ဒုက္ခသည်ကိစ္စ ရှုပ်ထွေးမှုနှင့် အလျစ်လျူဆုံး နိုင်ငံအဖြစ် မြန်မာနိုင်ငံ အဆင့် ၉ ချိတ်

မြန်မာနိုင်ငံဟာ ဒုက္ခသည်ကိစ္စ ရှုပ်ထွေးမှုနဲ့ အလျစ်လျူဆုံးနိုင်ငံအဖြစ် တစ်ကမ္ဘာလုံးမှာ အဆင့် ၉ အဖြစ် NRC အဖွဲ့အစည်းကနေ သတ်မှတ်ခဲ့ပါတယ်။ ခိုးဝင်လူဦးရေများပြားပြီး၊ လူ့အခွင့်အရေးကိစ္စများ ချိုးဖောက်ခံရမှု၊ လျစ်လျူမှု နဲ့ ဘာသာရေးလွန်ဆွဲမှုကိစ္စများ ဖြစ်ပေါ်နေလို့ ကမ္ဘာ့အဆင့်သတ်မှတ်ချက်အရ အဆင့် ၉ ဖြစ်သွားတာ ဖြစ်ပါတယ်။

ဆိုးရွားပါတယ်ဆိုတဲ့ ဆိုမားလီးယားနိုင်ငံတောင် အဆင့် ၁၀ ချိတ်နေပြီး မြန်မာနိုင်ငံရဲ့ အခြေအနေဟာ ဆိုမားလီးယားနိုင်ငံထက် ပိုမိုဆိုးရွားတဲ့ အဆင့်အဖြစ် သတ်မှတ်ခြင်း ခံနေရပါတယ်။ မြန်မာနိုင်ငံမှာ ဒုက္ခသည်ကိစ္စများဟာ ရခိုင်ပြည်နယ်မှာ ဖြစ်ပေါ်နေတာဖြစ်ပြီး ဘာသာရေးဆိုင်ရာ တင်းမာမှုများမြင့်တက်လျက်ရှိပါတယ်။

NRC ရဲ့ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံရှိ လူဦးရေ ၁သန်းခန့်ဟာ အစိုးရရဲ့ ကျန်းမာရေးဆိုင်ရာစောင့်ရှောက်မှု၊ ပညာရေးဆိုင်ရာ ထောက်ပံ့မှုမှုတို့ ဆုံးရှုံးလျက်ရှိပြီး လွတ်လပ်စွာလှုပ်ရှားပြောဆို သွားလာခွင့်ဟာလည်း အကန့်အသတ် နဲ့သာ ရှိသေးတယ်လို့ ဆိုပါတယ်။

အစိုးရရဲ့ ထောက်ပံ့မှုအားနည်းခြင်း၊ မီဒီယာတို့၏ အားနည်းခြင်း၊ စီးပွားရေးဆိုင်ရာ အခြေခံအဆောက်အအုံအားနည်းခြင်း တို့ကြောင့် ဒုက္ခသည်ကိစ္စပိုမိုရှုပ်ထွေးတာဖြစ်တယ်လို့ NRC က ထုတ်ပြန်ထားပါတယ်။ ထို့အပြင် ဒုက္ခသည်ကိစ္စတွင် ရခိုင်ပြည်နယ်တစ်ခုတည်းကိုသာ အာရုံရောက်နေပြီး ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်တို့မှာ ဖြစ်နေတဲ့ ဒုက္ခသည်ကိစ္စတွေကို မေ့လျောနေတယ်လို့ UNHCR က ထောက်ပြလိုက်ပါတယ်။

Zawgyi Font : ဒုကၡသည္ကိစၥ ရႈပ္ေထြးမႈႏွင့္ အလ်စ္လ်ဴဆံုး ႏိုင္ငံအျဖစ္ ျမန္မာႏုိင္ငံ အဆင့္ ၉ ခ်ိတ္

ျမန္မာႏုိင္ငံဟာ ဒုကၡသည္ကိစၥ ရႈပ္ေထြးမႈနဲ႕ အလ်စ္လ်ဴဆံုးႏုိင္ငံအျဖစ္ တစ္ကမၻာလံုးမွာ အဆင့္ ၉ အျဖစ္ NRC အဖြဲ႕အစည္းကေန သတ္မွတ္ခဲ့ပါတယ္။ ခိုး၀င္လူဦးေရမ်ားျပားျပီး၊ လူ႕အခြင့္အေရးကိစၥမ်ား ခ်ိဳးေဖာက္ခံရမႈ၊ လ်စ္လ်ဴမႈ နဲ႕ ဘာသာေရးလြန္ဆြဲမႈကိစၥမ်ား ျဖစ္ေပၚေနလို႕ ကမၻာ႕အဆင့္သတ္မွတ္ခ်က္အရ အဆင့္ ၉ ျဖစ္သြားတာ ျဖစ္ပါတယ္။

ဆိုးရြားပါတယ္ဆိုတဲ့ ဆိုမားလီးယားႏုိင္ငံေတာင္ အဆင့္ ၁၀ ခ်ိတ္ေနျပီး ျမန္မာႏုိင္ငံရဲ႕ အေျခအေနဟာ ဆိုမားလီးယားႏုိင္ငံထက္ ပိုမိုဆိုးရြားတဲ့ အဆင့္အျဖစ္ သတ္မွတ္ျခင္း ခံေနရပါတယ္။ ျမန္မာႏုိင္ငံမွာ ဒုကၡသည္ကိစၥမ်ားဟာ ရခိုင္ျပည္နယ္မွာ ျဖစ္ေပၚေနတာျဖစ္ျပီး ဘာသာေရးဆိုင္ရာ တင္းမာမႈမ်ားျမင့္တက္လ်က္ရွိပါတယ္။

NRC ရဲ႕ ထုတ္ျပန္ခ်က္အရ ျမန္မာႏုိင္ငံရွိ လူဦးေရ ၁သန္းခန္႕ဟာ အစိုးရရဲ႕ က်န္းမာေရးဆိုင္ရာေစာင့္ေရွာက္မႈ၊ ပညာေရးဆိုင္ရာ ေထာက္ပံ့မႈမႈတို႕ ဆံုးရံႈးလ်က္ရွိျပီး လြတ္လပ္စြာလႈပ္ရွားေျပာဆို သြားလာခြင့္ဟာလည္း အကန္႕အသတ္ နဲ႕သာ ရွိေသးတယ္လို႕ ဆိုပါတယ္။

အစိုးရရဲ႕ ေထာက္ပံ့မႈအားနည္းျခင္း၊ မီဒီယာတို႕၏ အားနည္းျခင္း၊ စီးပြားေရးဆိုင္ရာ အေျခခံအေဆာက္အအံုအားနည္းျခင္း တို႕ေၾကာင့္ ဒုကၡသည္ကိစၥပိုမိုရႈပ္ေထြးတာျဖစ္တယ္လို႕ NRC က ထုတ္ျပန္ထားပါတယ္။ ထို႕အျပင္ ဒုကၡသည္ကိစၥတြင္ ရခိုင္ျပည္နယ္တစ္ခုတည္းကိုသာ အာရံုေရာက္ေနျပီး ကခ်င္ျပည္နယ္နဲ႕ ရွမ္းျပည္နယ္တို႕မွာ ျဖစ္ေနတဲ့ ဒုကၡသည္ကိစၥေတြကို ေမ့ေလ်ာေနတယ္လို႕ UNHCR က ေထာက္ျပလိုက္ပါတယ္။

Leave a comment

Your email address will not be published. Required fields are marked *