖစ္ျပီး အေမရိကန္ႏိ္ုင္ငံတစ္ခုတည္း တင္ပို႕မႈႏွင့္တင္ တစ္ႏွစ္လွ်င္ အျမတ္ေငြ ၁၉ ဘီလီယံမွ ၂၉ ဘီလီယံအထိ ၀င္ေငြရွိေနတာ ျဖစ္ပါတယ္။ ဒါေၾကာင့္လဲ မကၠစီကို အစိုးရႏွင့္ မူးယစ္ရာဇာမ်ားအၾကား တိုက္ခိုက္မႈမၾကာခဏျဖစ္ျခင္း၊ မူးယစ္ရာဇာ အခ်င္းခ်င္း အၾကမ္းဖက္မႈျဖစ္ျခင္းတို႕ေၾကာင့္ လူေသဆံုးမႈဦးေရ မ်ားျပားလာတာ ျဖစ္ပါတယ္။

ဒါေၾကာင့္ မူးယစ္ေဆး၀ါးအၾကမ္းဖက္မႈဟာ ဘာသာေရးအစြန္းေရာက္ IS အၾကမ္းဖက္အဖြဲ႕ျပီးရင္ ဒုတိယအၾကီးဆံုး လူအေျမာက္အျမားကို ေသဆံုးေစႏုိင္တဲ့ အၾကမ္းဖက္မႈျဖစ္တယ္လို႕ မွတ္ခ်က္ျပဳၾကပါတယ္။

Leave a comment

Your email address will not be published. Required fields are marked *