မြောက်ကိုးရီးယား၏ ခြိမ်းခြောက်မှုကြောင့် နူကလိယားစွမ်းအင်သုံး အမေရိကန်ရေငုပ်သင်္ဘော တစ်စီး ထပ်မံစေလွှတ်

USS Michigan အမည်ရတဲ့ အမေရိကန် နူကလိယားစွမ်းအင်သုံး ရေငုပ်သင်္ဘောဟာ ဂျပန်ရေတပ်နဲ့အတူ စစ်ရေးလေ့ကျင့်နေတဲ့ အမေရိကန် လေယာဉ်တင်သင်္ဘော Carl Vinson ကို ကူညီထောက်ပံ့ဖို့ ထွက်ခွာလာပြီလို့ သိရှိရပါတယ်။

USS Michigan ဟာ နူကလိယားစွမ်းအင်သုံး ရေငုပ်သင်္ဘောအမျိုးအစားဖြစ်ပြီး တိုမဟောက်စ် ဒုံးကျည် ၁၅၀ နဲ့အထက် တပ်ဆင်ထားတယ်လို့ သိရှိရပါတယ်။ မြောက်ကိုးရီးယားရဲ့ နူကလိယားလက်နက်စမ်းသပ်မှုကြောင့် တင်းမာမှုများ ဖြစ်ပေါ်လာပြီး စမ်းသပ်မှုကို ရပ်တန့်သွားစေဖို့ရန်အတွက် အမေရိကန်မှ မဟာမိတ်နိုင်ငံများနဲ့ ပူးပေါင်းခဲ့တာ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ၂ ရက်မှ မြောက်ကိုးရီယားမှ အမေရိကန် လေယာဉ်တင် စစ်သင်္ဘော Carl Vinson ကို တစ်ချက်ထဲပစ်ချရုံနဲ့ ရေအောက်ထဲသို့ နှစ်မြှုပ်ပစ်နိုင်ကြောင်း ခြိမ်းခြောက်လိုက်တဲ့အတွက် အမေရိကန်မှ USS Michigan အမည်ရတဲ့ နူကလိယားစွမ်းအင်သုံး ရေငုပ်သင်္ဘောကိုပါ ထပ်မံစေလွှတ်လိုက်တာ ဖြစ်ပါတယ်။

မြောက်ကိုးရီးယားဟာ ၂၁ ရာစုအတွင်း နူကလိယားလက်နက်စမ်းသပ်နေတဲ့ တစ်ခုတည်းသော နိုင်ငံတစ်နိုင်ငံလည်း ဖြစ်တာကြောင့် နူကလိယားလက်နက် မစမ်းသပ်စေဖို့ အမေရိကန်အပါအဝင် အခြားသော နိုင်ငံများမှလည်း မြောက်ကိုးရီးယားရဲ့ စမ်းသပ်မှုကို ဆန့်ကျင်နေရခြင်းလည်း ဖြစ်ပါတယ်။

Zawgyi Font : ေျမာက္ကိုးရီးယား၏ ျခိမ္းေျခာက္မႈေၾကာင့္ ႏူကလိယားစြမ္းအင္သံုး အေမရိကန္ေရငုပ္သေဘၤာ တစ္စီး ထပ္မံေစလႊတ္

USS Michigan အမည္ရတဲ့ အေမရိကန္ ႏူကလိယားစြမး္အင္သံုး ေရငုပ္သေဘၤာဟာ ဂ်ပန္ေရတပ္နဲ႕အတူ စစ္ေရးေလ့က်င့္ေနတဲ့ အေမရိကန္ ေလယာဥ္တင္သေဘၤာ Carl Vinson ကို ကူညီေထာက္ပံ့ဖို႕ ထြက္ခြာလာျပီလို႕ သိရွိရပါတယ္။

USS Michigan ဟာ ႏူကလိယားစြမ္းအင္သံုး ေရငုပ္သေဘၤာအမ်ိဳးအစားျဖစ္ျပီး တိုမေဟာက္စ္ ဒံုးက်ည္ ၁၅၀ နဲ႕အထက္ တပ္ဆင္ထားတယ္လို႕ သိရွိရပါတယ္။ ေျမာက္ကိုးရီးယားရဲ႕ ႏူကလိယားလက္နက္စမ္းသပ္မႈေၾကာင့္ တင္းမာမႈမ်ား ျဖစ္ေပၚလာျပီး စမ္းသပ္မႈကို ရပ္တန္႕သြားေစဖို႕ရန္အတြက္ အေမရိကန္မွ မဟာမိတ္ႏိုင္ငံမ်ားနဲ႕ ပူးေပါင္းခဲ့တာ ျဖစ္ပါတယ္။

ျပီးခဲ့တဲ့ ၂ ရက္မွ ေျမာက္ကိုးရီယားမွ အေမရိကန္ ေလယာဥ္တင္ စစ္သေဘၤာ Carl Vinson ကို တစ္ခ်က္ထဲပစ္ခ်ရံုနဲ႕ ေရေအာက္ထဲသို႕ ႏွစ္ျမွဳပ္ပစ္ႏုိင္ေၾကာင္း ျခိမ္းေျခာက္လိုက္တဲ့အတြက္ အေမရိကန္မွ USS Michigan အမည္ရတဲ့ ႏူကလိယားစြမ္းအင္သံုး ေရငုပ္သေဘၤာကိုပါ ထပ္မံေစလႊတ္လိုက္တာ ျဖစ္ပါတယ္။

ေျမာက္ကိုးရီးယားဟာ ၂၁ ရာစုအတြင္း ႏူကလိယားလက္နက္စမ္းသပ္ေနတဲ့ တစ္ခုတည္းေသာ ႏုိင္ငံတစ္ႏုိင္ငံလည္း ျဖစ္တာေၾကာင့္ ႏူကလိယားလက္နက္ မစမ္းသပ္ေစဖို႕ အေမရိကန္အပါအ၀င္ အျခားေသာ ႏုိင္ငံမ်ားမွလည္း ေျမာက္ကိုးရီးယားရဲ႕ စမ္းသပ္မႈကို ဆန္႕က်င္ေနရျခင္းလည္း ျဖစ္ပါတယ္။

Leave a comment

Your email address will not be published. Required fields are marked *