PayPal အသုံးပြုသူများ၏ အချက်အလက်များအား ခိုးယူရန် Phishing Scam များစွာကြုံတွေ့နေရ

လွန်ခဲ့တဲ့ လတွေတုန်းက Gmail ကို ခိုးယူဖို့ကြိုးစားတဲ့ Phishing scam များစွာပေါ်ထွက်လာပြီးနောက် ယခုဆိုရင် PayPal အကောင့်များကို ဟက်ယူရန် phishing scam တွေ ပေါ်ထွက်နေပါတယ်။ ဟက်ကာများမှ PayPal နှင့်ပုံစံတူ ဝက်ဘ်ဆိုဒ်အတု တစ်ခုပြုလုပ်ပြီး PayPal အကောင့်များကို ကြားဖြတ်ဝင်ရောက်ခိုးယူခဲ့ပါတယ်။ PayPal အသုံးပြုသူ များရဲ့ အီးမေးလ်ထဲကို မေးလ်များပို့လွှတ်ပြီး PayPal အကောင့်မှာ အကြောင်းတစ်စုံတစ်ရာကြောင့် ကန့်သတ်ချက်တွေ ရှိနေတာကြောင့် ယခုမေးလ်ထဲမှာပါတဲ့ လင့်ကနေ ဝင်ရောက်ဖြေရှင်းပေးဖို့ ဆိုပြီး ပို့လိုက်တာ ဖြစ်ပါတယ်။ ဝင်လိုက်တဲ့ အခါမှာ ကိုယ့်ရဲ့ နာမည်တွေ၊ လျှို့ဝှက်ကုဒ်တွေ၊ လိပ်စာတွေက အစ Social Security Number ( SSN) အထိ တောင်းပါတယ်။ အသုံးပြုသူများက အချက်အလက်တွေထည့်လိုက်တဲ့အခါ ဟက်ကာများမှ အချက်အလက်အားလုံးကို ရရှိသွားပြီ ဖြစ်ပါတယ်။

ယင်းကိစ္စနဲ့ပတ်သတ်ပြီး PayPal က ထိုအီးမေးလ်များကို ပို့လွှတ်ခြင်းမရှိကြောင်းနှင့် အသုံးပြုသည့်အခါ PayPal official mobile app ကို အသုံးပြုရန် ထုတ်ပြန်လိုက်သည်။

Leave a comment

Your email address will not be published. Required fields are marked *