ကမ္ဘာ့ပထမဆုံး မိုဘိုင်း OS နှစ်ခုနဲ့လာမယ့် Moly စမတ်ဖုန်း

စမတ်ဖုန်းတွေမှာ Android တွေဘဲ သုံးနေရလို့ ပျင်းနေပြီလား။ ဒါမှမဟုတ် Windows မိုဘိုင်းစမတ်ဖုန်းရော စမ်းသုံးချင်စိတ်မရှိဘူးလား။ ဒီလိုမျိုး OS နှစ်ခုလုံးကို စမတ်ဖုန်းတစ်လုံးထဲမှာ သုံးလို့ရဖို့အတွက် Moly ကုမ္ပဏီက ဖြည့်ဆည်းပေးတော့မှာ ဖြစ်ပါတယ်။

ကွန်ပြူတာတွေမှာ OS နှစ်ခုနဲ့အထက် တင်လို့ရပေမယ့် စမတ်ဖုန်းတွေမှာတော့ ဒါမျိုးတွေ မရှိသေးပါဘူး။ အဲ့ဒီလိုအပ်ချက်ကို တရုတ်အခြေစိုက် ကုမ္ပဏီဖြစ်တဲ့ Moly က ဖန်တီးပေးသွားမှာ ဖြစ်ပြီး Moly ကုမ္ပဏီဟာ Microsoft ကုမ္ပဏီကြီးရဲ့ ပါတနာလည်း ဖြစ်ပါတယ်။ ဒါပေမယ့် ဘယ်ချိန်မှာ စတင်ထွက်ရှိမလဲဆိုတာကိုတော့ မသတ်မှတ်ရသေးပါဘူး။ ဖြစ်နိုင်ချေကတော့ ဒီနှစ်ကုန်လောက်မှ ထွက်နိုင်မယ်လို့ ယူဆရပါတယ်။

moly-winos

ဒါပေမယ့် Moly ကုမ္ပဏီအနေနဲ့ dual OS အနေနဲ့ ထုတ်လုပ်မှာဆိုတာကိုတော့ အတည်ပြုထုတ်ပြန်ကြေငြာလိုက်ပြီ ဖြစ်ပါတယ်။

Zawgyi Font : ကမ္ဘာ့ပထမဆုံး မိုဘိုင်း OS နှစ်ခုနဲ့လာမယ့် Moly စမတ်ဖုန်း




Leave a comment

Your email address will not be published. Required fields are marked *