Nissan car company မှ အင်ဂျင်နီယာတစ်ယောက်က ဂျပန်နိုင်ငံက လယ်သမားတွေကို ကူညီပေးမယ့် ဘဲစက်ရုပ်တီထွင်။

ပိုးသတ်ဆေး မပေါ်ခင်က အာရှတစ်ခွင်မှာ လယ်သမားတွေက လယ်ယာစိုက်ပျိုးရေးလုပ်တဲ့အခါမှာ ဘဲတွေကို အသုံးပြုခဲ့ပါတယ်။ ဘဲတွေက စပါးခင်းက ပိုးကောင်တွေနဲ့ ကောက်ပဲသီးနှံတွေကို ဒုက္ခပေးတဲ့ အင်းဆက်ကောင်တွေကို စားတာကြောင့် လူတွေက ဘဲတွေကို အသုံးပြုကြပါတယ်။ ဒီနေ့ခေတ်မှာတော့ ပိုးသတ်ဆေးတွေ အများပြားပေါ်လာပြီး လူတွေကိုပါ အန္တရာယ်ဖြစ်စေတာကြောင့် ဘဲတွေအသုံးပြုတဲ့နေရာမှာ စက်ရုပ်တွေကို အစားထိုးလာပါတယ်။

ဂျပန်နိုင်ငံက နာမည်ကြီး  car company ဖြစ်တဲ့ Nissan မှာ လုပ်တဲ့ အင်ဂျင်နီယာတစ်ယောက်က ဘဲစက်ရုပ်ကို ထွတီထွင်လိုက်ပါတယ်။ ဒီဘဲစက်ရုပ်ကို Aigamo လို့လည်း အမည်ပေးထားပါတယ်။ Aigamo ဘဲစက်ရုပ်လေးကို wifi, GPS, မော်တာနှစ်လုံး, battery နဲ့ ဘဲခြေထောက်ပုံစံ ဒလက်တွေနဲ့ ဖွဲ့စည်းထားပါတယ်။ ဒီစက်ရုပ်လေးက ရေလွှမ်းနေတဲ့ စပါးခင်းမှာ သွားလာနိုင်ပြီး စပါးပင်မှာ ကပ်နေတဲ့ပိုးတွေကို သုတ်သင်ပေးပါတယ်။ အရွယ်အစားအားဖြင့် အိမ်မှာ သုံးတဲ့ ဖုန်စုပ်စက် အရွယ်အစားလောက်သာ ရှိပါတယ်။ အဓိကက Aigamo စက်ရုပ်လေးတွေက လယ်ကွင်းထဲမှာ သွားလာနေရုံနဲ့ စပါးပိုးတွေက အလွယ်တကူ အပင်ကို အမြစ်တွယ်ဖို့ ခဲယဉ်းသွားပါတယ်။ Aigamo ဘဲစက်ရုပ်တွေကို သုံးခြင်းအားဖြင့် ပိုးသတ်ဆေးတွေကို အများကြီး သုံးစရာမလိုပဲ လူတွေအတွက် ကျန်းမာရေးနဲ့လည်း ညီညွတ်စေပါတယ်။ Aigamo စက်ရုပ်လေးတွေက ကိုယ်တိုင်လုပ်ယူလို့ရပြီး ကုန်ကျစရိတ်လည်း အများကြီးမကုန်ကျတာကြောင့် အနာဂတ်မှာ လယ်သမားတိုင်း အသုံးပြုရန် ရည်ရွယ်ချက်နဲ့ စပြီးတီထွင်ခဲ့တယ်လို့ Aigamo စက်ရုပ်တီထွင်ခဲ့တဲ့ အင်ဂျင်နီယာက ပြောကြားခဲ့ပါတယ်။ လောလောဆယ်မှာတော့ Aigamo စက်ရုပ်တွေကို Nissan ကမရောင်းပဲ လယ်သမားတွေကို အကျိုးမြတ်မယူပဲ သက်သက် ကူညီလျက် ရှိပါတယ်။

Leave a comment

Your email address will not be published. Required fields are marked *