MICC2 ခမ်းမတွင် ၇၁ကြိမ်မြောက်မွန်အမျိုးသားနေ့ပွဲ ကျင်းပပြုလုပ်

ဖေဖော်ဝါရီလ ၁ရက်နေ့ ညနေ ၆နာရီတွင် နေပြည်တော်ရှိ MICC2 ခမ်းမတွင် မွန်ဘုရင်မကြီးရှင်စောပုအဖွဲ့ ဥက္ကဌ ဒေါ်ကျင်သန်းမှ ဦးဆောင်ပြီး မွန်တို့ရဲ့ ၇၁ကြိမ်မြောက် အမျိုးသားနေ့ အခမ်းအနားပွဲကို ပြုလုပ်ခဲ့ကြောင်းသိရှိရပါတယ်။

အဆိုပါ ပွဲကို မွန်လူမျိုးဖြစ်တဲ့ ဒုသမ္မတ ဦးမြင့်ဆွေ၊ နိုင်ငံတော် အကြံပေးပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တို့ကိုယ်တိုင် တက်ရောက်ပြီး ဝန်ကြီးဌာနပေါင်းစုံမှ အကြီးအကဲများ အားလုံးတက်ရောက် ဂုဏ်ပြုခဲ့ကြပါတယ်။ အခမ်းအနားကို ညနေ ၆နာရီတွင် စတင်ခဲ့ပြီး ညနေ ၈နာရီတွင် ပြီးဆုံးခဲ့ပါတယ်။

ထိုအခမ်းအနားတွင် ဒေါ်အောင်ဆန်းစုကြည်မှ ဂုဏ်ပြုအမှာစကားပြောကြားခဲ့တယ်လို့လည်း သိရှိရပါတယ်။ ထို့ပြင် မန္တလေး မွန်စာပေ ယဉ်ကျေးမှု အဖွဲ့၊ ရေဆင်းတက္ကသိုလ်က မွန်ကျောင်းသူကျောင်းသားများအဖွဲ့၊ မြန်မာအသံမွန်တိုင်းရင်းသားအစီအစဉ် NRC channalနှင့် ယဉ်ကျေးမှု ဝန်ကြီး ဌါန တို့မှ မွန်တိုင်းရင်းသူ တိုင်းရင်းသားများ၏ ကပြဖျော်ဖြေမှုအပြင် တိုင်းရင်းသား ပေါင်းစုံစုပေါင်းပြီး ကပြဖော်ဖျော်ဖြေမှုများကိုလည်း လုပ်ဆောင်ခဲ့တယ်လို့ သိရှိရပါတယ်။

Leave a comment

Your email address will not be published.