NASA ရဲ့ ပထမဆုံး Flight Director ဖြစ်တဲ့ Chris Kraft ကွယ်လွန်။

လူ့သက်တမ်းသမိုင်းတစ်လျှောက်မှာ လကမ္ဘာမှာလူသားတွေ ခြေချနိုင်အောင် လုပ်ခဲ့တဲ့ NASA ရဲ့ ပထမဦးဆုံး flight director ဖြစ်တဲ့ Chris Kraft က တနင်္လာနေ့မှာ ကွယ်လွန်ခဲ့ပါတယ်။ ကွယ်လွန်တဲ့အချိန်မှာ ဆရာကြီး Chris Kraft က အသက် ၉၅ နှစ်ရှိနေပါပြီ။

ဆရာကြီး Kraft က NASA Space Task Group ကို ၁၉၅၈ ခုနှစ်မှာ Flight Director အနေနဲ့ စတင်တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ လူ့သမိုင်းတစ်လျှောက်မှာ လူသားတွေပထမဦးဆုံး အာကာသထဲမှာ ကမ္ဘာပတ်လမ်းကြောင်းအတိုင်းသွားတဲ့ mission မှာ ကူညီခဲ့တဲ့ လူလည်းဖြစ်ပါတယ်။ Space Mission ထဲက တစ်ခုဖြစ်တဲ့ Apollo program မှာလည်း ဆရာကြီး Kraft က အာကာသယာဉ်မှုး Ed White ကို Gemini 4 Capsule နဲ့ ကမ္ဘာမြေပြန်ရောက်အောင် control centre က ညွှန်ကြားပြောပြ ပြသပေးခဲ့တဲ့ လူလည်း ဖြစ်ပါတယ်။ သူ့ရဲ့ အလုပ်သက်တမ်းတစ်လျှောက်မှာ ခေါင်းဆောင်အနေနဲ့ တာဝန်တွေထမ်းဆောင်ခဲ့ပြီး ၁၉၈၂ ခုနှစ်မှာတော့ centre director ရာထူးကိုယူခဲ့ပြီး အနားယူခဲ့ပါတယ်။

ဆရာကြီး Christopher Chris Kraft Jr ကို ဖေဖာ်ဝါရီလ ၂၈ရက် ၁၉၂၄ ခုနှစ် မှာ Virgina ပြည်နယ် Phoebus မှာ မွေးဖွားခဲ့ပါတယ်။ ကျောင်းတက်စဉ်အချိန်က​ Basketball နဲ့ Drums တီးရတာကို ကြိုက်နှစ်သက်ခဲ့ပါတယ်။ ၁၉၄၁ ခုနှစ်မှာ Virgina နည်းပညာကျောင်းနဲ့ စက်မှုအင်ဂျင်နီယာကျောင်းကို တက်ရောက်ခဲ့ပါတယ်။ ကျောင်းသားဘ၀မှာ သူငယ်ချင်းတွေ စစ်ထဲကို ဝင်ရောက်တာဝန်ထမ်းဆောင်တဲ့အခါ ဆရာကြီး Kraft ကလည်း Navy တပ်ထဲကို ဝင်ဖို့ကြိုးစားခဲ့ပါတယ်။ ကလေးဘ၀က ညာဘက်က အပူလောင်ထားတဲ့ လက်အမာရွတ်တွေရှိနေတာကြောင့် ဝင်ခွင့်မရခဲ့ပါဘူး။ ၁၉၄၄ ခုနှစ်မှာ လေကြောင်းအင်ဂျင်နီယာဘွဲ့ ရရှိခဲ့ပါတယ်။ ၁၉၅၀ ခုနှစ်မှာတော့ ကျောင်းထဲကချစ်ကြိုက်ခဲ့တဲ့ အမျိုးသမီး Betty Anne Turnbull နဲ့ လက်ထပ်ခဲ့ပါတယ်။ အဲ့နောက်မှာ သားတစ်ယောက် သမီးတစ်ယောက် ထွန်းကားခဲ့ပါတယ်။ နာမည်တွေကတော့ Gordin နဲ့ Kristi-Anne ဖြစ်ကြပါတယ်။

အလုပ်ကအနားယူပြီးတဲ့အချိန်မှာလည်း company ကြီးတွေဖြစ်တဲ့ IBM companyကိုလည်း အကြံပေးအဖြစ် ဆက်လက်တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ ဒါ့အပြင် သူ့ရဲ့ သက်တမ်းသမိုင်းတစ်လျှောက် ကိုယ်ရေ့းအတ္ထုပတ္တိ စာအုပ်ဖြစ်တဲ့ “Flight : My life in Mission Control” စာအုပ်ကို ဖြန့်ဝေထုတ်ချီခဲ့ပါတယ်။ New York ရဲ့ အရောင်းရဆုံး စာအုပ်တွေထဲမှာ တစ်အုပ်ဖြစ်ခဲ့ပါတယ်။ ဆရာကြီး Kraft မကွယ်လွန်မီမှာလည်း NASA က ချီးမြှင့်တဲ့ ဂုဏ်ထူးဆောင် ဆုတံဆိပ်တွေ အများကြီးရခဲဲ့ပါတယ်။ ၂၀၁၁ ခုနှစ်မှာ ဆောက်လုပ်ခဲ့တဲ့ NASA ရဲ့ 30 Mission Control Center ကို ဆရာကြီး Kraft ကို ဂုဏ်ပြုသောအားဖြင့် Christopher C.Kraft, Jr, Mission Control Center အဖြစ် နာမည်ပေးခဲ့ပါတယ်။

Leave a comment

Your email address will not be published. Required fields are marked *