မြောက်ကိုးရီးယားရဲ့ IBM ဒုံးကျည်ကို ကာကွယ်မယ့် ဒုံးခွင်းစနစ်အတွက် အမေရိကန် ပြင်ဆင်

အမေရိကန်အနေနဲ့ မြောက်ကိုးရီးယားရဲ့ IBM ဒုံးကျည်ကို ကာကွယ်နိုင်ဖို့ အတွက် ပြင်ဆင်နေပြီး IBM ဒုံးကျည်တွေဟာ မိုင်ပေါင်း ၄၀၀၀ ကျော်ကို သွားနိုင်တဲ့အတွက် ပြင်းထန်တဲ့ ဒုံးကျည်အမျိုးအစားလဲ ဖြစ်ပါတယ်။ အမေရိကန် အနေနဲ့ IBM ဒုံးကျည်လက်နက်ပိုင်ဆိုင်သူ မြောက်ကိုးရီးယားနဲ့ အီရန်တို့ရဲ့ ရန်ကနေ ကြိုတင်ကာကွယ်ဖို့အတွက် IBM ဒုံးခွင်းစနစ်တွေကို ပြင်ဆင်နေပြီ ဖြစ်ပါတယ်။

အဆိုပါ IBM ဒုံးခွင်းစနစ်တွေကို ပစိဖိတ်သမုဒ္ဒရာအတွင်းမှာ ပြင်ဆင်လေ့ကျင့်သွားမှာ ဖြစ်ပြီး အဆိုပါ ဒုံးခွင်းစနစ်တွေဟာ မည်သည့် IBM ဒုံးကျည်တွေကို ပြန်လည် ပစ်ခတ်နိုင်စွမ်းရှိတယ်လို့ ဆိုပါတယ်။ အဆိုပါ ဒုံးခွင်းစနစ်တွေကို ဂျပန်နိုင်ငံမှာ စတင်တပ်ဆင်ခဲ့ပြီး မြောက်ကိုးရီးယားရဲ့ ဒုံးကျည်တွေကို ကာကွယ်ဖို့အတွက် ဖြစ်တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် ယခုအချိန်မှာတော့ အမေရိကန်အနေနဲ့ ပစိဖိတ် သမုဒ္ဒရာ အတွင်းမှာ လက်တွေ့စမ်းသပ်ပြသသွားမှာ ဖြစိပြီး လက်ရှိမှာတော့ ဒုံးခွင်းစနစ်တွေကို တောင်ကိုးရီးယားမှာလဲ တပ်ဆင်ပေးထားပါတယ်။

လက်တွေ့စမ်းသပ်မှုဟာ အမေရိကန်ရဲ့ စစ်အင်အားကို ပြသခြင်းလား ဒါမှမဟုတ် ကြိုတင်ကာကွယ်ဖို့အတွက် အစမ်းလေ့ကျင့်ခြင်းလားဆိုတာ ပင်တဂွန် စစ်ဌာနချုပ်ကဘဲ သိပါလိမ့်မယ်။

Zawgyi Font : မြောက်ကိုးရီးယားရဲ့ IBM ဒုံးကျည်ကို ကာကွယ်မယ့် ဒုံးခွင်းစနစ်အတွက် အမေရိကန် ပြင်ဆင်

us-navy




Leave a comment

Your email address will not be published. Required fields are marked *