အွန်လိုင်းငွေချေစနစ်ဖြစ်တဲ့ PayPal ကို အသံဖြင့် ငွေလွှဲနိုင်ပြီ

အွန်လိုင်းငွေပေးချေမှုဝန်ဆောင်မှုစနစ်ဖြင့်တဲ့ PayPal ကို အသုံးပြုသူများအနေဖြင့် ၎င်းတို့ရဲ့ အသံကိုအသုံးပြုပြီး ငွေလွှဲချေနိုင်ပြီ ဖြစ်ပါ တယ်။ Apple ရဲ့ Siri နဲ့ပေါင်းစပ်ပြီး ဒီလိုမျိုး အသံနဲ့ငွေလွှဲချေနိုင်တဲ့စနစ်ကို ပူးပေါင်းတီထွင်လိုက်ခြင်းဖြစ်ပါတယ်။ PayPal ကို အသုံးပြု နိုင်တဲ့ နိုင်ငံပေါင်း ၃၀ ကျော်မှာ မတူညီတဲ့ ဘာသာစကားတွေနဲ့ အသုံးပြုနိုင်ပြီဖြစ်ပါတယ်။

paypal transfer

ဒါကြောင့် iPhone သုံးစွဲသူများသာ လက်ရှိအသုံးပြုနိုင်မှာဖြစ်ပြီး iOS version 10 ရှိဖို့တော့လိုပါမယ်။ iPhone ရဲ့ Siri ကိုအသုံးပြုပြီး အမည်နဲ့ လွှဲချင်တဲ့ ပမာဏကို ပြောဆိုပြီး ငွေလွှဲနိုင်ပါပြီ။ သြစတြေးလျ၊ သြစတြီးယား၊ ဘယ်လ်ဂျီယံ၊ ဘရာဇီး၊ ကနေဒါ၊ တရုတ်၊ ဒိန်းမတ်၊ ဖင်လန်၊ ပြင်သစ်၊ ဂျာမနီ၊ ဟောင်ကောင်၊ အိန္ဒိယ၊ အစ္စရေး၊ အီတလီ၊ ဂျပန်၊ မလေးရှား၊ စင်ကာပူ၊ မက္ကစီကို၊ နယ်သာလန်၊ နယူးဇီလန်၊ စပိန်၊ နော်ဝေး၊ ရုရှား၊ ဆော်ဒီအာရေဗီးယား၊ ဆွီဒင်၊ ဆွစ်ဇာလန်၊ ထိုင်း၊ ဗြိတိန်၊ အာရပ်စော်ဘွားများပြည်ထောင်စုနဲ့ အမေရိကန် နိုင်ငံ တို့မှာ အသုံးပြုနိုင်မှာဖြစ်ပါတယ်။

Leave a comment

Your email address will not be published. Required fields are marked *