စီးပွားရေးပိတ်ဆို့မှုကိစ္စနဲ့ ပတ်သတ်၍ ဆုံးဖြတ်ချက်များကို နှစ်ကြိမ်တိုင်တိုင် စဉ်းစားဖို့ စာပို့လိုက်တဲ့ မြောက်ကိုးရီးယား

မြောက်ကိုးရီးယားနိုင်ငံမှ အမေရိကန်ညီလာခံအတွင်းသို့ စီးပွားရေးပိတ်ဆို့မှုကိစ္စနှင့်ပတ်သတ်၍ စာတစ်စောင် ပို့လိုက်တယ်လို့ သိရှိရပါတယ်။ အမေရိကန်မှ မြောက်ကိုးရီးယားကို စီးပွားရေးပိတ်ဆို့မှုနှင့်ပတ်သတ်၍ လုပ်ဆောင်ချက်များ၊ ဆုံးဖြတ်ချက်များကို နှစ်ကြိမ်တိုင်တိုင် စဉ်းစားစေလိုကြောင်း ရေးသားလိုက်တာဖြစ်ပါတယ်။

စာသား၏ အဓိပ္ပာယ်မှာ ခြိမ်းခြောက်သော အသွင်ပါရှိပြီး အမေရိကန်မှ လုပ်ဆောင်ချက်များကို ဆုံးဖြတ်ချက်မချမှီ နှစ်ကြိမ်လောက်တော့ စဉ်းစားသင့်တယ် ဟူသော စာသားမှာ ရန်လိုခြင်းအသွင်ကို ဖော်ဆောင်နေတာ ဖြစ်ပါတယ်။ အမေရိကန်နိုင်ငံဟာ မြောက်ကိုးရီးယားရဲ့ နူကလီးယားလက်နက် စမ်းသပ်မှုနဲ့ပတ်သတ်ပြီး နှစ်နိုင်ငံဆက်ဆံရေးဟာ တင်းမာလျက်ရှိပါတယ်။ ဒါ့အပြင် မြောက်ကိုးရီးယားရဲ့ လက်နက်စမ်းသပ်မှုအတွက် လိုအပ်သော ငွေကြေးအင်အားကို ဖြတ်တောက်ရန်အတွက် မဟာမိတ်နိုင်ငံများနှင့်ပူးပေါင်း၍ စီးပွားရေးပိတ်ဆို့မှုပြုလုပ်ရန် စီစဉ်ခဲ့သည်။

လက်ရှိတွင် တရုတ်နိုင်ငံမှ မြောက်ကိုးရီးယားနှင့် ချုပ်ဆိုထားသော ကျောက်မီးသွေးရောင်းဝယ်ရေးစာချုပ်ကို ဖောက်ဖျက်ခဲ့သည်။ ထို့ကြောင့် မြောက်ကိုးရီးယား၏ အဓိက ဝင်ငွေဖြစ်သော ကျောက်မီးသွေးလုပ်ငန်းမှ ဝင်ငွေရပ်ဆိုင်းသွားကာ စစ်ရေးအတွက် လိုငွေများ ရှိလာနိုင်ပြီ ဖြစ်သည်။ မြောက်ကိုးရီးယားအနေနှင့် အမေရိကန်၏ လုပ်ရပ်များကြောင့် ဝင်ငွေနည်းပါးမှုဖြစ်လာကာ စစ်ရေးအရ ပြန်လည်တုံ့ပြန်ရန်စမည်လား၊ သို့မဟုတ် အခြားသော မည်သည့်နည်းလမ်းအသုံးပြုမလဲ ဆိုတာ စောင့်ကြည့်ရအုံးမှာ ဖြစ်ပါတယ်။ လက်ရှိမှာတော့ ပို့လိုက်တဲ့စာမှာတော့ စစ်ငွေ့စစ်ရိပ်တွေ သန်းလျက်ရှိနေပါတော့တယ်။

Zawgyi Font : စီးပြားေရးပိတ္ဆို႔မႈကိစၥနဲ႔ ပတ္သတ္၍ ဆုံးျဖတ္ခ်က္မ်ားကို ႏွစ္ႀကိမ္တိုင္တိုင္ စဥ္းစားဖို႔ စာပို႔လိုက္တဲ့ ေျမာက္ကိုးရီးယား

