Norway က Halden ထောင် (သို့) ကမ္ဘာပေါ်က အကောင်းဆုံးထောင်။

နော်ဝေးနိုင်ငံက အခြားနိုင်ငံတွေနဲ့မတူပဲ စီးပွားရေးနဲ့ ပညာရေးတွေမှာ အရမ်းသာလွန်ထူးခြားတာ​တွေ့ရမှာပါ။ ဥပမာ ကမ္ဘာက နိုင်ငံတော်တော်များများမှာ အင်ဂျင်ကားတွေကို စီးနေကြပေမယ့် နော်ဝေးနိုင်ငံမှာတော့ လျှပ်စစ်ကားတွေကို နေရာအနှံ့ တွေ့မှာ ဖြစ်ပါတယ်။ အစိုးရကိုယ်တိုင် လျှပ်စစ်ကားတွေကို စီးလာအောင်် ပြည်သူတွေကို ထောက်ပံ့ပေးပါတယ်။ လျှပ်စစ်ကားတွေ များစွာအသုံးပြုခြင်းဖြင့် ကမ္ဘာ့လေထု ညစ်ညမ်းမှုကို များစွာလျှော့ချပေးပါတယ်။ အခုဆိုကားတွေသာမက နိုင်ငံတစ်နိုင်ငံရဲ့ ထောင်ကလည်း ထောင်နဲ့တောင်မတူပဲဲ ဟိုတယ်အကောင်းစားတစ်ခုပုံစံ (သို့) အပန်းဖြေနေရာနဲ့တူနေပါတယ်။ ဒီလို ထောင်ကို နေချင်စဖွယ်ဖြစ်အောင် လုပ်ထားတဲ့ အကြောင်းရင်းနောက်ကွယ်ကို ဆက်လေ့လာကြည့်ရအောင်။

ထောင်သားတွေကို ထောင်ကျနေတယ်လို့မခံစားရစေအောင်နဲ့ လွတ်လပ်တဲဲ့ အရသာကို ပေးခံစားလို့ရအောင် ထောင်ရဲ့ဒီဇိုင်းကို တည်ဆောက်ထားတာဖြစ်ပါတယ်။ နိုင်ငံတကာမှာရှိတဲ့ ထောင်တော်တော်များများက ပုံစံသုံးမျိုးနဲ့ ဆောက်ကြပါတယ်။

 

နော်ဝေးနိုင်ငံကတော့ ဒီပုံစံသုံးမျိုးကို တစ်ခုတည်းဖြစ်အောင် ပေါင်းပြီးတစ်နေရာတည်းမှာ ဆောက်ထားပါတယ်။ ထောင်နံရံတော်တော်များမျာမှာ မှန်တွေကို အသုံးပြုထားပြီးထောင်သားတွေ အပြင်ကို အလွယ်တကူမြင်နိုင်စေတဲ့ ရည်ရွယ်ချက်​နဲ့ ဆောက်ထားတာဖြစ်ပါတယ်။ Outdoor facility တွေဖြစ်တဲ့ အားကစားပစ္စည်းတွေကို အလွယ်တကူအသုံးပြုနိုင်အောင် အလယ်မှာ basketball ကစားကွင်းကို ထားထားပြီး အခြားအားကစားပစ္စည်းတွေကိုုုုပါ  ထားထားပေးပါတယ်။ ​ဘေးပတ်လည်မှာ အပင်တွေပါစိုက်ထားတာကြောင့် စိတ်ကိုညိမ်သက်စေပါတယ်။

လုံခြုံရေးအပိုင်းကိုလည်း အခြားထောင်တွေနဲ့ မတူတဲ့ပုံစံနဲ့ ဖွဲ့စည်းထားပါတယ်။ အကျဉ်းဦးစီးရဲအရာရှိတွေနေတဲ့ နေရာကို သီးသန့်မထားပဲ ထောင်သားတွေအခန်းနဲ့ အနီးဆုံးနေရာမှာ ဆောက်ထားပါတယ်။ ဒီလိုလုပ်ခြင်းဖြင့် ထောင်သားတွေရဲ့ လှုပ်ရှားမှုအားလုံးကိုမြင်ရပြီး ထောင်သားတွေနဲ့ ရင်းနှီးမှုအများဆုံးရအောင် လုပ်ထားတာဖြစ်ပါတယ်။ ထောင်အတွင်းမှာ ထောင်သားတွေက စိတ်တွေညိမ်သက်ကြပြီး သောင်းကြမ်းရမ်းကားမှုတော်တော် နည်းပါးပါတယ်။ အဓိက အကြောင်းရင်းကတော့ ပတ်ဝန်းကျင်ကို တိတ်ဆိတ်ညိမ်သက်အောင်ထားထားပြီး ဆောက်ထားတဲ့ ဒီဇိုင်းကြောင့်ဖြစ်ပါတယ်။ နော်ဝေးက ထောင်တွေတည်ဆောက်တဲ့ စရိတ်က ကုန်ကျစရိတ်လည်း သက်သာပြီး အကြမ်းဖက်မှုလည်း အင်မတန်နည်းပါးပါတယ်။

ထောင်ကျတဲ့လူတွေက ထောင်ကျနေတယ်လို့မခံစားရပဲ စိတ်ဓါတ်ပြုပြင်ရေး စခန်းတစ်ခုမှာ အသားကျအောင် လာနေထိုင်တယ်လို့ပဲ ခံစားရအောင် ဆောက်ထားတဲ့ နော်ဝေးထောင်ကတော့ အံ့မခန်းပါပဲ။

Leave a comment

Your email address will not be published. Required fields are marked *