Sony PS4 Pro ဂိမ်းစက်တွင် ဂိမ်းအဟောင်းများအား လျှင်မြန်ပေါ့ပါးစွာ ကစားနိုင်မည်

Sony PS4 ဟာ ဂိမ်းအမြင့်ပိုင်းတွေကို ထောက်ပံ့ပေးနိုင်သော်လည်း ယခင်က ထွက်ရှိခဲ့တဲ့ ဂိမ်းအဟောင်းတွေ ကစားရာမှာ အနည်းငယ် အခက်အခဲ ရှိခဲ့ပါတယ်။ အချို့တွေက ဂိမ်းအသစ်တွေကို အများအားဖြင့် ကစားသော်လည်း ဂိမ်းအဟောင်းတွေကို စွဲလန်းနှစ်သက်နေကြသူလည်း အများကြီးပါ။ ဒါကြောင့် Sony အနေနဲ့ ဂိမ်းအဟောင်းများ PS4 အပေါ်မှာ လျှင်မြန်ပေါ့ပါးစွာ ကစားနိုင်ဖို့ firmware update ထုတ်ပေးခဲ့ပါတယ်။ Firmware ဗားရှင်း ၄.၅ မှာ boost mode အနေနဲ့ပါရှိလာပြီး ဂိမ်းအဟောင်းတွေကို လျှင်မြန်ပေါ့ပါးစွာ ကစားနိုင်မှာ ဖြစ်ပါတယ်။ Firmware update လုပ်ပြီးတဲ့အခါ boost mode ကို On မှသာလျှင် အလုပ်လုပ်မှာ ဖြစ်ပါတယ်။ Boost mode ကို ဖွင့်လိုက်တဲ့အခါ CPU နဲ့ GPU တို့ရဲ့ Clock Speed ကို မြှင့်တင်ပေးလိုက်တာဖြစ်တာကြောင့် ဘယ်ဂိမ်းမဆို အဆင်ပြေပြေနဲ့ ပေါ့ပါးစွာ ကစားနိုင်မှာ ဖြစ်ပါတယ်။

Firmware update မှာ မည်သည့် PS4 မော်ဒယ်ဂိမ်းစက်မဆို External Hard drives ဖြင့် ဂိမ်းများ သိမ်းဆည်းကစား နိုင်ပြီး User Interface ဒီဇိုင်းအသစ်တွေနဲ့ ပြန်လည် ပြင်ဆင်ထားပါတယ်။

Leave a comment

Your email address will not be published. Required fields are marked *