ေျမာက္ကိုးရီးယားႏုိင္ငံမွ အေမရိကန္ညီလာခံအတြင္းသို႕ စီးပြားေရးပိတ္ဆို႕မႈကိစၥႏွင့္ပတ္သတ္၍ စာတစ္ေစာင္ ပို႕လိုက္တယ္လို႕ သိရွိရပါတယ္။ အေမရိကန္မွ ေျမာက္ကိုးရီးယားကို စီးပြားေရးပိတ္ဆို႕မႈႏွင့္ပတ္သတ္၍ လုပ္ေဆာင္ခ်က္မ်ား၊ ဆံုးျဖတ္ခ်က္မ်ားကို ႏွစ္ၾကိမ္တိုင္တိုင္ စဥ္းစားေစလိုေၾကာင္း ေရးသားလိုက္တာျဖစ္ပါတယ္။

စာသား၏ အဓိပၸာယ္မွာ ျခိမ္းေျခာက္ေသာ အသြင္ပါရွိျပီး အေမရိကန္မွ လုပ္ေဆာင္ခ်က္မ်ားကို ဆံုးျဖတ္ခ်က္မခ်မွီ ႏွစ္ၾကိမ္ေလာက္ေတာ့ စဥ္းစားသင့္တယ္ ဟူေသာ စာသားမွာ ရန္လိုျခင္းအသြင္ကို ေဖာ္ေဆာင္ေနတာ ျဖစ္ပါတယ္။ အေမရိကန္ႏုိင္ငံဟာ ေျမာက္ကိုးရီးယားရဲ႕ ႏူကလီးယားလက္နက္ စမ္းသပ္မႈနဲ႕ပတ္သတ္ျပီး ႏွစ္ႏုိင္ငံဆက္ဆံေရးဟာ တင္းမာလ်က္ရွိပါတယ္။ ဒါ့အျပင္ ေျမာက္ကိုးရီးယားရဲ႕ လက္နက္စမ္းသပ္မႈအတြက္ လိုအပ္ေသာ ေငြေၾကးအင္အားကို ျဖတ္ေတာက္ရန္အတြက္ မဟာမိတ္ႏုိင္ငံမ်ားႏွင့္ပူးေပါင္း၍ စီးပြားေရးပိတ္ဆို႕မႈျပဳလုပ္ရန္ စီစဥ္ခဲ့သည္။

လက္ရွိတြင္ တရုတ္ႏုိင္ငံမွ ေျမာက္ကိုးရီးယားႏွင့္ ခ်ဳပ္ဆိုထားေသာ ေက်ာက္မီးေသြးေရာင္း၀ယ္ေရးစာခ်ဳပ္ကို ေဖာက္ဖ်က္ခဲ့သည္။ ထုိ႕ေၾကာင့္ ေျမာက္ကိုးရီးယား၏ အဓိက ၀င္ေငြျဖစ္ေသာ ေက်ာက္မီးေသြးလုပ္ငန္းမွ ၀င္ေငြရပ္ဆိုင္းသြားကာ စစ္ေရးအတြက္ လိုေငြမ်ား ရွိလာႏုိင္ျပီ ျဖစ္သည္။ ေျမာက္ကိုးရီးယားအေနႏွင့္ အေမရိကန္၏ လုပ္ရပ္မ်ားေၾကာင့္ ၀င္ေငြနည္းပါးမႈျဖစ္လာကာ စစ္ေရးအရ ျပန္လည္တံု႕ျပန္ရန္စမည္လား၊ သို႕မဟုတ္ အျခားေသာ မည္သည့္နည္းလမး္အသံုးျပဳမလဲ ဆိုတာ ေစာင့္ၾကည့္ရအံုးမွာ ျဖစ္ပါတယ္။ လက္ရွိမွာေတာ့ ပို႕လုိက္တဲ့စာမွာေတာ့ စစ္ေငြ႕စစ္ရိပ္ေတြ သန္းလ်က္ရွိေနပါေတာ့တယ္။

Leave a comment

Your email address will not be published.