Apple မှ Home Button မပါသော iPad အသစ်တစ်မျိုး မိတ်ဆက်ရောင်းချဖွယ်ရှိ

လာမည့်နှစ် ၂၀၁၇ခုနှစ် အစောပိုင်းတွင် Apple မှ home button မပါသော iPad အသစ်တစ်မျိုးကို မိတ်ဆက် ရောင်းချဖွယ် ရှိနိုင် ကြောင်း ဂျပန် နည်းပညာဆိုဒ် Makotakara မှ ဖော်ပြခဲ့သည်။ Apple မှ မကြာမှီရောင်းချမည့် ၁၀.၉လက်မ မျက်နှာပြင်အရွယ် အစားရှိသော iPad တွင် home button feature ပါဝင်တော့မည် မဟုတ်ဘဲ ယင်း iPad ၏အထူမှာ ၂၀၁၃ခုနှစ်က ရောင်းချခဲ့သော iPad Air ၏ အထူနှင့် တူညီမည်ဖြစ်ကြောင်း ဖော်ပြခဲ့သည်။

ထို့အပြင် Apple Pencil နည်းပညာအထောက်အပံ့ပေးသော မျက်နှာပြင်အဖြစ် ထွက်ရှိမည်ဖြစ်ပြီး မျက်နှာပြင်ဘောင်အကွပ်များပါ ထည့်သွင်းတည်ဆောက်ပေးသွားမှာ ဖြစ်ပါတယ်။

Ref: The Verge

Leave a comment

Your email address will not be published. Required fields are marked *