၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလ မှာ ပြသမယ့် Nokia ရဲ့ အမိုက်စား စမတ်ဖုန်း အသစ်

တစ်ချိန်က မိုဘိုင်းလ်ဖုန်းလောကရဲ့ ဘုရင်တစ်ဆူ ဖြစ်ခဲ့တဲ့ Nokia ဟာ လာမယ့် ၂၀၁ရခုနှစ် ဖေဖော်ဝါရီ မှာ စမတ်ဖုန်းအသစ်တစ်မျိုးကို မိတ်ဆက် ပြသသွားမှာဖြစ်ပါတယ်။ ယခုအခါ Nokia ဟာ သူ့ရဲ့စမတ်ဖုန်းကို Android OS ကို အသုံးပြု ထုတ်လုပ်ရောင်းချတော့မှာ ဖြစ် ပါတယ်။ Nokia ဟာ ယခုအသစ်ထွက်ရှိမယ့် စမတ်ဖုန်းကို MWC 2017 ( Mobile World Congress) မှာ ပြသသွားမှာဖြစ်ပြီး ပွဲအပြီး မှာ တစ်ခါထဲ စျေးကွက်ကို တင်ရောင်းဖို့ အဆင်သင့်ဖြစ်နေပြီ ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

ယခု အသစ်ထွက်ရှိမယ့် Nokia ရဲ့ စမတ်ဖုန်းအသစ်ရဲ့ ဒီဇိုင်းဟာ အခြားဖုန်းဒီဇိုင်းများနှင့်မတူ ခွဲထွက်နေပြီး မိုဘိုင်းလ်စျေးကွက်ကို ပြန် လည်ဦးမော့ လာဖို့ မျှော်လင့်ချက်များစွာရှိနေပါတယ်။ Android version 7 ဖြစ်တဲ့ Nougat ဖြင့် ထောက်ပံ့ထားပြီး မျက်နှာပြင် ၅.၅ လက်မ နဲ့ ၅.၂ လက်မ အရွယ်အစား ၂မျိုး ထုတ်လုပ်ရောင်းချမှာဖြစ်ပါတယ်။  1.4GHz အမြန်နှုန်းရှိသော Qualcomm Snapdragon 430 CPU Processor, RAM 3 GB, အချက်အလက် သိမ်းဆည်းရန်အတွက် 16GB သို့မဟုတ် 32GB ၊ 16  Mega-Pixel အရည်အသွေး ရှိတဲ့ ကင်မရာ တို့ဖြင့် ထုတ်လုပ်မှာဖြစ်ပါတယ်။ ဒါ့အပြင် IP68 Water and Dust Resistance ဖြစ်တဲ့အတွက် ရေစို ဒဏ်နဲ့ ဖုန်ဒဏ် တို့ကို ခံနိုင်ရည်ရှိမှာဖြစ်ပါတယ်။ ဒါကြောင့် မိုးရေထဲမှာလဲ ဖုန်းပြောနိုင်ပါသေးတယ်။ အောက်ပါပုံကတော့ သတင်း ပေါက်ကြားမှုများအရ Nokia ရဲ့ အသစ်ထွက်ရှိမယ့် စမတ်ဖုန်းပုံတွေ ဘဲ ဖြစ်ပါတယ်။

nokia

Leave a comment

Your email address will not be published. Required fields are marked *