New York ရှိ နာမည်ကြီးစားဖိုမှူး Carl Ruiz ရုတ်တရက်သေဆုံး

စားဖိုမှူလောကတွင် စားဖိုမှူးခေါင်းဆောင်၊ အကဲဖြတ် ဒိုင်လူကြီးအဖြစ် နာမည်ကြီးတဲ့ New York စားသောက်ဆိုင်၏ နာမည်ကြီး စားဖိုမှူးခေါင်းဆောင် Carl Ruiz ဟာ စက်တင်ဘာလ (၂၂)ရက် တနင်္ဂနွေနေ့တွင် ရုတ်တရက် သေဆုံး ခဲ့တာဖြစ်ကြောင်း သူ၏စားသောက်ဆိုင်မှ ပြောကြားချက်အရသိရပါတယ်။

Ruiz ၏ စားသောက်ဆိုင်မှ ပြောခွင့်ရ အမျိုးသမီး La Cubana က သူတို့ဆိုင်အနေနဲ့ Carl Ruiz သေဆုံးမှုကြောင့် စကားလုံးရှာလို့မရလောက်အောင်ကို ဝမ်းနည်းရတာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။ သူတို့ဆိုင်ကလူတွေအတွက် Carl Ruiz ဟာ သူငယ်ချင်းဆိုလည်းဟုတ်၊ မောင်နှမလိုလည်းဟုတ်တယ်လို့ ပြောခဲ့ပါတယ်။ Carl Ruiz ဘာဖြစ်လို့ သေဆုံး ခဲ့လဲဆိုတာကိုတော့ ပြောပြခဲ့ခြင်းမရှိပဲ ရုတ်တရက်သေဆုံးခဲ့တယ်လို့ပဲ သိရပါတယ်။

Carl Ruiz ဟာ ယခုနှစ်အစောပိုင်းတုန်းက New York ပြည်နယ် Meatpacking ခရိုင်တွင် သူ့ရဲ့ ကိုယ်ပိုင် ဆိုင် ကလေးတစ်ခုကို ဖွင့်လှစ်ခဲ့ပါသေးတယ်။ တနင်္ဂနွေနေ့တုန်းက Carl Ruiz နှင့်အတူရှိနေခဲ့တဲ့ Carl Ruiz ၏ လုပ် ဖော်ကိုင်ဖက် Alex Guarnaschelli က Carl Ruiz ဟာ အရမ်းစိတ်သဘောထားကောင်းတယ်၊ ပျော်ပျော် နေတ တ်တယ်၊ သူ့ကြောင့် အမြဲပျော်ခဲ့ရသလို စိတ်ညစ်နေတဲ့အချိန်မှာလည်း ပျော်အောင်လုပ်ပေးနိုင်တယ်၊ အမြော်အမြင် လည်းရှိတယ်၊ ပညာလည်းရှိတဲ့ လူတစ်ယောက်ဖြစ်တဲ့အပြင် pizza မှာ နာနတ်သီးအား ထည့်သွင်းအသုံးပြုခြင်းကို တီထွင်နိုင်တာ သူတစ်ယောက်ပဲရှိတယ်လို့ ချီးကျူးပြောဆိုခဲ့ပါတယ်။

Source : NBC News

Leave a comment

Your email address will not be published.