O.K ဆိုတဲ့စကားက ဘယ်လိုစတင်ပေါ်ပေါက်လာခဲ့လဲ။

O.K ဆိုတဲ့စကားကို ဒီနေ့မှာ တစ်ကမ္ဘာလုံး အသုံးပြုကြပါတယ်။ သင်ဘယ်ဘာသာစကား​ပြောပြော O.K ဆိုတာကို လူတိုင်းသိကြပါတယ်။ ဒါ့အပြင် အိမ်သုံး smart electronic assistant တွေမှာလည်း O.K ဆိုတဲ့ စကားကို ပြောကြပါတယ်။ ဒါပေမယ့် မူလအရင်းအမြစ် ဘယ်လိုဖြစ်ပေါ်လာလဲဆိုတာတော့ သိတဲ့လူနည်းပါတယ်။ OK ရဲ့ ဆိုလိုရင်း အဓိပ္ပါယ်ကတော့ All correct/ All right ဖြစ်ပါတယ်။

၁၈၃၀ ခုနှစ်မှာ Boston မြို့မှ ပညာတတ်ပုဂ္ဂိုလ်တွေက စကားလုံးတွေကို အတိုခေါက်နဲ့အစမ်းခေါ်ကြပါတယ်။ တစ်ချို့က ပြောင်ပြီး နောက်ပြီး ပြောကြတာမျိုးရှိပါတယ်။ ဥပမာ All right ကို OW လို့အတိုခေါက်စကားလုံးအနေနဲ့ သုံးနှုန်းကြပါတယ်။ OW ကတော့ Oll Wright ဖြစ်ပါတယ်။ အတိုခေါက် တစ်ယောက်နဲ့ တစ်ယောက်စကားပြောတဲ့နေရာမှာ သုံးကြတဲ့ အသုံးအနှုန်းတွေဖြစ်ပါတယ်။ စာလုံးပေါင်းတွေက မှားနေပေမယ့် လျှို့ဝှက်စကားပုံစံမျိုးတွေ ဖြစ်ပါတယ်။ ဒီလိုနဲ့ Oll Korrect (O.K) စကားလုံးပေါ်ပေါက်လာခဲ့ပါတယ်။ အဓိပ္ပါယ်က All Correct ဖြစ်ပေမယ့် AC လို့မသုံးပဲ တမင်တကာ အတိုခေါက် O.K ဆိုပြီး စကားလုံး ထွင်လာပါတယ်။ ဒီလိုနဲ့ ၁၈၀၀ ခုနှစ်နောက်ပိုင်းမှာတော့ ရုံးစာနဲ့ သတင်းစာတွေမှာပါ O.K ကို စတင်သုံးစွဲလာကြပါတယ်။

အမေရိကန်ရဲ့ ၈ဆက်မြောက် သမ္မတကလည်း O.K ဆိုတဲ့စကားလုံးကို သူ့ရဲ့ ရွေးကောက်ပွဲမှာ nickname အနေနဲ့ စတင်အသုံးပြုလာကြပါတယ်။ သူ့ရဲ့ နာမည်အတိုခေါက်ကလည်း Old Kinderhook ဖြစ်တာကြောင့် OK စကားလုံးနဲ့ လိုက်ဖက်ညီနေပြီး OK နာမည်နဲ့ ​ရွေးကောက်ပွဲမှာ မဲဆွယ်ခဲ့ပါတယ်။ ကံဆိုးစွာနဲ့ပဲ သမ္မတ ရွေးကောက်ပွဲရဲ့ nickname (O.K) က သမ္မတဖြစ်ဖို့ ကံမပါလာတာကြောင့် ရွေးကောက်ပွဲမှာ ရှုံးသွားပါတယ်။ ဒါပေမယ့် O.K ဆိုတဲ့စကားလုံးက အမေရိကန်တွေကြားမှာ ဗန်းစကားဖြစ်လာပြီး လူအများကြားမှာ နာမည်ကြီးလာခဲ့ပါတယ်။ ဒီလိုနဲ့ နစ်အနည်းငယ်ကြာလာတဲ့အခါ ကြေးနန်းဆက်သွယ်ရေးတွေ ထွန်းကားလာခဲ့ပါတယ်။ ဒီအချိန်မှာ စာတွေအတိုခေါက်ပို့တဲ့အခါမှာ O.K ကို ရိုက်ရတာက လွယ်ကူတာကြောင့် O.K စကားလုံးက တော်တော်လေးအသုံးဝင်လာပြီး ကြေးနန်းဆက်သွယ်ရေးတွေမှာပါ အသုံးပြုလာကြပါတယ်။

ဒီလိုနဲ့ စီးပွားရေးနယ်ပယ်တွေမှာပါ O.K ဆိုတဲ့စကားလုံးကို သုံးလာကြပါတယ်။ ဥပမာ အားလုံးအဆင်ပြေလား​ ၊ သဘောတူလား၊ စသဖြင့်မေးလိုက်တဲ့အခါ တစ်ဖက်က OK ပြောလိုက်ရင် အားလုံးအဆင်ပြေသွားပြီလို့ အဓိပ္ပါယ်ရပါတယ်။ စကားအများကြီးကို ပြောစရာမလိုပဲ O.K စကားလုံးနှစ်လုံးနဲ့တင် အကျဉ်းချုပ်လို့ရပါတယ်။ အခုဒီနေ့ခေတ်မှာတော့ O.K ဆိုတဲ့စကားကို အာကာသမှုးတွေနဲ့ ​စကားချိတ်ဆက်ပြောရင်တောင် O.K ဆိုတဲ့စကားလုံးကို သုံးနှုန်းကြပါတယ်။ ၁၈၃၀ ခုနှစ်လောက်က ​အတိုခေါက်လောက်နဲ့ စနောက်ပြီးပြောခဲ့ကြတဲ့ စကားလုံး O.K က အခုချိန်မှာ တော်တော်လေးကို O.K နေတုန်းပါပဲ။

Leave a comment

Your email address will not be published.