Instagram ကပြောင်းလဲပေးလိုက်တဲ့ archive feature လုပ်ဆောင်ချက်ကို သင်သိပြီးပြီလား

လွန်ခဲ့တဲ့ ရက်အနည်းငယ်လောက်က Instagram မှ update ပေးလိုက်တဲ့ version 10.21 မှာ archive ဆိုတဲ့ လုပ်ဆောင်ချက်ကလေးတစ်ခု ပြောင်းလဲပေးလိုက်တာကို သင်သတိထားမိပါသလား။ အရင်ကမကြိုက်တဲ့ post တွေကိုဖျက်ချင်ရင် delete နဲ့ဖျက်လိုက်ရပါတယ်။ အဲ့ဒီလို delete နဲ့ဖျက်လိုက်ခြင်းက လုံးဝအစရှာလိုမရအောင် အပြီးပိုင်ဖျက်လိုက်သလိုဖြစ်နေပါတယ်။

အဲဒါကြောင့် delete နေရာမှာ archive ဆိုဒါလေးနဲ့ အစားထိုးပေးလိုက်ပါတယ်။ archive feature ကို မိမိတင်လိုက်တဲ့ post ရဲ့ လက်ယာဘက်အပေါ်ထောင့်မှာ အစက်သုံးစက်ကလေးကို နှိမ့်လိုက်တာနဲ့ ကျလာမဲ့ box ရဲ့ ထိပ်ဆုံးမှာ တွေ့ရမှာဖြစ်ပါတယ်။ဒီ feature လေးရဲ့ လုပ်ဆောင်ချက်ကတော့ မိမိဖျက်စေလိုတဲ့ post ကို ဒါမှမဟုတ် လူထုကိုမတွေ့စေချင်တဲ့ post ကို ဖယ်ရှားပေးဖို့ပဲဖြစ်ပါတယ်။

instagram-archive

ဒါပေမဲ့ သူကလုံးဝပျောက်ကွယ်သွားဒါမျိုးမဟုတ်ပါဘူး။ သိမ်းထားပေးတဲ့သဘောပါ။ ဖျက်တော့ဖျက်လိုက်တယ် ပြန်လိုချင်ရင် ပြန်ရှာလို့ ရအောင် user တစ်ယောက်ထဲကသာကြည့်နိုင်တဲ့ Private folder ထဲမှာသိမ်းထားပေးမှာ ဖြစ်ပါတယ်။ အဲဒီ folder က မိမိ profile ရဲ့ လက်ယာဘက်အပေါ်ထောင့်မှာ ရှိတဲ့ နာရီပုံကလေးကို နှိမ့်လိုက်ရင် တွေ့ရမှာဖြစ်ပါတယ်။

ဒီတော့ ပုံတွေကို ကိုယ့်ရဲ့ wall ထဲမှာ မတွေ့စေချင်ဘူး၊ ဖျက်ပြီးရင်လည်း အချိန်မရွေးပြန်ရှာကြည့်ချင်တယ်ဆိုရင်တော့ Archive လုပ်ဆောင်ချက်ကို အသုံးပြုလိုက်ရုံသာ ဖြစ်ပါတယ်။

Zawgyi Font : Instagram ကေျပာင္းလဲေပးလိုက္တဲ့ archive feature လုပ္ေဆာင္ခ်က္ကို သင္သိျပီးျပီလား

လြန္ခဲ့တဲ့ ရက္အနည္းငယ္ေလာက္က Instagram မွ update ေပးလိုက္တဲ့ version 10.21 မွာ archive ဆိုတဲ့ လုပ္ေဆာင္ခ်က္ကေလးတစ္ခု ေျပာင္းလဲေပးလိုက္တာကို သင္သတိထားမိပါသလား။ အရင္ကမၾကိဳက္တဲ့ post ေတြကိုဖ်က္ခ်င္ရင္ delete နဲ႔ဖ်က္လိုက္ရပါတယ္။ အဲ့ဒီလို delete နဲ႔ဖ်က္လိုက္ျခင္းက လံုး၀အစရွာလိုမရေအာင္ အျပီးပိုင္ဖ်က္လိုက္သလိုျဖစ္ေနပါတယ္။

အဲဒါေၾကာင့္ delete ေနရာမွာ archive ဆိုဒါေလးနဲ႔ အစားထိုးေပးလိုက္ပါတယ္။ archive feature ကို မိမိတင္လိုက္တဲ့ post ရဲ႔ လက္ယာဘက္အေပၚေထာင့္မွာ အစက္သံုးစက္ကေလးကို ႏွိမ့္လိုက္တာနဲ့ က်လာမဲ့ box ရဲ႕ ထိပ္ဆံုးမွာ ေတြ႔ရမွာျဖစ္ပါတယ္။ဒီ feature ေလးရဲ႔ လုပ္ေဆာင္ခ်က္ကေတာ့ မိမိဖ်က္ေစလိုတဲ့ post ကို ဒါမွမဟုတ္ လူထုကိုမေတြ႔ေစခ်င္တဲ့ post ကို ဖယ္ရွားေပးဖို႔ပဲျဖစ္ပါတယ္။

ဒါေပမဲ့ သူကလံုး၀ေပ်ာက္ကြယ္သြားဒါမ်ိဳးမဟုတ္ပါဘူး။ သိမ္းထားေပးတဲ့သေဘာပါ။ ဖ်က္ေတာ့ဖ်က္လိုက္တယ္ ျပန္လိုခ်င္ရင္ ျပန္ရွာလို႔ ရေအာင္ user တစ္ေယာက္ထဲကသာၾကည့္ႏိုင္တဲ့ Private folder ထဲမွာသိမ္းထားေပးမွာ ျဖစ္ပါတယ္။ အဲဒီ folder က မိမိ profile ရဲ႔ လက္ယာဘက္အေပၚေထာင့္မွာ ရွိတ့ဲ နာရီပံုကေလးကို ႏွိမ့္လိုက္ရင္ ေတြ႕ရမွာျဖစ္ပါတယ္။

ဒီေတာ့ ပံုေတြကို ကိုယ့္ရဲ႕ wall ထဲမွာ မေတြ႕ေစခ်င္ဘူး၊ ဖ်က္ျပီးရင္လည္း အခ်ိန္မေရြးျပန္ရွာၾကည့္ခ်င္တယ္ဆိုရင္ေတာ့ Archive လုပ္ေဆာင္ခ်က္ကို အသံုးျပဳလိုက္ရံုသာ ျဖစ္ပါတယ္။

 

Leave a comment

Your email address will not be published. Required fields are marked *