ငွေကြေးဖောင်းပွမှု လျော့ချဖို့ အစိုးရမှ အခွန်တိုးကောက်ရန် စီစဉ်

စီးပွားရေးပညာရှင် ဦးလှမောင် က အစိုးရ၏လိုငွေအသုံးစရိတ် ကြီးမားမှုကို လျော့ချရန် အခွန်ပိုမိုကောက်ခံပါက ငွေကြေး ဖောင်းပွမှုကို လျော့ချနိုင်မည်ဟု သုံးသပ်ခဲ့သည်။ ၂၀၁၇-၁၈ ဘဏ္ဍာနှစ်အတွက် အစိုးရ၏ အခွန်ကောက်ခံမှု ပမာဏာကို ၆၅ဝဝဘီလီယံခန့် ရရှိရန် မျှော်မှန်းထားကြောင်း သိရသည်။

ကောက်ခံရရှိလာသော အခွန်ငွေများဖြင့် နိုင်ငံအတွင်းလိုအပ်သော ကျန်းမာရေး၊ပညာရေး၊ တည်ဆောက်ရေးနှင့် အခြားသော ကိစ္စတွေမှာ အသုံးပြုတာဖြစ်သည့်အတွက် ပြည်သူ့ငွေဖြင့် ပြည်သူတို့အတွက် ပြန်လည် အကုန်ကျခံခြင်း ဖြစ်ခြင်းကြောင့် ငွေကြေးလည်ပတ်စီးဆင်းမှု ပိုမိုကောင်းမွန်လာမည် ဖြစ်ကြောင်း စီးပွားရေးပညာရှင် ဦးလှမောင်က ပြောခဲ့သည်။ မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင် များအသင်းချုပ် ဒုတိယဥက္ကဋ္ဌ ဒေါက်တာ မောင်မောင်လေး မှ အခွန်မဆောင်သောလုပ်ငန်းများကို စနစ်တစ်ကျထိန်းသိမ်းပြီး အရေးယူမှု များ ပြုလုပ်သင့်ကြောင်း၊ အခွန်ကို တိုးမြှင့်သင့်ကြောင်း ပြောခဲ့သည်။

Leave a comment

Your email address will not be published. Required fields are marked *