OnePlus 5T ကို အလဲထိုးတော့မယ့် Honor မှ Honor View 10 ကိုမိတ်ဆက်

Huawei ရဲ့ flagship ဖုန်းတွေကို ဈေးသက်သာတဲ့ ဖုန်းတစ်မျိုးအနေဖြင့် ထုတ်ပေးနေတဲ့ Honor brand ဟာ ကမ္ဘာ့ ပထမဦးဆုံး AI processor ကိုအသုံးပြုထားတဲ့ Honor View 10 ကို မိတ်ဆက်ပေးလိုက်တာဖြစ်ပါတယ်။

Honor View 10 ကို ၂၀၁၈ ဇန်နဝါရီလ ၈ရက်နေ့မှစပြီး ဝယ်ယူနိုင်မှာဖြစ်ပြီး ဈေးနှုန်းအနေနဲ့ကတော့ ယူရို ၅၀၀ (မြန်မာငွေ – ၈သိန်းကျပ်) လောက် ကျသင့်မှာဖြစ်ပါတယ်။ ၎င်းဈေးနှုန်းဟာ OnePlus 5T ရဲ့ ဈေးနှုန်းနဲ့ တူတူလောက်သွားပါတယ်။

အရောင်အနေဖြင့် Navy Blue နဲ့ Midnight Black ဆိုပြီး ထွက်လာမှာဖြစ်တယ်လို့ သိရပါတယ်။ ဘေးဘောင် အထူကတော့6.97mm ဖြစ်တဲ့အတွက်အရမ်းကိုပါးပြီး 18 : 9 အချိုးနဲ့ မျက်နှာပြင် ၆လက်မ အကျယ်ပါဝင်တဲ့ ဖုန်းဖြစ်ပါတယ်။ Display ကို IPS နည်းပညာ အသုံးပြုထားပြီး 403ppi နဲ့ 2160×1080 resolution ပါရှိမှာဖြစ်ပါတယ်။

ကင်မရာ အနေနဲ့ ကတော့16+20MP sensors နဲ့ f/1.8 lens တွေကိုအသုံးပြုထားပြီး secondary sensor ကတော့ monochrome ဖြစ်ပါတယ်။ အနောက်ကင်မရာက Dual ဖြစ်ပြီး 4K အထိရိုက်လို့ ရမှာဖြစ်ပါတယ်။ အရှေ့ကင်မရာကတော့ 1080p အထိရိုက်လို့ရမှာဖြစ်ပါတယ်။ selfie camera ကိုတော့ 13MP အသုံးပြုထားပါတယ်။

စွမ်းရည်မြင့်  Kirin970 processor ကို အသုံးပြုထားပြီး RAM ကတော့ 6GB ပါဝင်မှာပါ။ တရုတ်မှာကတော့ 4GB RAM version ပါထွက်မယ်လို့သိရပါတယ်။ Internal storage က 128GB ဖြစ်ပြီး MicroSD 258GB အထိ ထပ်စိုက်လို့ရပါတယ်။

Battery ကတော့ 3750mAh ပါဝင်မှာဖြစ်ပြီး Honor SuperCharge ကို ထောက်ပံ့ပေးထားလို့ 0%မှအားသွင်းလျှင် မိနစ် ၃၀အတွင်းမှာ 50% အထိရရှိမှာဖြစ်ပါတယ်။

Leave a comment

Your email address will not be published. Required fields are marked *