MPT တွင် Mobile Video ဝန်ဆောင်မှုကို ထည့်သွင်းလိုက်ပြီ

မြန်နိုင်ငံရှိ MPT အသုံးပြုသူတွေအတွက် ရုပ်ရှင်Video အလန်းတွေ၊ ကိုးရီးယားကားတွေ၊ သီချင်းတွေကို အလွယ်တကူ ကြည့်ရှု နိုင်ဖို့ရန်အတွက် MPT က Vuclip (Mobile Video ဝန်ဆောင်မှု)ကို ထည့်သွင်းလိုက်ပြီဖြစ်ကြောင်း ဖေဖော်ဝါရီလ ၁၆ရက်နေ့က စာနယ်ဇင်းများကို အသိပေးကြေငြာလိုက်ပါတယ်။

၎င်း Mobile Video ဝန်ဆောင်မှုမှာ Content Provider ၂၅၀ကျော်ပံ့ပိုးပေးထားတဲ့ နာရီပေါင်း ၃သိန်းကျော် Video များကို အကန့်အသတ်မရှိပဲ တစ်ရက်လျှင် ၉၉ကျပ်နှုန်းဖြင့် MPT အသုံးပြုသူများက ကြည့်ရှုခံစားနိုင်မှာဖြစ်ပါတယ်။  မြန်မာစာတန်းထိုး ကိုရီးယား ဒရာမာ ရုပ်သံ ဇာတ်လမ်းတွဲများ၊ ရုပ်ရှင်များ၊ အကောင်းဆုံး ဟောလိဝုဒ် ရုပ်ရှင်ပြကွက်များ ၊ဘောလုံးအားကစား အကြောင်းအရာများ၊ မြန်မာနဲ့ နိုင်ငံတကာမှ Music Video များစတဲ့ အခြား ဖျော်ဖြေရေး အစီအစဉ်များစွာကို အင်တာနက်ဖွင့်ပြီးကြည့်ရှုနိုင်သလို Download လုပ်ပြီး Offline ဖြင့်လည်း ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။

Vuclip ရဲ့ Chief Revenue Officer, Mr.Salman Hussain ကတော့ “မူပိုင်ခွင့် နည်းပညာတွေနဲ့ တီထွင်ထားတဲ့ ကျနော်တို့ရဲ့နည်းပညာက အသုံးပြုသူတွေအတွက် အထစ်အငေါ့ မရှိတဲ့ ကြည့်ရှုခံစားမှုမျိုး ရနိုင်မှာ ဖြစ်ပါတယ်။ အခုအချိန်မှာ မြန်မာနိုင်ငံအနေနဲ့ မိုဘိုင်းဈေးကွက်ဖွံ့ဖြိုး တိုးတက်မှု အလျင်အမြန် ဖြစ်ပေါ်နေတာနဲ့အညီ ကျနော်တို့ အနေနဲလည်း အခုလိုအချိန်မှာ မြန်မာနိုင်ငံကို ရောက်ရှိလာတဲ့အတွက် တကယ်ကို စိတ်လှုပ်ရှား နေမိပါတယ်” လို့ ပြောပါတယ်။

Vuclip ကို အခုလက်ရှိမှာ  အိန္ဒိယ၊ အင်ဒိုနီးရှား၊ မလေးရှား၊ ထိုင်း၊ အီဂျစ်၊ အာရေဗျ၊ အရှေ့တောင်အာရှနိုင်ငံများနဲ့ အာဖရိကနိုင်ငံများမှာ ဈေးကွက်ဖြန့်ချီပြီး အသုံးပြုနေတာဖြစ်ပြီး www.vzonempt.com မှာ အသေးစိတ် ဝင်ရောက်ကြည့်ရှုနိုင်ပြီး ဝန်ဆောင်မှုကို ရယူနိုင်ပါတယ်။

Leave a comment

Your email address will not be published.