အေးချမ်းတည်ငြိမ်သောနိုင်ငံ အဆင့်သတ်မှတ်ချက်အရ မြန်မာနိုင်ငံ အဆင့် ၁၀၄ အဖြစ် တိုးတက်လာ

၂၀၁၇ Global Peace Index ၏ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံဟာ တည်ငြိမ်အေးချမ်းသောနိုင်ငံအဆင့်တွင် အဆင့် ၁၀၄ အဖြစ် တိုးတက်လာကြောင်း သိရှိရသည်။ GPI အဖွဲ့အစည်းသည် တစ်ကမ္ဘာလုံးတွင်ရှိသော နိုင်ငံများ၏ တည်ငြိမ်မှုကို တိုင်းတာသော အဖွဲ့အစည်းဖြစ်ပြီး ရလဒ်များကို တစ်နှစ်တစ်ခါ ထုတ်ပြန်လေ့ရှိသည်။

နိုင်ငံတစ်နိုင်ငံ၏ စီးပွားရေး၊ လူမှုရေး၊ ဘာသာရေးနှင့် နိုင်ငံရေးတို့ အပေါ် အခြေခံတွက်ချက်ပြီး ရလဒ်များကို ထုတ်ပြန်ခြင်းဖြစ်ကာ ၂၀၁၇ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံမှ အဆင့် ၁၁၄ မှ အဆင့် ၁၀၄ အဖြစ် တိုးတက်လာသည်ကို တွေ့ရှိရသည်။ ထူးခြားချက်အနေဖြင့် အမေရိကန်ပြည်ထောင်စု၏ ရလဒ်မှာ ၁၁၄ ဖြစ်သွားခဲ့ပြီး ယခင်က မြန်မာနိုင်ငံ၏ နိုင်ငံရေးအခြေအနေကဲ့သို့ ပြန်လည်ရောက်ရှိသွားသည့် ရလဒ်နှင့် တူနေသည်။

myanmar gpi score

GPI ၏ သတ်မှတ်ချက်အရ မြန်မာနိုင်ငံသည် အလွန်အမင်းငြိမ်းချမ်းသောနိုင်ငံ၊ ကောင်းမွန်သော ငြိမ်းချမ်းမှုရှိသည့် နိုင်ငံ တို့၏ စာရင်းတွင်မူ မပါရှိသေးချေ။ အဆင့်သတ်မှတ်ချက်မှာ Medium ဖြစ်၍ အလယ်အလတ် ငြိမ်းချမ်းမှု ရှိသည့်နိုင်ငံအဖြစ်သာ သတ်မှတ်ထားသေးသည်။

လက်ရှိတွင် ကမ္ဘာပေါ်တွင် နေထိုင်ရန် အကောင်းဆုံးနှင့် တည်ငြိမ်မှုအရှိဆုံး ၊ အေးချမ်းမှု အရှိဆုံးနိုင်ငံမှာ အိုင်စ်လန်၊ နော်ဝေး၊ ဆွစ်ဇလန်၊ ဒိန်းမတ်နှင့် ဆွီဒင် နိုင်ငံတို့ ဖြစ်ကြသည်။

Ref : Coconuts.co

Zawgyi Font : ေအးခ်မ္းတည္ျငိမ္ေသာႏိုင္ငံ အဆင့္သတ္မွတ္ခ်က္အရ ျမန္မာႏိုင္ငံ အဆင့္ ၁၀၄ အျဖစ္ တိုးတက္လာ

၂၀၁၇ Global Peace Index ၏ ထုတ္ျပန္ခ်က္အရ ျမန္မာႏုိင္ငံဟာ တည္ျငိမ္ေအးခ်မ္းေသာႏုိင္ငံအဆင့္တြင္ အဆင့္ ၁၀၄ အျဖစ္ တိုးတက္လာေၾကာင္း သိရွိရသည္။ GPI အဖြဲ႕အစည္းသည္ တစ္ကမၻာလံုးတြင္ရွိေသာ ႏုိင္ငံမ်ား၏ တည္ျငိမ္မႈကို တိုင္းတာေသာ အဖြဲ႕အစည္းျဖစ္ျပီး ရလဒ္မ်ားကို တစ္ႏွစ္တစ္ခါ ထုတ္ျပန္ေလ့ရွိသည္။

ႏိုင္ငံတစ္ႏိုင္ငံ၏ စီးပြားေရး၊ လူမႈေရး၊ ဘာသာေရးႏွင့္ ႏိုင္ငံေရးတို႕ အေပၚ အေျခခံတြက္ခ်က္ျပီး ရလဒ္မ်ားကို ထုတ္ျပန္ျခင္းျဖစ္ကာ ၂၀၁၇ ထုတ္ျပန္ခ်က္အရ ျမန္မာႏိုင္ငံမွ အဆင့္ ၁၁၄ မွ အဆင့္ ၁၀၄ အျဖစ္ တိုးတက္လာသည္ကို ေတြ႕ရွိရသည္။ ထူးျခားခ်က္အေနျဖင့္ အေမရိကန္ျပည္ေထာင္စု၏ ရလဒ္မွာ ၁၁၄ ျဖစ္သြားခဲ့ျပီး ယခင္က ျမန္မာႏိုင္ငံ၏ ႏိုင္ငံေရးအေျခအေနကဲ့သို႕ ျပန္လည္ေရာက္ရွိသြားသည့္ ရလဒ္ႏွင့္ တူေနသည္။

GPI ၏ သတ္မွတ္ခ်က္အရ ျမန္မာႏိုင္ငံသည္ အလြန္အမင္းျငိမ္းခ်မ္းေသာႏိုင္ငံ၊ ေကာင္းမြန္ေသာ ျငိမ္းခ်မ္းမႈရွိသည့္ ႏိုင္ငံ တို႕၏ စာရင္းတြင္မူ မပါရွိေသးေခ်။ အဆင့္သတ္မွတ္ခ်က္မွာ Medium ျဖစ္၍ အလယ္အလတ္ ျငိမ္းခ်မ္းမႈ ရွိသည့္ႏိုင္ငံအျဖစ္သာ သတ္မွတ္ထားေသးသည္။

လက္ရွိတြင္ ကမၻာေပၚတြင္ ေနထုိင္ရန္ အေကာင္းဆံုးႏွင့္ တည္ျငိမ္မႈအရွိဆံုး ၊ ေအးခ်မ္းမႈ အရွိဆံုးႏုိင္ငံမွာ အိုင္စ္လန္၊ ေနာ္ေ၀း၊ ဆြစ္ဇလန္၊ ဒိန္းမတ္ႏွင့္ ဆြီဒင္ ႏိုင္ငံတို႕ ျဖစ္ၾကသည္။

Ref : Coconuts.co

Leave a comment

Your email address will not be published. Required fields are marked *