မိတ္ထီလာမြို့တွင် ကိုးတန်းကျောင်းသားမှ တက္ကသိုလ်ဝင်စာမေးပွဲ ဝင်ရောက်ဖြေဆို

မိတ္ထီလာမြို့နယ် အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်းတွင် ကိုးတန်းကျောင်းသားတစ်ဦးမှ တက္ကသိုလ်ဝင်တန်း စာမေးပွဲအား ဝင်ရောက်ဖြေဆိုမှု ဖြစ်ပွားခဲ့ကြောင်းသိရှိရသည်။ အဆိုပါ ကိုးတန်းကျောင်းသားအား မတ်လ ၉ ရက်နေ့ အင်္ဂလိပ်စာဖြေသည့်နေ့တွင် ကျောင်းအုပ်ချုပ်ရေး တာဝန်ခံမှ တွေ့ရှိခဲ့ခြင်း ဖြစ်ပြီး အဆိုပါ ကျောင်းသားမှာ ကိုးတန်းကို စာမေးပွဲကျထားသည့် ကျောင်းသားလဲ ဖြစ်သည်။

အဆိုပါ ကိုးတန်းကျောင်းသားမှာ ကိုယ်ပိုင်ခုံအမှတ်ဖြင့် ဝင်ရောက်ဖြေဆိုခြင်း ဖြစ်ပြီး ပုဂ္ဂလိက ကိုယ်ပိုင်ကျောင်းမှ တစ်ဆင့် ဆယ်တန်းခုံနံပတ်လျှောက်၍ ဖြေဆိုခြင်း ဖြစ်သည်။ ထို့ကြောင့် ကိုးတန်းကို ကျထားသည့် ကျောင်းသားမှ ဆယ်တန်းစာမေးပွဲဖြေဆိုရန်အတွက် ခုံနံပတ်ကို မည်သို့မည်ပုံရအောင် လျှောက်ထားမှန်းမသိသေး၍ အဆင့်ဆင့် ပြန်လည် စစ်ဆေးမည်ဟု သိရှိရသည်။

လက်ရှိတွင် အဆိုပါ ကျောင်းသား၏ ခုံနံပတ်အား ပယ်ထားလိုက်ကြောင်းသိရှိရသည်။ စစ်ဆေးမှုများ ပေါ်ပေါက်လာပါက အပြစ်ရှိသူကို အရေးယူမည်ဟု သိရှိရသည်။

Zawgyi Font : မိတၳီလာျမိဳ႕တြင္ ကိုးတန္းေက်ာင္းသားမွ တကၠသိုလ္၀င္စာေမးပြဲ ၀င္ေရာက္ေျဖဆို

မိတၳီလာျမိဳ႕နယ္ အမွတ္ (၃) အေျခခံပညာအထက္တန္းေက်ာင္းတြင္ ကိုးတန္းေက်ာင္းသားတစ္ဦးမွ တကၠသိုလ္၀င္တန္း စာေမးပြဲအား ၀င္ေရာက္ေျဖဆိုမႈ ျဖစ္ပြားခဲ့ေၾကာင္းသိရွိရသည္။ အဆိုပါ ကိုးတန္းေက်ာင္းသားအား မတ္လ ၉ ရက္ေန႕ အဂၤလိပ္စာေျဖသည့္ေန႕တြင္ ေက်ာင္းအုပ္ခ်ဳပ္ေရး တာ၀န္ခံမွ ေတြ႕ရွိခဲ့ျခင္း ျဖစ္ျပီး အဆိုပါ ေက်ာင္းသားမွာ ကိုးတန္းကို စာေမးပြဲက်ထားသည့္ ေက်ာင္းသားလဲ ျဖစ္သည္။

အဆိုပါ ကိုးတန္းေက်ာင္းသားမွာ ကိုယ္ပိုင္ခံုအမွတ္ျဖင့္ ၀င္ေရာက္ေျဖဆိုျခင္း ျဖစ္ျပီး ပုဂၢလိက ကိုယ္ပိုင္ေက်ာင္းမွ တစ္ဆင့္ ဆယ္တန္းခံုနံပတ္ေလွ်ာက္၍ ေျဖဆိုျခင္း ျဖစ္သည္။ ထို႕ေၾကာင့္ ကိုးတန္းကို က်ထားသည့္ ေက်ာင္းသားမွ ဆယ္တန္းစာေမးပြဲေျဖဆိုရန္အတြက္ ခံုနံပတ္ကို မည္သို႕မည္ပံုရေအာင္ ေလွ်ာက္ထားမွန္းမသိေသး၍ အဆင့္ဆင့္ ျပန္လည္ စစ္ေဆးမည္ဟု သိရွိရသည္။

လက္ရွိတြင္ အဆိုပါ ေက်ာင္းသား၏ ခံုနံပတ္အား ပယ္ထားလိုက္ေၾကာင္းသိရွိရသည္။ စစ္ေဆးမႈမ်ား ေပၚေပါက္လာပါက အျပစ္ရွိသူကို အေရးယူမည္ဟု သိရွိရသည္။

Leave a comment

Your email address will not be published. Required fields are marked *